တောင်သူဦးကြီးများ၏ ထောက်ခံချက်များ

ဦးတင့်လွင်

မကွေး ဆန်မကြီး ရွာ

ဦးရဲနီ

မြို့သစ်၊ ရွှေလင်ဗန်းရွာ

ကော်ပိုရိတ်လှုပ်ရှားမှုများ

နမ့်စန်မြို့၊သျှမ်းနှစ်သစ်ကူးပွဲတော်

နမ့်စန်မြို့၊သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲ ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၇) ရက် မှ (၁၁) ရက်နေ့အထိ နမ့်စန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ နှစ်သစ်ကူးဖွင့်ပွဲအခမ်းအနားသို့ သျှမ်းတိုင်းရင်းသားမိသားစုများနှင့် အတူတကွ Good Brothers’ Machineries မှလည်း ချစ်ကြည်ရင်းနှီးပျော်ရွှင်စွာတက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် ၏ နေရာဒေသနှင့် လိုက်ဖက်ညီသော စက်ပစ္စည်းများ၊ အင်ဂျင်များ၊ ဆက်စပ်ပစ္စည်းများ နှင့် GBS Chemical ၏ ဓါတ်မြေသြဇာ များကို ပြသရောင်းချခဲ့ရာ ညီနောင်တောင်သူဦးကြီးများရဲ့ စိတ်ဝင်စားမှု နှင့် တစ်ခဲနက် ဝယ်ယူအားပေးမှုတို့ကို ရရှိခဲ့ပါသည်။

AGRITECHNICA ASIA LIVE 2019

နေပြည်တော်၊ တပ်ကုန်းမြို့တွင် နိုဝင်ဘာလ (၂၉) ရက်နေ့ နှင့် (၃၀) ရက်နေ့များတွင် ကျင်းပခဲ့သည့် AGRITECHNICA ASIA LIVE အမည်ဖြင့် နောက်ဆုံးပေါ် လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများ၊ နည်းပညာများ နှင့် ကိရိယာများကို လက်တွေ့သရုပ်ပြမှုများ အပါအဝင် မြန်မာ့တောင်သူဦးကြီးများအတွက် တစ်စုတစည်းတည်းပြသခဲ့သည့် ပွဲကြီးဖြစ်ပါသည်။ AGRITECHNICA သည်ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင်လည်း ကျင်းပပြုလုပ်လျက်ရှိသော နာမည်ကျော် စိုက်ပျိုးရေးနည်းပညာပြပွဲကြီးဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် Good Brothers’ Group of Companies ၏ ပြခန်းသို့ လာရောက်လေ့လာသူတောင်သူဦးကြီးများကို GBS ၏ ကျွမ်းကျင်ဝန်ထမ်းများက စက်ပစ္စည်းနှင့် နည်းပညာများအား ရှင်းလင်းဝန်ဆောင်မှုပေးကာ စက်ပစ္စည်းများကိုရောင်းချပေးခဲ့ပြီး အသိပညာများလည်း မျှဝေပေးနိုင်ခဲ့ပါသည်။

GBS Dinner & Dance 2019 "Under the Stars"

GBS ဆိုတာ ဝယ်ယူသူများကို ရော ဝန်ထမ်းများကို ပါ တန်ဖိုးထား ဆက်ဆံတဲ့ ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၁၉၀၀ ကျော်ရဲ့ ဒုတိယ အိမ်ကြီးဖြစ်တဲ့ Good Brothers’ Group of Companies ကြီးဟာ သူ့ရဲ့ ဝန်ထမ်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့က ကြယ်တွေရဲ့ အောက်မှာ GBS Dinner & Dance 2019 ကို “Under the Stars” ဆိုတဲ့ နာမည်နဲ့ ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါတယ်။ လှည်းကူးမြို့ GBS ရုံးခွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းက GBS ဝန်ထမ်းများနဲ့ ခေါင်းဆောင်များစွာ ကိုဖိတ်ခေါ်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပရင်း iPhone ၄ လုံး၊ iPad အပါအဝင် တန်ဖိုးကြီး ဆုမဲများစွာကို ကံစမ်းမဲ ၁၄ ဆုထဲမှာ မဲဖောက်ပေးခဲ့ပါတယ်။ ပွဲအခမ်းအနားတွင် Founder ကြီး နှင့် CEO Mr.Jayရဲ့ စိတ်ဓါတ် ခွန်အား ဖြစ်ဖွယ် မိန့်ခွန်းများ၊ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမများရဲ့ သီဆိုဖျော်ဖြေမှုများ၊ ဝန်ထမ်းများအဖွဲ့လိုက် ယှဉ်ပြိုင်ခဲ့တဲ့ ဖက်ရှင်ပြိုင်ပွဲများ၊ DJ ရဲ့ ဖျော်ဖြေမှု၊ အဆိုတော် ရဲရင့်အောင် ရဲ့ ဖျော်ဖြေမှု များနှင့် ပျော်ပွဲရွှင်ပွဲကြီးကို ကြယ်ရောင်စုံရဲ့ အောက်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

China Brand Show Expo 2019

ရန်ကုန်မြို့၊ ဦးဝိစာရလမ်း ပေါ်ရှိ တပ်မတော်ခန်းမ တွင် နိုဝင်ဘာလ (၂၂) ရက်နေ့ မှ (၂၄) ရက်နေ့အထိ China Agricultural Materials, Technology, Equipment and Engineering Machinery Brand Show (Myanmar) ကို ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို တရုတ်နိုင်ငံထုတ် လယ်ယာသုံး ကိရိယာ၊ နည်းပညာ၊ စက်ပစ္စည်းများနှင့် စက်မှုပညာ ပြပွဲကြီးတွင် ကျွန်တော်တို့ Good Brothers’ Group of Companies မှ ခေတ်မီ အရည်အသွေးမြင့် လယ်ယာသုံးစက်ပစ္စည်းများစွာ၊ ဆန်စက်၊ ဆီစက်၊ အင်ဂျင်၊ မော်တာ၊ ပန့် နှင့် အခြားလယ်ယာသုံး ဆက်စပ်ပစ္စည်းများစွာကို ပါဝင်ပြသခဲ့ပြီး စိတ်ဝင်စား၍ လာရောက်ကြည့်ရှုဝယ်ယူသူ အထူးများပြားခဲ့ပါသည်။ ယခု ပြပွဲကြီးတွင် GBS မှ ပါဝင်ပြသခြင်း၏ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းများ၊ နည်းပညာများ နှင့် ကိရိယာများ ၏ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍအား တစ်ဖက်တစ်လှမ်းမှ အကျိုးပြုပုံ ကို ထင်သာစွာ သိရှိမြင်တွေ့နိုင်စေရန်ဖြစ်ပြီး Good Brothers’ Group of Companies မှ တရုတ်နိုင်ငံထုတ် အရည်အသွေးအကောင်းဆုံး လယ်ယာသုံးပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။

Mandalay International Trade Fair (2019)

မန္တလေးမြို့တော်ခန်းမတွင် နိုဝင်ဘာလ (၁၃) ရက်နေ့ မှ (၁၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Mandalay International Trade Fair ကြီးတွင် Good Brothers’ Group of Companies မှ ဆန်လုပ်ငန်းနှင့် စားသုံးဆီလုပ်ငန်းများတွင် အရည်အသွေးမြင့်ကုန်ချောများကို ထုတ်လုပ်ပေးနိုင်သည့် Chen Liang Ji ဆန်ဖြူဖွပ်စက်၊ Jinggu ဆန်စက်အသေး၊ Guangxin Five Star ဆီကြိတ်စက်၊ ဆီစစ်စက်များနှင့် GBS ဓါတ်မြေသြဇာများကို ပါဝင်ပြသရောင်းချခဲ့ပြီး Good Brothers’ Group of Companies ရဲ့ ပြခန်းသို့ စိတ်ဝင်တစား လာရောက်ဝယ်ယူကြည့်ရှုကြသူများကိုလည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

UMFCCI Centennial International Expo

စက်တင်ဘာလ ၂၀ရက် ကနေ ၂၂ရက်နေ့ အထိ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမ ပေါ်ရှိ Fortune Plaza တွင် UMFCCI ၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် အခမ်းနားဆုံး ကုန်စည်မျိုးစုံပြပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ တက်ရောက်ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုကုန်စည်ပြပွဲကြီးမှာ Good Brothers’ Group of Companies မှ နောက်ဆုံးပေါ်မော်ဒယ်(လ်) TVS အိန္ဒိယသုံးဘီးဆိုင်ကယ် နှင့် ကုမ္ပဏီခွဲ VSK International မှမြန်မာနိုင်ငံ၏ တစ်ဦးတည်းတရားဝင်တင်သွင်းဖြန့်ချီသူအဖြစ် ရောင်းချလျက်ရှိတဲ့ ဂျပန်နိုင်ငံထုတ် အရည်အသွေးမြင့် နောက်ဆုံးပေါ် TOSHIBA တံဆိပ်အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပါဝင်ခင်းကျင်းပြသခဲ့ပါတယ်။ ပြခန်းများသို့လာရောက်ကြည့်ရှုဝယ်ယူသူများအတွက်လည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကံစမ်းမဲအစီအစဉ်များလည်းပါဝင်ခဲ့ပါတယ်။

VSK INTERNATIONAL'S TOSHIBA MANDALAY SHOWROOM OPENING

VSK International ရဲ့ ဒုတိယမြောက် TOSHIBA Showroom ကိုပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့က မန္တလေးမြို့၊ (၃၅)လမ်း၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြားတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။။ နာမည်ကြီး ဂျပန်ထုတ်ကုန်အမှတ်တံဆိပ် TOSHIBA ဟာ အဆိုပါ Showroom တွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ ဖျော်စက်၊ လျှပ်စစ်ရေနွေးအိုး တို့ကိုပြသရောင်းချနေပြီး မကြာခင်တွင်လည်း ထုတ်ကုန်အသစ်များအဖြစ် မိုက်ခရိုဝေ့(ဗ်) နှင့် အခြားအိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလအတွင်း Lucky Draw၊ လျှော့ဈေးများ၊ ဗလာမပါခဲခြစ်ငွေသားကံစမ်းမဲတွေ ပေးသွားမယ့် အစီအစဉ် လည်းပြုလုပ်လျက်ရှိပါသည်။ Japan နိုင်ငံ၏နာမည်ကျော် TOSHIBA Brand ကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းတရားဝင်တင်သွင်းဖြန့်ချီသူဖြစ်တဲ့ VSK International မှ ဖိတ်ကြားထားသောဧည့်သည်များ၊ ကြည့်ရှုဝယ်ယူသူများ၊ သတင်းမီဒီယာများ၊ ဖျော်ဖြေမှုအစီအစဉ်များ နှင့် TOSHIBA “No Drama” Campaign ၏ကိုယ်စားလှယ်များဖြစ်ကြတဲ့ တေးသံရှင် R ဇာနည် နှင့် ဇနီး ဝမ်း တို့နှင့်အတူ TOSHIBA အရောင်းပြခန်းကို ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။