GBS လယ်ယာစိုက်ပျိုးရေး ဝန်ဆောင်မှု အများပိုင် ကုမ္ပဏီ လိမိတက်

GBS လယ်ယာစိုက်ပျိုးရေး ဝန်ဆောင်မှု အများပိုင် ကုမ္ပဏီ လိမိတက်

ကျွန်တော်များ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အား မိခင် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်မှ ကုမ္ပဏီခွဲတစ်ခု အနေဖြင့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် တည်ရှိပါသည်။

ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် အစုရှယ်ယာရှင်ပေါင်း (၂၆၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ခုနှစ်၊ မတ်လ(၂၆)ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်လက်မှတ် ရရှိခဲ့ပါသည်။ ကုမ္ပဏီ၏ လုပ်ငန်းရည်ရွယ်ချက်မှာ တောင်သူဦးကြီးများ၏ ကြီးမားသော အခက်အခဲများဖြစ်သည့် လုပ်သာအခက်အခဲ၊ နည်းပညာ ပံ့ပိုးမှု လိုအပ်ချက်များ၊ ကုန်ထုတ်လမ်း အခက်အခဲများနှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော အချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ မရိတ်သိမ်းနိုင်ခြင်းနှင့် သိုလှောင်ရုံအခက်အခဲ စသည့် အခက်အခဲများကို ဝန်ဆောင်မှု ပေးနိုင်ရန်ဖြစ်သည်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ-

  • မြေပြုပြင်ခြင်း
  • ထွန်ယက်ခြင်း
  • စိုက်ပျိုးခြင်း
  • ရိတ်သိမ်းခြွေလှေ့ခြင်း
  • သွင်းအားစုများ ပံ့ပိုးပေးခြင်း (Good Brothers Chemical Co.,Ltd)
  • စိုက်ပျိုးစရိတ်များ ထုတ်ပေးခြင်း (Good Brothers Micro Financing Co.,Ltd) တို့ ဖြစ်ပါသည်။