ကျွန်ုပ်တို့၏ ၃၆၀ ဒီဂရီ အဖွဲ့အစည်းများ

ကျွန်ုပ်တို့၏ ၃၆၀ ဒီဂရီ အဖွဲ့အစည်းများ

Good Brothers’ Microfinancing Co.,Ltd (MFI)

Good Brothers’ Microfinancing Co.,Ltd (MFI)

တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကကျသော ငွေကြေးလိုအပ်မှုကို ကူညီပေးနိုင်ရန် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီ...

တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကကျသော ငွေကြေးလိုအပ်မှုကို ကူညီပေးနိုင်ရန် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Good Brothers’ Microfinancing Co.,Ltd ကို ၂၀၁၅ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ၃၆၀ ဒီဂရီ ပတ်လည် ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ပါသည်။ ဘဏ္ဌာရေး စီစစ်ရေး ဌာနမှ ခွင့်ပြုချက်လိုင်စင်ကို ၂၀၁၆ခုနှစ်တွင် ၀၂၄၀/၂၀၁၆ အမှတ်ဖြင့် ရရှိခဲ့ပါသည်။

ငွေချေးပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့်ကျောင်းကုန်မြို့နယ်များ တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ကုမ္ပဏီမှ တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီပေးနိုင်ရန် စိုက်ပျိုးရေးဆိုင်ရာချေးငွေများ ထုတ်ချေးပေးခဲ့ပါသည်။ ထပ်မံ၍ MFI သည် UAPPT နှင့်ပူးပေါင်းပြီး တောင်သူများ မျိုးစပါးဝယ်ယူနိုင်ရေးအတွက်လည်း ငွေထုတ်ချေးပေးလျှက်ရှိပါသည်။ ငွေကြေးဝန်ဆောင်မှုများအပြင် တောင်သူဥွီးကြီးများ၏ ဆုံးရှုံးနစ်နာမှုအတွက် အကျိုးခံစားခွင့်များ ပြန်လည်ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ တောင်သူဥွီးကြီးအသက်အာမခံ၊ မြွေအန္တရယ်အာမခံ၊ မီးအာမခံ၊ အလုံးစုံမော်တော်ယဉ်အာမခံ၊ ရေကြောင်းကုန်ပစ္စည်းအာမခံနှင့် အခြားဆက်စပ်အာမခံများကိုလည်း GGI Insurance ကုမ္ပဏီနှင့်ချိတ်ဆက်၍ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုမ္ပဏီအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် တိုးချဲ့၍ ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ MFI အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မကွေးမြို့များတွင်လည်း ထပ်မံတိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

Read more
Good Brothers Chemical Co.,Ltd (GBC)

Good Brothers Chemical Co.,Ltd (GBC)

တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၏သွင်းအားစုလိုအပ်မှုကို ပံပိုးပေးနိုင်ရန် ၂၀၁၆ ခုနှစ်တွင် ဂွတ်(ဒ်)ဘရားသား(စ်)က...

တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၏သွင်းအားစုလိုအပ်မှုကို ပံပိုးပေးနိုင်ရန် ၂၀၁၆ ခုနှစ်တွင် ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Good Brothers Chemical Co.,Ltd ကို မျိုးစေ့၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဖြန့်ဖြူးရောင်းချပေးနေသော ကုမ္ပဏီ အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ၃၆၀ ဒီဂရီ ပတ်လည် ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ပါသည်။

ရည်ရွယ်ချက်

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများတွင် စစ်မှန်၍ အရည်အသွေး ပြည့်ဝသော မြေဆီများကို အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝများ တိုးတက်သာယာလာစေရန်။

ဦးတည်ချက်

၃၆၀ ဒီဂရီ Multi-Level Service သို့ ပြောင်းလဲကျင့်သုံးရန်နှင့် တောင်သူဦးကြီးများအတွက် ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေးများ ထုတ်လုပ်ရောင်းချပေးနိုင်ရန်။

GBCသည် Yuntianhua Co.,Ltd မှ ထုတ်လုပ်သည့် ကွင်းသုံးကွင်း အမှတ်တံဆိပ် စိုက်ပျိုးရေးပစ္စည်းများကို Yuntianhua Co.,Ltd နှင့် Good Brothers’ Co.,Ltd တို့ အကျိုးတူပူးပေါင်း၍ ရင်းနှီးမြုပ်နှံထားသော Shwe Crop Nutrients Co.,Ltd မှတဆင့် တင်သွင်းပြီး ဖြန့်ဖြူး ရောင်းချပေးသော လုပ်ငန်းကို လုပ်ဆောင်ပါသည်။

GBC မှ ယခုအချိန်အထိ ဖြန့်ဖြူးရောင်းချနေသော ဓာတ်မြေဩဇာများမှာ -

  • ကွင်းသုံးကွင်း အမှတ်တံဆိပ် { Di-Ammonium Phosphate (DAP 64%) }
  • ကွင်းသုံးကွင်း အမှတ်တံဆိပ် { N-P-K (15:15:15) }
  • ကွင်းသုံးကွင်း အမှတ်တံဆိပ် { Granular Triple Super Phosphate (GTSP ≥ 46%)}
  • ကွင်းသုံးကွင်း အမှတ်တံဆိပ် { Urea (N ≥ 46%) } တို့ဖြစ်သည်။

ကွင်းသုံးကွင်း အမှတ်တံဆိပ် ဓာတ်မြေဩဇာသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀) နီးပါးခန့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက မြန်မာနိုင်ငံတွင် တောင်သူဦးကြီးများ သုံးစွဲနေခဲ့သော ဓာတ်မြေဩဇာတံဆိပ် တစ်ခုဖြစ်ပါသည်။ Good Brothers (Chemical) Co.,Ltd မှ ဖြန့်ဖြူးရောင်းချနေသော ကွင်းသုံးကွင်း အမှတ်တံဆိပ် ဓာတ်မြေဩဇာများကို တောင်သူဦးကြီးများ သုံးစွဲပြီး လူနေမှုဘဝများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီ၏ ရုံးခွဲရှိသောနေရာများနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်ဆိုင်များတွင် ဓါတ်မြေဩဇာများကို ဝယ်ယူနိုင်ပါသည်။

Read more
Good Brother Machineries Co., Ltd (GBM)

Good Brother Machineries Co., Ltd (GBM)

လယ်ယာစိုက်ပျိုးရေးသုံးစက်ပစ္စည်းများကို တောင်သူဥွီးကြီးများထံသို့ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်စေရန်ရည်ရ...

လယ်ယာစိုက်ပျိုးရေးသုံးစက်ပစ္စည်းများကို တောင်သူဥွီးကြီးများထံသို့ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်စေရန်ရည်ရွယ်၍ Good Brother Machineries Co.,Ltd ကို ခွင့်ပြုချက်အမှတ် (မနသ/ ၁၃၈/ ၉၈) ဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုဂ္ဂလိကပိုင် လယ်ယာသုံး စက်ပစ္စည်း စက်ရုံအဖြစ် ၁၉၉၈ခုနှစ်တွင် မန္တလေးမြို့၌ စတင် တည်ထောင်ခဲ့ပါသည်။

၂၀၀၀ ခုနှစ် ဇန်နဝါရီလတွင် စက်ရုံစတင်လည်ပတ်ပြီး အရည်အသွေးပြည့်၀ပြီး တောင်သူဥွီးကြီးမျာအတွက် အသုံးဝင်သည့် လယ်ယာစိုက်ပျိုးရေးသုံးစက်ပစ္စည်းများဖြစ်သည့် SHENLI Co.,Ltd မှ ထုတ်လုပ်သော YUNFENG Brand - DONGFENG Model ဂီယာဘောက်များ၊ Changchai ၊ Wuling ၊ Jieneng အင်ဂျင်များဖြင့် တွဲဖက်၍ လက်တွန်းထွန်စက် အမျိုးမျိူး၊ ထော်လာဂျီ အမျိုးမျိုးနှင့် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ (ပုဇဉ်းခေါင်း GBM-5, GBM-7, GBM-7Plus) အား ထုတ်လုပ်လျှက် ရှိပါသည်။

Good Brother Machineries Co.,Ltd မှ ထုတ်လုပ်သော စက်ပစ္စည်းများအား Good Brothers’ Co.,Ltd ၏ ရုံးခွဲများမှတဆင့် ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ ထပ်မံ၍ နိုင်ငံခြားကုမ္ပဏီများဖြင့် ပူးပေါင်းပြီး အဆင့်မြင့် လယ်ယာသုံးစက်ပစ္စည်းများအား ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

Read more
Yangon Wuling Co., Ltd.

Yangon Wuling Co., Ltd.

Yangon Wuling Diesel Engine Co.,Ltd သည် Good Brothers’ Co.,Ltd ၊ Changzhou Wujin Wuling Diesel Engine Co.,Ltd နှင့် Yunnan Xintia...

Yangon Wuling Diesel Engine Co.,Ltd သည် Good Brothers’ Co.,Ltd ၊ Changzhou Wujin Wuling Diesel Engine Co.,Ltd နှင့် Yunnan Xintianli Machinery Co.,Ltd များ အကျိုးတူ ပူးပေါင်း၍ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ခွင့်ပြုချက်အမှတ် (၇၅၃ အက်ဖ်စီ/ ၂၀၁၃-၂၀၁၄) ဖြင့် ရွာသာကြီး၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပါသည်။

Yangon Wuling မှ Jieneng အမှတ်တံဆိပ် ဒီဇယ်အင်ဂျင်များ တပ်ဆင်ထုတ်လုပ်ခြင်းနှင့် Hsin TienLi အမှတ်တံဆိပ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးယာဉ် (ပုဇဉ်းခေါင်း)များ အား ထုတ်လုပ်ခြင်းတို့အားလုပ်ဆောင်လျှက်ရှိပြီး မြန်မာနိုင်ငံတဝှမ်းလုံးရှိ Good Brothers’ Co.,Ltd ၏ ရုံးခွဲများနှင့် အရောင်းကိုယ်စားလှယ်များမှတဆင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

Read more
Kubota (G.B.S.) Co.,Ltd  (KGC)

Kubota (G.B.S.) Co.,Ltd  (KGC)

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် KUBOTA (G.B.S) CO.,LTD. အား ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် KUBOTA (G.B.S) CO.,LTD. အား ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ကုမ္ပဏီအဖြစ် မတည်ထောင်သေးခင် ၂၀၀၉ ခုနှစ် အချိန်ကတည်းက ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီ လက်အောက်တွင် KUBOTA နှစ်ဘီးထွန်စက်များနှင့် တစ်လုံးထိုး စလင်ဒါ ဒီဇယ်အင်ဂျင်များ အား ရောင်းချခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ကုန်ပစ္စည်းလိုင်းအား ထပ်မံတိုးချဲ့ခဲ့ပြီး တောင်သူဦးကြီး များအတွက် လယ်ယာမြေထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းများအတွက် အချိန်ကုန်သက်သာပြီး လေလွင့်ဆုံးရှုံးမှုနည်းပါး၍ စပါးအထွက်တိုးစေသော ဂျပန်နိုင်ငံထုတ် KUBOTA စက် အမျိုးအစားများဖြစ်သော လေးဘီးထွန်စက်များ၊ ကွန်ဘိုင်းရိတ်သိမ်း ခြွေလှေ့စက်များ၊ အသေးစား မြေတူးစက်များနှင့် စပါးစိုက်စက်များကိုပါ ရောင်းချခဲ့ပါသည်။ ၂၀၁၅ တွင် ကူဘိုတာအရောင်းဌာနသည် သုံးစွဲသူဦးကြီးများကို ပိုမိုထိရောက်စွာ၀န်ဆောင်မှုပေးနိုင်ရန် KUBOTA (G.B.S) CO.,LTD. အဖြစ် သီးခြား ကုမ္ပဏီတစ်ခု အနေဖြင့် လုပ်ကိုင်ခဲ့ပါသည်။

ယခုအခါ ကုမ္ပဏီအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ညောင်တုန်း ၊ မြစ်ကြီးနား နယ်တို့တွင် အထူးတရား၀င်ကိုယ်စားလှယ်အဖြစ် ရရှိထားပါသည်။ ထိုနယ်များတွင် အရောင်းခန်းမများ တည်ဆောက်လျှက် စက်များရောင်းချခြင်း၊ စက်အသုံးပြုနည်းသင်ပြပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ စက်ထိန်းသိမ်းနည်းသင်တန်းပေးခြင်း နှင့် အပိုပစ္စည်းများ ရောင်းချခြင်းတို့ကို ဆောင်ရွက်လျှက် ရှိပါသည်။ ထပ်မံ၍ စက်ပစ္စည်း ရောင်းချပေးခြင်းများကို ရွှေဘို ၊ မုံရွာ နှင့် ပြည် တို့တွင်လည်း ဖွင့်လှစ်၀န်ဆောင်မှုပေးလျှက်ရှိသည့်အပြင် အမြို့မြို့ အနယ်နယ်ရှိ Good Brothers အရောင်းဆိုင်များမှ တဆင့်လည်း ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။

လက်ရှိတွင် KUBOTA (G.B.S) CO.,LTD. သည် ရောင်းပြီးဝန်ဆောင်မှုအပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ ဆားမလောက် နှင့် မကွေး ရုံးများ၌ ISO 9001:2008 ဝန်ဆောင်မှု အသိအမှတ်ပြု လက်မှတ်များရရှိထားပြီး ဖြစ်ပါသည်။ စက်ပြင်ဝန်ဆောင်မှုကို ဝယ်သူအိမ်အရောက် အခမဲ့ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ အကြီးစားပြင်ဆင်စစ်ဆေးလိုသော စက်များအတွက်လည်း ဆားဗစ်စင်တာတွင် လာရောက်ပြင်ဆင်နိုင်ပြီး သယ်ယူပို့ဆောင်ခြင်းအတွက် ကုမ္ပဏီမှ ကားများဖြင့်သယ်ယူပြင်ဆင်ပေး လျှက်ရှိပါသည်။

အပိုပစ္စည်းဝန်ဆောင်မှုကို ရန်ကုန် နှင့် မန္တလေးတွင် အထိုင်ထားလျှက် တစ်နိုင်ငံလုံးသို့ ဖြန့်ချီ ဝန်ဆောင်မှုပေးလျှက်ရှိပြီး စစ်မှန်သော အပိုပစ္စည်းများကိုသာ တင်သွင်းရောင်းချပေးလျှက်ရှိသည်။ ဝေးလံသော ဝယ်သူများ အတွက် ဘဏ်မှ ငွေလွှဲပြီး တစ်နေ့ (၂) ကြိမ် ကားဂိတ်အရောက်ပို့ ပေးလျှက်ရှိသည်။ အပိုပစ္စည်းများကို Kubota (G.B.S) Facebook Page မှတဆင့်လည်း မှာယူနိုင်ပါသည်။ အပိုပစ္စည်း အရောင်းစင်တာများကိုလည်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ နေပြည်တော်၊ ရွှေဘို၊ မုံရွာ၊ တန့်ဆည် ပြည် နှင့် မြစ်ကြီးနား တို့တွင်လည်း ဖွင့်လှစ်ထားရှိပါသည်။

စက်သုံးပြီး ကြာသော ဦးကြီးများနှင့် စက်အသေးမှ အကြီးသို့သော်လည်းကောင်း၊ အကြီးမှ အသေးသို့ သော်လည်းကောင်းပြောင်းလဲလိုသော စက်ပိုင်ရှင်များအတွက် စက်ဟောင်းပေး အသစ်ယူ စနစ်ကိုလည်း ကျွန်တော်များ ကုမ္ပဏီမှ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ လုပ်ငန်းခွင်အသုံးပြုနေစဥ် ပျက်စီးပြီး အကြောင်းအမျိုးမျိုးကြောင့် ကြာမြှင့်စွာ ရပ်နားလိုက်ရသော စက်များအတွက် စက်အစားထိုး ပေးထားသော ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးလျှက်ရှိသည်။

စက်တစ်စီး၏ အသက်ဖြစ်သော ထိန်းသိမ်းခြင်းကို ဝယ်သူများ သေချာသိရှိစေရန် စက်ထိန်း သိမ်းနည်း သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ စက်ပြင်ဆင် ထိန်းသိမ်းနည်း သင်တန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သော်လည်းကောင်း KUBOTA (G.B.S) CO.,LTD. ၏ Training Center များတွင်သော်လည်းကောင်း တောင်သူများလုပ်ငန်းပါးချိန်တွင် စီစဥ် ပေးလျှက်ရှိသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးအတွက် အတွက် အဓိက လိုအပ်လျှက်ရှိသော လေးဘီးထွန်စက်နှင့် ရိတ်သိမ်းချွေလှေ့စက်များကို အရောင်း၊ အပိုပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျှက်ရှိပါသည်။ ရှေ့ဆက်ပြီး စပါးစိုက်စက်များ၊ စိုက်ပျိုးရေး နှင့် ဆောက်လုပ်ရေး လုပ်ငန်များတွင် အသုံပြုသော မြေတူးစက်များကိုလည်း ရှေ့ဆက် ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ယခုအချိန်တွင် KUBOTA (G.B.S) CO.,LTD. သည် ကူဘိုတာ အမှတ်တံဆိပ် စက်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချသည့် စျေးကွက်တွင် ဦးဆောင်သူအနေဖြင့် ရပ်တည် လျှက်ရှိပါသည်။

Read more
VSK International Co., Ltd. (VSK)

VSK International Co., Ltd. (VSK)

၁၉၉၈ ခုနှစ်တွင် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် VSK International Co., Ltd. ကို လျှပ်စစ်...

၁၉၉၈ ခုနှစ်တွင် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် VSK International Co., Ltd. ကို လျှပ်စစ်ပစ္စည်းနှင့်ပန့် များ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။

တောင်သူဥွီးကြီးများ လယ်ယာလုပ်ငန်းလွယ်ကူစိတ်ချစွာဖြင့် အချိန်မရွေးအသုံးပြုနိုင်သော အရည်အသွေးပြည့် ဓါတ်ဆီသုံးအင်ဂျင်တပ်မြက်ဖြတ်စက်၊ ဆေးဖျန်းပုံး၊ ရေတင်စက်၊ မီးစက်၊ လေမှုတ်စက်အမျိုးမျိုးတို့ကို ဖြန့်ဖြူးပေးလျှက်ရှိပါသည်။

လူနေမှုဘ၀မြင့်တင်ရန်အတွက်လည်း အရည်အသွေးပြည့်၀ပြီးစျေးနှုန်းမှန်ကန်သော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အထူးသဖြင့် လူသိများထင်ရှားသည့် ကုန်ပစ္စည်းတစ်ခုဖြစ်သည့် Midea အမှတ်တံဆိပ် လျှပ်စစ်ပစ္စည်းများကို ဖြန့်ဖြူးပေးလျှက်ရှိပါသည်။

ရန်ကုန် နှင့် မန္တလေးတို့တွင် ရုံးချုပ်များတည်ရှိပါသည်။ Showroom များမှာ အောက်ပါနေရာများတွင် တည်ရှိပါသည်။

  • Pro 1 (အရှေ့ဒဂုံ)
  • Pro 1 (လမ်းသစ်)
  • Pro 1 (စက်စမ်း)
  • Pyin Oo Lwin Mart (ပြင်ဦးလွင် Mart)
  • Ocean (ရွှေဂုံတိုင်)
  • Ocean (လှိုင်သာယာ)
  • Ocean (စိန်ဂျွန်း)
  • Ocean (North Point)
  • Ocean (East Point)
  • Gandamar Wholesale
  • Capital (သာကေတ)
  • Electronic City
Read more
G.B.S Agricultural Services Public Co., Ltd (ASP)

G.B.S Agricultural Services Public Co., Ltd (ASP)

လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ၃၆၀ ဒီဂရီ ပတ်လည် ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ G.B.S Agricultural Services Public Co., Ltd.(...

လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ၃၆၀ ဒီဂရီ ပတ်လည် ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ G.B.S Agricultural Services Public Co., Ltd.(GBS လယ်ယာစိုက်ပျိုးရေး ဝန်ဆောင်မှု အများပိုင် ကုမ္ပဏီ လိမိတက်) အား ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်မှ ကုမ္ပဏီခွဲတစ်ခု အနေဖြင့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီကို အစုရှယ်ယာရှင်ပေါင်း (၂၆၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ခုနှစ်၊ မတ်လ(၂၆)ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်လက်မှတ် ရရှိခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် လုပ်ငန်းစတင်လည်ပတ်ခဲ့ပါသည်။

ကုမ္ပဏီ၏ လုပ်ငန်းရည်ရွယ်ချက်မှာ တောင်သူဦးကြီးများ၏ ကြီးမားသော အခက်အခဲများဖြစ်သည့် လုပ်သားအခက်အခဲ၊ နည်းပညာ ပံ့ပိုးမှု လိုအပ်ချက်များ၊ ကုန်ထုတ်လုပ်မှု အခက်အခဲများနှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော အချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ မရိတ်သိမ်းနိုင်ခြင်းနှင့် သိုလှောင်ရုံအခက်အခဲ စသည့် အခက်အခဲများကို ဝန်ဆောင်မှု ပေးနိုင်ရန်ဖြစ်သည်။ ASPမှ အဓိကဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ-

  • မြေပြုပြင်ခြင်း
  • ထွန်ယက်ခြင်း
  • စိုက်ပျိုးခြင်း နှင့်
  • ရိတ်သိမ်းခြွေလှေ့ခြင်း
  • သွင်းအားစုများ ပံ့ပိုးပေးခြင်း (Good Brothers Chemical Co., Ltd ဖြင့်ချိတ်ဆက်၍)
  • စိုက်ပျိုးစရိတ်များ ထုတ်ပေးခြင်း (Good Brothers Microfinancing Co., Ltd ဖြင့်ချိတ်ဆက်၍) တို့ ဖြစ်ပါသည်။
Read more
UAPPT Co., Ltd  (UAPPT)

UAPPT Co., Ltd (UAPPT)

၂၀၁၀ခုနှစ်တွင် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် United Agriculture Products Processing and...

၂၀၁၀ခုနှစ်တွင် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် United Agriculture Products Processing and Trading Co., Ltd.(စုပေါင်းလယ်ယာထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်) ဆန်စက်လုပ်ငန်းနှင့် ဆန်စပါး တင်ပို့ရောင်းချသော ကုမ္ပဏီခွဲ တစ်ခုအဖြစ် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် စတင်တည်ထောင် ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး စပါးအုပ်စုဝင်များဖြစ်သော ပေါ်ဆန်းမွှေး၊ ဧည့်မထ၊ ငစိန် တို့အား စျေးကွက် ပေါက်စျေးအတိုင်း ဝယ်ယူပြီး ဆန်ချော၊ ဇကွဲ၊ ဖွဲနုများ ထုတ်လုပ် ရောင်းချလျှက် ရှိပါသည်။

ဝယ်ယူထားသော စပါးများကို တစ်ရက်လျှင် (၃)ကြိမ်ခန့်၊ တစ်ကြိမ်လျှင် တန် (၉၀) အခြောက်ခံနိုင်သော ခြောက်ခံစက်များဖြင့် အခြောက်ခံ၍ စပါး၏ အရည်အသွေးကို ထိန်းသိမ်းနိုင်သော ၁၅၀၀ MT ဆန့် ခေတ်မှီ စတီးဆိုင်လို (Steel silo) (၃)လုံးဖြင့် စပါးတန်ချိန် (၄၅၀၀)ခန့်ကို သိုလှောင်ထားရှိပါသည်။

တစ်ရက်လျှင် တန် (၁၅၀) ထုတ်လုပ်နိုင်သော ဆန်စက်မှ ထွက်ရှိလာသော သန့်ရှင်းပြီး အရည်အသွေးမြင့် ဆန်ချောများကို ဥရောပနိုင်ငံများ၊ တရုတ်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ တင်ပို့ရောင်းချလျှက် ရှိပါသည်။

Read more
Three Swallows Construction Co., Ltd

Three Swallows Construction Co., Ltd

ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီဟာ မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ပူးပေါင်း၍ မြို့တော် တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများလ...

ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီဟာ မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ပူးပေါင်း၍ မြို့တော် တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စိတ်အားထက်သန်မှုအပြည့်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရ၏ ပံ့ပိုး ထောက်ခံမှု အပြည့်ရရှိထားသည့် ကုမ္ပဏီလည်း ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင်၏ ဆောက်လုပ်ရေးစီမံကိန်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆောက်လုပ်ပေးလျက်ရှိပြီး ၎င်းတို့မှာ ဘတ်စ်ကားနှင့် ထရပ်ကား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဂိတ် စီမံကိန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်း၊ ၄၈လမ်း မြို့သစ်ဝန်း စီမံကိန်း၊ မန္တလေး မြို့တော် အတွက် လမ်းမများ ပြုပြင်အဆင့်မြှင့်ခြင်း စီမံကိန်းများ ပါဝင်ပါသည်။ ထို့အပြင် အမှိုက်မီးရှို့စက် နှင့် မီးသင်္ဂြိုဟ်စက်များကိုလည်း မန္တလေးမြို့တော်အတွက် တပ်ဆင်ဆောင်ရွက်ပေးခဲ့ပါသည်။

Read more