Good Brothers' Machinery (GBM)

Good Brothers' Machinery (GBM)

Good Brother Machineries Co.,Ltd သည် ခွင့်ပြုချက်အမှတ် (မနသ/ ၁၃၈/ ၉၈) ဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုပ္ပလိကပိုင် လယ်ယာသုံး စက်ပစ္စည်း စက်ရုံအား ၁၉၉၈ခုနှစ်တွင် မန္တလေးမြို့၌ စတင် တည်ထောင်ခဲ့ပါသည်။

၂၀၀၀ ခုနှစ် ဇန်နဝါရီလတွင် စက်ရုံစတင်လည်ပတ်ပြီး SHENLI Co.,Ltd မှ ထုတ်လုပ်သော YUNFENG Brand - DONGFENG Model ဂီယာဘောက်များ၊ Changchai ၊ Wuling ၊ Jieneng အင်ဂျင်များဖြင့် တွဲဖက်၍ လက်တွန်းထွန်စက် အမျိုးမျိူး၊ ထော်လာဂျီ အမျိုးမျိုးနှင့် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ (ပုဇဉ်းခေါင်း GBM-5, GBM-7, GBM-7Plus) အားထုတ်လုပ်လျှက် ရှိပါသည်။

Good Brother Machineries Co.,Ltd မှ ထုတ်လုပ်သော စက်ပစ္စည်းများအား Good Brothers’ Co.,Ltd ၏ ရုံးခွဲများမှတဆင့် ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ ထပ်မံ၍ နိုင်ငံခြားကုမ္ပဏီများဖြင့် ပူးပေါင်းပြီး အဆင့်မြင့် လယ်ယာသုံးစက်ပစ္စည်းများအား ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။