ကျွန်ုပ်တို့၏ အဖွဲ့အစည်းအကြောင်း

ကျွန်ုပ်တို့၏ အဖွဲ့အစည်းအကြောင်း

၁၉၉၁ ခုနှစ်တွင် မန္တလေးမြို့ရှိ ညီအကို(၅)ဦးတို့မှ ပူးပေါင်းပြီး ယခင်မိသားစုပိုင် လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းကို Good Brothers Co., Ltd. အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ယနေ့အချိန်တွင် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံ၏ ထိပ်တန်းလယ်ယာစိုက်ပျိုးရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပြီ ဖြစ်ဖြစ်ပါသည်။

GBS သည် လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှု အလုံးစုံကို ၃၆၀ ဒီဂရီ ပတ်လည် ပံ့ပိုးပေးလျက်ရှိသည်။ ၃၆၀ ဒီဂရီ ပတ်လည် ဝန်ဆောင်မှုလုပ်ငန်းများတွင်

  • လယ်ယာလုပ်ငန်းကို ငွေကြေးအခက်အခဲမရှိလုပ်ကိုင်နိုင်ရန် ငွေကြေးဆိုင်ရာထောက်ပံ့မှုများပေးခြင်း၊
  • လယ်ယာစိုက်ပျိုးရေး၏သွင်းအားစုဖြစ်သော ဓါတ်မြေဩဇာများကိုထုတ်လုပ်ဖြန့်ဖြုုးရောင်းချပေးခြင်း၊
  • လယ်ယာစိုက်ပျိူးရေးသုံးစက်ပစ္စည်းများနှင့် ဆက်စပ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချပေးခြင်းနှင့် ပြုပြင်ရေး ဝန်ဆောင်မှုများပေးခြင်း၊
  • လိုအပ်သော အာမခံများထားရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးခြင်း၊
  • စိုက်ပျိုး/ရိတ်သိမ်းခြင်း နည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများနှင့် ထောက်ပံ့မှုများ ပေးခြင်း ၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များပံပိုးခြင်း အပါအဝင် မျိုးစေ့ထုတ်လုပ်ခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်း/ဝယ်ခြင်း စသည့် ဝန်ဆောင်မှု အလုံးစုံပါဝင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရှိသောတောင်သူဥွီးကြီးများကို ထောက်ပံပေးနိုင်ရန် ရန်ကုန်နှင့်မန္တလေးတွင် အဓိကရုံးချုပ် (၂)ရုံး၊ နိုင်ငံအနှံတွင် ၂၀၁၈ခုနှစ်အထိ ရုံးခွဲပေါင်း (၂၇)ရုံး ဖွင့်လှစ်ခဲ့နိုင်ပြီး ပြုပြင်ရေး ဝန်ဆောင်မှုပေးနိုင်သည့် ရုံးခွဲများကိုလည်း ထပ်မံတိုးချဲ့ရန်စီစဉ်လျက် ရှိပါသည်။

ထို့အပြင် ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်တွင် ဧက ၅၀၀ ကျယ်ဝန်းသည့် သုတေသနနှင့် ထုတ်လုပ်မှုဗဟိုပြု စင်တာတစ်ခု တည်ရှိပြီး ထုတ်ကုန်အသစ်များ ထုတ်လုပ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သော တိကျသေချာသည့် စိုက်ပျိုးရေးစီမံခန့်ခွဲမှုနည်းပညာနှင့်ပတ်သက်သော ကိုယ်ပိုင်အသိပညာ ဖန်တီးခြင်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ထိုအဖိုးတန်လှသော အသိပညာများကို တောင်သူဥွီးကြီးများထံသို့ ပြန်လည်မျှဝေခြင်းဖြင့် တိုင်းပြည်အတွက် လူမှုပတ်ဝန်းကျင်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်လျှက် ရှိပါသည်။ တောင်သူဥွီးကြီး၏ လယ်ယာလုပ်ငန်းအတွက် အရေးပါသော မိုးလေဝသသတင်းအချက်အလက်များကို မိုးလေဝသပညာရှင် အဘဦးထွန်းလွင်ထံမှရယူ၍ ပြန်လည်မျှဝေပေးခြင်းကိုလည်း ဆောင်ရွက်လျှက် ရှိပါသည်။

ကုမ္ပဏီ၏ ထုတ်လုပ်မှုမှစတင်၍ ဖြန့်ဖြူးရောင်းချသည်အထိဆက်နွယ်လျှက်ရှိသည့် စီးပွားရေးလုပ်ငန်းပုံစံကြောင့် တောင်သူဥွီးကြီးများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော၊ အများနှင့်ယှဉ်ပြိုင်နိုင်သော၊ ထိုက်တန်သော စျေးနှုန်းများကို သတ်မှတ်ရောင်းချနိုင်ခဲ့ပါသည်။ တောင်သူဥွီးကြီးများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုကူညီခြင်းသည် ကုမ္ပဏီ၏ ရေရှည်ရပ်တည်နိုင်မှုအတွက် အဓိကဏ္ဍတစ်ခုဖြစ်သည်ဟု ခံယူထားပါသည်။