Kubota (G.B.S.) Co.,Ltd  (KGC)

Kubota (G.B.S.) Co.,Ltd  (KGC)

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Kubota (G.B.S.) Co.,Ltd အား ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ကုမ္ပဏီအဖြစ် မတည်ထောင်သေးသည့် ၂၀၀၉ ခုနှစ် အချိန်ကတည်းက ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီ လက်အောက်တွင် ကူဘိုတာ နှစ်ဘီးထွန်စက်များနှင့် တစ်လုံးထိုး စလင်ဒါ ဒီဇယ်အင်ဂျင်များအား ရောင်းချခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ကုန်ပစ္စည်းလိုင်းအား ထပ်မံတိုးချဲ့ခဲ့ပြီး တောင်သူဥွီးကြီးများအတွက် လယ်ယာမြေထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းများအတွက် အချိန်ကုန်သက်သာပြီး လေလွင့်ဆုံးရှုံးမှုနည်းပါး၍ စပါးအထွက်တိုးစေသော လေးဘီးထွန်စက်များ၊ ကွန်ဘိုင်းရိတ်သိမ်းခြွေလှေ့စက်များ၊ အသေးစား မြေတူးစက်များနှင့် မျိုးချစိုက်ပျိုးစက်များကိုပါ ရောင်းချခဲ့ပါသည်။ ၂၀၁၅ တွင် ကူဘိုတာအရောင်းဌာနသည် Kubota (G.B.S) Co.,Ltd အဖြစ် သီးခြား လုပ်ငန်းခွဲတစ်ခုအနေဖြင့် လုပ်ကိုင်ခဲ့ပါသည်။

လက်ရှိတွင် Kubota (G.B.S) Co.,Ltd အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ဆားမလောက် ရုံးများ၌ ISO 9001:2008 ဝန်ဆောင်မှု အသိအမှတ်ပြု လက်မှတ်များရရှိထားပြီး ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် ကျပ်ငွေ (ရ၁) ဘီလီယံကျော် လည်ပတ်နိုင်ခဲ့သည့် Kubota (G.B.S.) Co.,Ltd သည် ကူဘိုတာ အမှတ်တံဆိပ် ဖြန့်ဖြူးရောင်းချသည့် စျေးကွက်တွင် ဦးဆောင်သူအနေဖြင့် ရပ်တည်လျှက်ရှိပါသည်။

ယခုအခါ ကုမ္ပဏီအနေဖြင့် (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ရွှေဘို၊ ဆားမလောက်) တို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး နိုင်ငံအနှံ့ ဝန်ဆောင်မှုပေးခြင်းနှင့် အပိုပစ္စည်းများ ရောင်းချခြင်းတို့ကို ဆောင်ရွက်လျှက် ရှိပါသည်။ ထပ်မံ၍ မုံရွာ၊ မြစ်ကြီးနားနှင့် ရခိုင်ပြည်နယ်များတွင်လည်း တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။