အလုံးစုံမော်တော်ယာဉ်အာမခံ

အလုံးစုံမော်တော်ယဉ် အာမခံအကြောင်း သိကောင်းစရာ

မော်တော်ယာဉ်ပိုင်ရှင်၊ ပူးတွဲပိုင်ရှင်များအနေဖြင့် ယာဉ်ထိခိုက်မှု အန္တရာယ်အမျိုးမျိုးအတွက် လိုအပ်မည့် အကာအကွယ်များကို ပေါင်းစည်း၍ ရောင်းမည့်ပေါ်လစီမျိုးပင်ဖြစ်ပါသည်။

အာမခံသက်တမ်း

(၃) လမှ (၁၂) လအထိထားနိုင်ပါသည်။ အာမခံပေါ်လစီကို နှစ်စဉ်သက်တမ်းဆက်ထားနိုင်သည်။

ပရီမီယံပေးသွင်းခြင်း

ကျသင့်ပရီမီယံကို တစ်လုံးတည်းပေးသွင်းရပါမည်။

အာမခံထားနိုင်ခွင့်ရှိသူများ

  • ကိုယ်ပိုင်ယာဉ်
  • လုပ်ငန်းသုံးယာဉ်များ
    • ကုန်တင်ယာဉ်များ
    • အငှားယာဉ်များ
    • စိုက်ပျိုးရေးလုပ်ငန်းသုံးယာဉ်များ၊ လယ်ထွန်စက်များ
    • အခြားယာဉ်များ
  • မော်တော်ဆိုင်ကယ်များ

ပရီမီယံနှုန်း

အာမခံပရီမီယံနှုန်းကို အာမခံထားငွေပေါ်မူတည်၍လည်းကောက်ခံပါသည်။
  • ယာဉ်အသုံးပြုခြင်း
  • ယာဉ်တန်ဖိုး
  • အင်ဂျင်ထုထည် /ဝန်အား(စီစီ) တို့အပေါ်အခြေခံတွက်ပါသည်။
ဥပမာ အာမခံထားငွေကျပ် (၁၀,၀၀၀,၀၀၀) မှ ကျပ်(၃,၀၀၀,၀၀၀,၀၀၀) အထိ ယာဉ်များအတွက်
ပေးသွင်းရမည့် ပရီမီယံနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အာမခံထားငွေ
ယာဉ်အမျိုးအစား ကျပ်(၁၀,၀၀၀,၀၀၀) ကျပ်(၃၀၀,၀၀၀,၀၀၀)
အနည်းဆုံး အများဆုံး အနည်းဆုံး အများဆုံး
ကိုယ်ပိုင်(လူစီး) ၁.၀၃% ၂.၅၄% ဝ.၅၇% ဝ.၇၉%
ကိုယ်ပိုင်(ကုန်တင်) ၁.၀၂% ၂.၅၅% ဝ.၅၇% ဝ.၇၉%
အငှား(လူစီး) ၁.၅၇% ၃.၂၄% ၁.၀၇% ၁.၃၆%
အငှား(ကုန်တင်) ၁.၅၆% ၃.၁၈% ၁.၀၇% ၁.၃၆%

ဝယ်ယူနိုင်သည့် အပိုအကာအကွယ်များ

  • (၁) အာမခံထားသည့်ယာဉ် အခြားအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခြင်းအမျိုးမျိုးအတွက် လျော်ကြေးရရှိနိုင်ရန် အောက်ပါမယူမနေရ အကာအကွယ်များကို ဝယ်ယူရန် လိုအပ်ပါသည်။
    မယူမနေရအကာအကွယ် ပရီမီယံနှုန်း ပရီမီယံနှုန်း
    သပိတ်မှောက်ခြင်း၊အဓိကရုဏ်းဖြစ်ခြင်း၊ဆူပူမငြိမ်မသက်ဖြစ်ခြင်း အာမခံထားငွေအပေါ် ဝ.၀၅%
    လေကာမှန်ပျက်စီးခြင်း လေကာမှန်တန်ဖိုးအပေါ် ၅%
    သူတစ်ပါးပေးလျော်ရန်တာဝန်ရှိခြင်း ပုံသေသတ်မှတ်နှုန်းထားအတိုင်း
  • (၂) အာမခံထားသူများအားပိုမိုကျယ်ပြန့်သော အကာအကွယ်များရနိုင်ရန် အောက်ပါ အပိုအကာအကွယ်များကို ထည့်သွင်းရောင်းချပါသည်။
    ရွေးချယ်ဝယ်ယူနိုင်သောအပိုအကာအကွယ်များ ပရီမီယံနှုန်း
    သဘာဝဘေးအန္တရာယ်များ (ရေကြီးခြင်း၊လေမုန်တိုင်းအမျိုးမျိုး၊မြေငလျင်လှုပ်ခြင်း) အာမခံထားငွေအပေါ်ဝ.၅%
    စစ်ဘေးအန္တရာယ် အာမခံထားငွေအပေါ်ဝ.၅%
    ခိုးယူခြင်း အခြေခံပရီမီယံအပေါ်

လျှော်ကြေးရနိုင်သည့် ဆုံးရှုံးမှုများ

  • (၁) အောက်ဖော်ပြပါဖြစ်ရပ်များကြောင့် အာမခံထားသည့်ယာဉ်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြးရခွင့်ရှိပါသည်။
      • ယင်းဖြစ်ရပ်များကြောင့် ယာဉ်လုံးဝပျက်စီးခြင်းအတွက် “ အာမခံထားငွေ အပြည့်အဝ” ကိုလည်းကောင်း၊ တစ်စိတ်တစ်ဒေသ ပျက်စီးခြင်းတို့အတွက် “ ပြင်ဆင်စရိတ်အားလုံး “ ကိုလည်းကောင်း လျော်ကြေးရနိုင်ခွင့်ရှိသည်။
  • (၂) အာမခံထားသည့်ယာဉ်ကြောင့် သူတစ်ပါးထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းနှင့် သူတစ်ပါးပိုင်ပစ္စည်း၊ ပျက်စီးခြင်းတို့အတွက် ယာဉ်ပိုင်ရှင်၏ပေးရန်တာဝန်ရှိမှုကိုဤကုမ္ပဏီမှ ပေးလျော်ရန်တာဝန်ယူပါသည်။
      • လူတစ်ဦးသေဆုံးခြင်း အများဆုံးလျော်ကြေး ကျပ်(၁၀) သိန်းအထိ
      • လူတစ်ဦးဒဏ်ရာရခြင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှသတ်မှတ်ပေးသည့် လျော်ကြေးငွေပမာဏနှုန်းထားဇယားအတိုင်း ပေးလျော်ပါမည်။ (အများဆုံးလျော်ကြေးကျပ် (၁၀) သိန်းအထိရရှိခွင့်)
      • သူတစ်ပါးပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းသူတစ်ပါးပိုင်ပစ္စည်းပျက်စီးခြင်းတို့အတွက် ပြုပြင်ရသည့်ကုန်ကျစရိတ်ကို သင့်တင့်မျှတစွာပေးလျော်ပါမည်။ သို့မဟုတ် ဆုံးရှုံးသည့် ပစ္စည်းတန်ဖိုးကို ပေးလျော်ပါမည်။
      • သူတစ်ပါးပေးလျော်ရန် တာဝန်ရှိမှုအတွက် ကန့်သတ်ချက် လျော်ကြေးငွေပမာဏမော်တော်ယာဉ်ထိခိုက်မှုအတွက်အများဆုံး ကျပ်သိန်း(၅၀၀) အထိဖြစ်ပြီး၊ မော်တော်ဆိုင် ကယ်ထိခိုက်မှုအတွက်အများဆုံး ကျပ်သိန်း(၂၅၀) အထိသာပေးလျော်ပါမည်။

လျော်ကြေးမဲ့ဆု

လျော်ကြေးမဲ့ဆုဆိုသည်မှာအာမခံထားသူမှအာမခံထားသည့်နှစ်အတွင်းလျော်ကြေးတောင်းခံမှုမရှိသည့်အတွက်သွင်းရသည့်ပရီမီယံအပေါ်တွင်လျှော့ပေးသည့်ဆုကြေးဖြစ်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

  • (၁) Owner Book
  • (၂) Wheel Tax
  • (၃) ယာဉ်ပိုင်ရှင် မှတ်ပုံတင်မိတ္တူ
  • (၄) ယာဉ်မောင်းလိုင်စင်မိတ္တူ
  • (၅) Invoice (သို့) အရောင်းအဝယ်စာချုပ်
  • (၆) ယာဉ်၏ရှေ့နောက်ဝဲယာဓာတ်ပုံ

ဘယ်လိုဆက်သွယ်ပြီး အာမခံထားမလဲ

Good Brothers’ Company Limited နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။

အကျိုးခံစားခွင့်ကို ဘယ်လိုတောင်းမလဲ

ဆုံးရှုံးမှုဖြစ်ပေါ်လျှင် (အာမခံထားသူမှ/တာဝန်ရှိသူမှ)Good Brothers’ Company Limited သို့ ဆက်သွယ်ပါရန်။

လျော်ကြေးတောင်းခံရာတွင် အကျုံးမဝင်သော အချက်များ

အာမခံထားသည့်ယာဉ်နှင့်ပတ်သတ်၍ 
  • တန်ဖိုးလျော့ခြင်း။
  • အကျိုးဆက်ဆုံးရှုံးခြင်း။
  • အလိုအလျောက်ဟောင်းနွမ်းပျက်စီးခြင်း
  • ကားတာယာများ ဟောင်းနွမ်းပျက်စီးခြင်း (သို့ရာတွင်ကားထိခိုက်မှုဖြစ်စဉ်အတွင်း တာယာပျက်စီးခြင်းကို လျော်ကြေးပေးပါမည်။)
  • ယာဉ်ထိခိုက်မှုဖြစ်စဉ်ယာဉ်မောင်းသူမှ အရက်သေစာသောက်စားခြင်း မူးယစ်ဆေးဝါးသုံးစွဲထားခြင်း။
  • အဆိုလွှာတွင်ဖော်ပြထားသောယာဉ်အသုံးပြုမှုမျိုးမှလွဲ၍ ယာဉ်ကိုအခြားကိစ္စသုံးခြင်း။