Manager (Naung Cho and Lashio)

KUBOTA G.B.S Co. Ltd.

မိမိတို့အဖွဲ့အစည်းတစ်ခုလုံး၏ အရောင်းတိုးတက်ရန် နှင့် Customer များအားအကောင်းဆုံးဝန်ဆောင်မှူပေးရန်။
Report To - General Manager

Primary Responsibilities

  • Sale Target ပြည့်မှီရန်အတွက် ကောင်းမွန်သောဝန်ဆောင်မှုများနှင့်အတူ Customer လိုအပ်ချက်များအား ပြည့်စုံစွာဝန်ဆောင်မှုပေးရန်။

Requirements and Preferred Qualifications

  • ဘွဲ့ရ၊ အသက် (၃၀ မှ ၃၅) နှစ်အတွင်း
  • သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၃)နှစ်ရှိရမည်။
  • Computer ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရမည်။
  • အဖွဲ့အစည်းနဲ့ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရမည်။ အရောင်းပိုင်းစီမံခန့်ခွဲနိုင်ရမည်။
  • ပေးအပ်လာသည့်အလုပ်တာဝန်အား ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်ရမည်။
  • နောင်ချို(သို့)လားရှိူးနယ်ခံဦးစားပေးမည်။

Job Description

  • အရောင်းနှင့် ပတ်သက်သော ကိစ္စအ၀၀ကို တာဝန်ယူဆောင်ရွက်ရမည်။ သတ်မှတ်ထားသော အရောင်း Target များပြည့်မီစွာရောင်းချရန်အတွက် လက်အောက်ဝန်ထမ်းများအား Follow Up လုပ်ရမည်။

    မိမိတို့ရောင်းချသည့် စက်ပစ္စည်းများ၏ Stock အား မိမိ Warehouse တွင် ပစ္စည်းရှိ/ မရှိ သေချာစွာတိုက် ဆိုင်စစ်ဆေးထားကာ သက်ဆိုင်ရာ အရောင်းဝန်ထမ်းများအား သိရှိနားလည်အောင် ရှင်းပြထားရမည်။

    မိမိလက်အောက်ဝန်ထမ်းများ၏ အရည်အချင်း တိုးတက်စေရန် လိုအပ်နေသော သင်တန်းများအား အကဲ ဖြတ်၍ တက်ရောက်စေရမည်။ လက်အောက်ဝန်ထမ်းများမှ Customer Complain များကို ဖြေရှင်းပေးနိုင်ရန်သင်ကြားပြသပေးရမည်။

    မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်များနှင့် သက်ဆိုင်သည့် ကိစ္စအ၀၀ကို ကြီးကြပ်ဆောင်ရွက်ရမည်။ လစဉ် MARKETING PLAN အားဆွဲကာ အရောင်း TARGT များအား ချမှတ်ပေးရမည်။

    MADB Promotion စာရင်းနှင့် Booking စာရင်းအား ကိုက်ညီမှုရှိ / မရှိစစ်ဆေးပေးရမည်။

    Project Sales နှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရမည်။

    လက်ဆောင်ပေးရန် ပစ္စည်းမှာခြင်း စာရင်းထားရှိခြင်းများဆောင်ရွက်ခြင်းများကို ကြီးကြပ်ရမည်။

    လစဉ် Promotion List များအားစီစစ်ပေးရန်။

    Marketing ဌာနမှ ဆောင်ရွက်ရမည့် ကိစ္စအ၀၀ကိုလည်း တာဝန်ယူ ကြီးကြပ်ပေးရန်။

    မိမိတာဝန်ယူထားရသည့် Branch ရှိဝန်ထမ်းအားလုံး၏ JD ချမှတ်ပေးနိုင်ရမည်။

    အလုပ်တိုင်းတွင် ရှင်းလင်း သော SOP များရှိရမည်ဖြစ်ပြီး ဝန်ထမ်းတိုင်းလိုက်နာနိုင်ရမည်။

    လစဉ် Potential List အား Follow Up လုပ်ရန် ကြီးကြပ်ပေးရမည်။

    Showroom သို့ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း၊ Line Group မှ သော် လည်းကောင်း ရရှိသော Customer စာရင်းများအား Call Log Sheet Form တွင် စာရင်းပြုစုထားခြင်းနှင့် Follow up လုပ်ခြင်းများအား ကြီးကြပ်ပေးရန်။

    လစဉ်ရောင်းချရန်လိုအပ်သော စက်ပစ္စည်းများအား Order မှာယူ ချိတ်ဆက်ပေးရမည်။

    အပတ်စဉ်တင်ပြသော Open Item List အားစနစ်တကျ ပြန်လည်ဖြေရှင်းသုံးသပ်ရမည်။

    မိမိဌာန၏ ငွေကြေးကိစ္စနှင့်ဆိုင်သည့် ကိစ္စများအားစစ်ဆေးကြီးကြပ်ရမည်။

    ပြိုင်ဘက်ကုမ္ပဏီများ၏ ပစ္စည်းအခြေအနေနှင့် ဈေးနှုန်းများအားလည်း အစဉ်တစိုက်လေ့လာထားရမည်။

    မိမိဈေးကွက်အား အစဉ်အမြဲလေ့လာ သုံးသပ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်။

    လက်အောက်ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆာင်ရွက်ချက်များအား စိစစ်သုံးသပ်၍ လိုအပ်သည်များအား ရှင်းလင်းသင်ပြပေးရန်။

    မိမိလက်အောက်ရှိ ဝန်ထမ်းများ၏ Performance အားအစဉ်တစိုက် အကဲဖြတ်ခြင်း၊ သင်ကြားပြသမှုများ ဆောင်ရွက်ရမည်။

    မိမိတို့ကုမ္ပဏီမှ ချမှတ်ထားသော အရောင်းပိုင်ဆိုင်ရာ နည်းစနစ်များအား နားလည်အောင် ကြိုးစားကာ လက်အောက်ဝန်ထမ်းများအား ရှင်းလင်းသင်ကြားပေးရမည်။

    မိမိတို့ရောင်းချသည့် ကုန်ပစ္စည်း၊ ဝယ်ယူသူများနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာထား ရှိရမည်။ မိမိ Branch ရှိ ဝန်ထမ်းများ၏ စည်းလုံးညီညွှတ်မှုရှိရေးနှင့်၊ ရုံးစည်းကမ်းများ လိုက်နာအောင် စီမံခန့်ခွဲ ရမည်။

    BIG DD, User Meeting သွားရောက်ပြီးသည့်အခါတိုင်း ရရှိလာသည့် Report များပေါ်တွင်အခြေခံ၍ မိမိ တို့၏ အားသာချက်/ အားနည်းချက်များအား သုံးသပ်ရမည်။

    စက်ပစ္စည်း ပို့ဆောင်ပြီးသော Customer များအား အဆင်ပြေမှုရှိ /မရှိ ပြန်လည်း Follow Up လုပ်ရမည်။

    မိမိ Branch တခုလုံး၏ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံမှုရှိစေရန် တာဝန်ယူ ဆောင်ရွက်ရမည်။

    အပတ်စဉ် ၊ လစဉ် တင်ပြရမည့် Report များအား အချိန်တိကျစွာ ပြင်ဆင်ရမည်။ မိမိတို့ဆိုင်ခွဲတွင်ရှိသော ပစ္စည်းများ stock ကိုက်ညီမှုရှိစေရန်ဆောင်ရွက်ရမည်။

    ဝန်ထမ်းသစ်ဖြစ်ပါက Coaching, Mentoring Section များအတွက် Plan ချဆွေးနွေးရန်ပြုလုပ်ရမည်။

    ကုမ္ပဏီမှ သတ်မှတ်ထားသော စည်းမျဉ်း / စည်းကမ်းများအား လိုက်နာမှုရှိရမည်။

    လုပ်ငန်းလိုအပ်ချက်များအရ အထက်လူကြီးများမှ ပေးသောတာဝန်များကိုလည်း လိုက်နာရမည်။