"ပညာမြင့်မှ လူမျိုးတင့်မည်"ဟူသော ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍသည်လည်း နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပါသည်။ Good Brothers' Co., Ltd အနေဖြင့်လည်း အနာဂတ်လူငယ်များ တိုးတက်စေရေးကိုရည်ရွယ်၍ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် ပညာသင်ယူနေသော ကျောင်းသား/သူ (၁၀)ဦးအား Scholarship ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို(၁၂.၉.၂၀၁၇)နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။