Good Brothers' Microfinancing Co., Ltd.

တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကကျသော ငွေကြေးလိုအပ်မှုကို ကူညီပေးနိုင်ရန် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Good Brothers’ Microfinancing Co.,Ltd ကို ၂၀၁၅ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ၃၆၀ ဒီဂရီ ပတ်လည် ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ပါသည်။ ဘဏ္ဌာရေး စီစစ်ရေး ဌာနမှ ခွင့်ပြုချက်လိုင်စင်ကို ၂၀၁၆ခုနှစ်တွင် ၀၂၄၀/၂၀၁၆ အမှတ်ဖြင့် ရရှိခဲ့ပါသည်။

ငွေချေးပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့်ကျောင်းကုန်မြို့နယ်များ တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ကုမ္ပဏီမှ တောင်သူဥွီးကြီးများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီပေးနိုင်ရန် စိုက်ပျိုးရေးဆိုင်ရာချေးငွေများ ထုတ်ချေးပေးခဲ့ပါသည်။ ထပ်မံ၍ MFI သည် UAPPT နှင့်ပူးပေါင်းပြီး တောင်သူများ မျိုးစပါးဝယ်ယူနိုင်ရေးအတွက်လည်း ငွေထုတ်ချေးပေးလျှက်ရှိပါသည်။

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုမ္ပဏီအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် တိုးချဲ့၍ ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ MFI အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မကွေးမြို့များတွင်လည်း ထပ်မံတိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။