Report To | - After Sales Services Assistant Manager |
Showroomမှ ရောင်းချထားသော ထွန်စက်/ ရိတ်စက်များအား စက်ပြုပြင်ထိန်းသိမ်းသည့်နည်းလမ်း များ / အသုံးပြုပုံများအား ရှင်းလင်းပြသပေးရန်။
Showroom မှရောင်းချထားသော ထွန်စက်/ရိတ်စက်များအား စည်းစနစ်ကျသော မောင်းနင်မှုစနစ်များ အားသင်ကြားပြသပေးရန်။
Service Department မှ ချမှတ်ထားသော target များအား ပြည့်မီစေရန် Service Center Manger နှင့် ပူးပေါင်းဆောင်ရွက်ရမည်။
INWARRANY နှင့် OUTWARRANTY စက်များအား တာဝန်ယူပြုပြင်ပေးရမည်။ Service Center ရှိ စက်များကို ဦးဆောင် ပြင်ဆင်ရမည်။
ကုမ္ပဏီမှ စီစဉ် ပေးသော လုပ်ငန်းကျွန်းကျင်မှု ဆိုင်ရာ သင်တန်းများ တက်ရောက်ရမည်။
နယ်ထွက်ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ / လုပ်ထုံးလုပ်နည်းများ/ ပြင်ဆင်မှုများအား စနစ်တကျ စီစဉ်ဆောင်ရွက်မှု ရှိရမည်။
ဝန်ဆောင်မှုဌာနမှ သွားရောက် စစ်ဆေးမှု ပြုလုပ်ပေးရသည့် စက်များအား customer စိတ်တိုင်းကျမှု 100 % ပြည့်မီအောင် ဆောင်ရွက်ပေးရမည်။
မိမိသည်ဝန်ဆောင်မှု သွားရောက်ရာတွင် မည်သည့်နယ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် မည်သို့ ဝန်ဆောင်မှု ပေးထားသည့် အခြေအနေများအား နေ့စဉ် Service Center Manager အား Report တင်ပေးရမည်။
(Daily Reports များကို နေ့စဉ် တင်ပေးရမည်) မိမိနယ်ခရီးမှပြန်ရောက်လာသည့်နေ့ (၂၄)နာရီအတွင်း စာရင်းဇယား ၊ပစ္စည်းစာရင်း ၊ Service Check Forms များအား Service Admin ထံသေချာစွာ ရှင်းလင်းပေးရမည်။
ဝန်ဆောင်မှုဌာနမှ အသုံးပြုသော ယာဉ်များအားလုံး၏ ကြံ့ ခိုင်မှုအား တာဝန်ယူစစ်ဆေးရမည်။ SERVICE CENTER သန့်ရှင်းရေးနှင့် ထိန်းသိမ်းမှု အပိုင်းများအား တာဝန်ယူဆောင်ရွက်ရမည်။
စက်ပြုပြင်ထိန်းသိမ်းမှု သင်တန်းများ၌ တောင်သူများအား သေချာစွာ သင်ကြားပြသပေးရမည်။
သင်ကြားမှု နည်းစနစ်များအားလည်း SENIOR MECHNICS များအား လက်ဆင့်ကမ်း သင်ကြားပေးရမည်။
Customer များမှ စက်အသုံးပြုသည့် အချိန်များအတွင် အဆင်မပြေမှုများအား ဖုန်းလက်ခံဖြေကြားကား အသေးစိတ်သေချာစွာ ရှင်းပြပေးရမည်။
ကုမ္ပကီမှ သတ်မှတ်ထားသော စည်းမျဉ်း/ စည်းကမ်းများအား မိမိကိုယ်တိုင်နှင့် လက်အောက်ဝန်ထမ်းများပါ လိုက်နာစေရန် ကြီးကြပ်ပေးရမည်။
ဝန်ဆောင်မှုသွားနေသည့် MECHANICS များ၏ အခက်အခဲများအားလည်း ကူညီဖြေရှင်းပေးရမည်။
ဝန်ဆောင်မှုပေးရန်အဆင်မပြေသည့် စက်များအား Service Admin နှင့် ပူးပေါင်း၍ ဖြေရှင်းပေးရမည်။
Service Center တွင် ပြင်ဆင်သော စက်များကိုလစဉ် Reports ပြုလုပ်ပြီး Service Manager ထံ တင်ပြရမည်။
စက်အသုံးပြုသူများထံ Mobile Service & Service Day များပြုလုပ်ပေးရမည်။
ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သော Smart Team, Quality Team ဖြစ်အောင် စံပြလုပ်ဆောင်ရမည်။
SERVICE TEAM အား ISO STANDARD နှင့်အညီပြုပြင်ဆောင်ရွက်စေရန် Service Admin နှင့် ပူးပေါင်း၍ကြီးကြပ်ပေးရမည်။
မိမိတို့ Service သွားရမည့် ဒေသတွင် အရောင်းဌာနဘက်တွင် စစ်ဆေးမှုများ ပြုလုပ်ရမည်ဆို ပါက ကူညီဆောင်ရွက်ပေးရန်။
( ဥပမာ - Ground Checking ) မိမိတို့ Service သွားရမည့် ဒေသ၏ လက်ရှိဈေးကွက်အခြေအနေအား သက်ဆိုင်ရာ ဌာနသို့ အကြံပြုဆွေးနွေးပေးရန်။
စက်ပစ္စည်းများ၏ အားသာချက် / အားနည်းချက်များအား အကြံပြုရန်။ Big DD ပွဲများရှိသည့်အခါများတွင် အကူအညီလိုအပ်ပါက ဝိုင်းဝန်းဆောင်ရွက်ရန်။