Good Brothers' Group Of Companies သည် စီးပွါးရေးလုပ်ငန်းများကိုသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများဘဝတိုးတက်မြင့်မားရေး ၊ ပြည်သူများ၏ အသက်၊အိုးအိမ်များ လုံခြုံစေရေးကိုပါ ရှေးရှုဆောင်ရွက်နေသော Company ဖြစ်သည့်အားလျော်စွာ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့ရသည့် ဒေသများအတွက် တစ်ဘက်တစ်လမ်းမှ သွားရောက်ကူညီ လှူဒါန်းခဲ့ပါသည်။ (၁၉.၈.၂၀၁၈)တွင် စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆင်ရွာ မှ အိမ်ထောင်စုပေါင်း - (၄၁၄)စု နှင့် မြစ်ကျိုးကျေးရွာမှ အိမ်ထောင်စုပေါင်း - (၅၄၀)စု အတွက် ဆန်၊ဆီ၊စားနပ်ရိက္ခာနှင့် ကျောင်းသုံးလွယ်အိတ် တို့အား သွားရောက်လှူဒါန်းခဲ့ပါသည်။ (၂၀.၈.၂၀၁၈)တွင် သံလွင်မြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ရွှေဂွန်းကျေးရွာ မှ အိမ်ထောင်စုပေါင်း - (၃၅၀)စု အတွက် ဆန်၊ဆီ၊စားနပ်ရိက္ခာ တို့အား သွားရောက်လှူဒါန်းခဲ့ပါသည်။