အခမ်းအနားနှင့်ပြပွဲများ

လုပ်ငန်းခွင်မှာသာမက လူ့အသိုက်အဝန်းအတွက်ပါ အကောင်းဆုံးဖြစ်အောင် ကုမ္ပဏီမှ ကြိုးပမ်းလျက်ရှိပါသည်။ ဦးဆောင်မှုကိုပေးလျက် လူ့အသိုက်အဝန်းအတွက် ကျွန်ုပ်တို့ တတ်နိုင်သလောက် ပြန်လည်ပေးဆပ်ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။ မကြာသေးခင်နှစ်များက ကုန်စည်ပြပွဲများ၊ အိမ်ရာဖွင့်ပွဲများ၊ ဆွေးနွေးပွဲများ၊ လူမှုရေးပွဲများ၊ အားကစားပွဲများ နှင့် ပညာရေး လှုပ်ရှားမှုများကို စပွန်ဆာပေးခြင်းများ စသည့် အောင်မြင်သည့် လှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့ပါသည်။

လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး မေးမြန်းလိုသည်များ၊ စိတ်ဝင်စားသည်များရှိပါက ဆက်သွယ်ရန် စာမျက်နှာသို့ သွားရောက်၍ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် ဆက်သွယ်ပြောဆိုနိုင်ပါသည်။

1st Myanmar Startup Show

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနမှ စီစဥ်ကျင်းပသည့် 1st Myanmar Startup Show ကို ၁၄.၃.၂၀၂၀ ရက်နေ့ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန(MITC) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထုတ်ကုန်များအဖြစ် စားသောက်ကုန်များ၊ ဒီဇိုင်နာအ၀တ်အထည်များ၊ လက်၀တ်ရတနာများ၊ လက်မှုပညာပစ္စည်းများ နှင့် နည်းပညာ၀န်ဆောင်မှုလုပ်ငန်းများလည်း ပါ၀င်ပြသခဲ့ပါသည်။ ယခုပြပွဲမှာ နိုင်ငံတိုးတက်မှုအတွက် အရေးကြီးတဲ့ တက်သစ်စလုပ်ငန်းများကို မြေတောင်မြှောက်ပေးသည့်ပွဲဖြစ်ကာ ပြည်တွင်းမှ နိုင်ငံတကာအဆင့်မီ ထုတ်ကုန်များ၊ အမှတ်တံဆိပ်များ ထုတ်လုပ် ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် Good Brothers’ မှ တစ်တပ်တစ်အားပါ၀င်ကာ 1st Myanmar Startup Show ကို စပွန်ဆာအဖြစ် ဂုဏ်ယူ၀မ်းမြောက်စွာ ပါ၀င်ဆင်နွှဲခဲ့ပါသည်။

MyJobs.com.mm Job Fair

MyJobs.com.mm မှ စီစဥ်ပြုလုပ်သည့် အလုပ်အကိုင်ရှာဖွေပွဲကြီးကို မတ်လ (၁၄) ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Good Brothers’ Group ဟာ လုပ်ငန်း (၁၃) ခု ဖြင့် ဖွဲ့စည်းထားသော ကုမွဏီကြီးတစ်ခုဖြစ်သည်နှင့်အညီ လူငယ်များအတွက် အခွင့်အလမ်းနေရာများစွာ ပေးလျက်ရှိပါသည်။ စဥ်ဆက်မပြတ် ကြီးထွားလျက်ရှိသော Good Brothers’ သည် အရည်အချင်းရှိသူများအား အစဥ်အမြဲရှာဖွေခေါ်ယူကာ အနာဂါတ်ခေါင်းဆောင်များ မွေးထုတ်ပေးနေပါသည်။ ယနေ့အချိန်တွင် GBS ဟာ မြန်မာနိုင်ငံ ၏ အမှတ်တံဆိပ်တစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး လူငယ်များရဲ့ အလုပ်လုပ်ရန် စိတ်အ၀င်စားဆုံး ကုမ္ပဏီတစ်ခုအပါအ၀င် ဖြစ်လာခဲ့ပါသည်။

မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှကြီးမှူးသည့် ပထမဆုံးအကြိမ် “မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀” ကို ဖေဖော်၀ါရီလ ၂၉ ရက် မှ မတ်လ ၄ ရက်နေ့အထိ ကန်တော်ကြီး ဆင်ဖြူကျွန်း ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော် စတင်ကျင်းပသည့် ဖေဖော်၀ါရီလ ၂၉ ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာသန်းမြင့် နှင့် ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓိကတင်ပို့ထုတ်ကုန်များ အဖြစ်ပါ၀င်တဲ့ ဖရဲ နှင့် သခွားမွှေးများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးထုတ်ကုန်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုပွဲတော်ကို ပါ၀င်ရသလို လက်တွေ့စိုက်ပျိုးနေသည့် တောင်သူဦးကြီးများကိုလည်း GBS မှ စစ်မှန်၍ သီးနှံများကို အာဟာရဖြည့်တင်းပေးသော ဓါတ်မြေသြဇာ များဖြင့် အထောက်အကူပြုလျက်ရှိပါသည်။

၂၀၂၀ မျိုးစေ့ပြပွဲ

နေပြည်တော်၊ ပျဉ်မနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းတွင် (၂၈.၁.၂၀၂၀) ရက်နေ့ မှ (၃၀.၁.၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် မျိုးစေ့ပြပွဲ (2020 Seeds Fair) အား မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟန်နရီ ဗန်ထီးယူ မှ တက်ရောက်ဖွင့်လှစ်ကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တင်ပို့ထုတ်ကုန် နှင့် စားသုံးမှု အရည်အသွေးကို ပိုမိုမြင့်မားလာစေလိုသော ရည်ရွယ်ချက်ဖြင့် နည်းပညာ နှင့် အသိပညာ များကို နှီးနှောဖလှယ်သည့်ပွဲကြီးတစ်ခု ဖြစ်ပါသည်။ Good Brothers’ မှ ယခုပြပွဲကြီးတွင် အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်စွမ်းရှိသည့် ဆန်စက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများကို အဓိကပြသခဲ့ပါသည်။

မြန်မာ့ ကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၂၀

ရန်ကုန်မြို့ တပ်မတော်ခန်းမ တွင် ဇန်နဝါရီလ (၂၅) ရက်နေ့ မှ (၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ ကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၂၀ ကို VSK International Co., Ltd မှ ပါဝင်ပြသခဲ့ပါတယ်။ VSK International မှ ဖြန့်ဖြူးလျက်ရှိသော Brand များ ဖြစ်သည့် Midea, TOSHIBA, TOTAL Tools နှင့် Pinwheel Pump များကို မိတ်ဆက်ရှင်းလင်း ပြသခဲ့ပါသည်။ စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အသက် ၂၂ နှစ်အောက် ထူးချွန်လူငယ်များကို ရွေးချယ်သည့် ပွဲတွင် ပါဝင် အထောက်အကူပြုရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

တူယှဉ်နွှဲပျော် မိုင်ဒီယာမိသားစုပွဲတော် မန္တလေး ၂၀၂၀

VSK International Co., Ltd. မှ မိုင်ဒီယာ ရဲ့ အကြီးဆုံးအိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းပွဲတော်ကြီးဖြစ်တဲ့ “တူယှဉ်နွှဲပျော် မိုင်ဒီယာမိသားစုပွဲတော်” ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ မှ (၁၂) ရက်နေ့အထိ Mandalay Yatanar Mall တွင် Midea ချစ်သူမိသားစုများအတွက် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Midea ရဲ့ အစဉ်အလာပွဲတော်ကြီး ကို စောင့်မျှော်နေကြတဲ့ မိဘပြည်သူများအတွက် ပျော်ရွှင်ဖွယ်ရာများ ပြည့်နှက်နေတဲ့ ပွဲတော်ကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ မိုင်ဒီယာ မိသားစုပွဲတော် မှ နှစ်စဉ်နှစ်တိုင်း သင့်ထံ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Sagaing International Trade Fair 2020

စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) မှ စီစဉ်ကြီးမှူးသည့် Sagaing International Trade Fair 2020 ကို ဇန်နဝါရီလ (၁၀)ရက်နေ့ မှ (၁၂)ရက်နေ့ အထိ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အိမ်နီးချင်း အာရှနိုင်ငံများမှ လုပ်ငန်းအဖွဲ့အစည်းများ ပူးပေါင်းပါဝင် ပြသခဲ့ပါသည်။ မြန်မာ့တောင်သူများ အတွက် အကျိုးဖြစ်ထွန်စေမည့် လုပ်ဆောင်ချက်များကို GBS မှ အစဉ်တွေးတော လုပ်ဆောင်လျက်ရှိပြီး ယခုလိုပြပွဲများမှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆက်အသွယ်ကောင်းများကို ရရှိစေပါသည်။

တူယှဉ်နွှဲပျော်မိုင်ဒီယာ မိသားစုပွဲတော် 2019

Good Brothers’ Group of Companies ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ VSK International Co., Ltd. ဟာ နာမည်ကြီး Midea အိမ်သုံးလျှပ်စစ်ပစ္စည်းများကို မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ၂၀၀၆ ခုနှစ်မှ စတင်ကာ ဖြန့်ချီရောင်းချခဲ့ပါသည်။ VSK International Co., Ltd. ဟာ Midea မိသားစုပွဲတော် ကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင်လည်း ယခင်နှစ်များနည်းတူ “တူယှဉ်နွှဲပျော်မိုင်ဒီယာ မိသားစုပွဲတော်” ကို Junction Square တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့ မှ (၁၅) ရက်နေ့အထိ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိတို့၏ မိသားစုများနှင့် အတူပျော်ရွှင်နိုင်စေရန် ကျင်းပရသည့် မိုင်ဒီယာမိသားစုပွဲတော်ကြီး ကို Midea ချစ်သူမိသားစုများစွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

နမ့်စန်မြို့၊သျှမ်းနှစ်သစ်ကူးပွဲတော်

နမ့်စန်မြို့၊သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲ ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၇) ရက် မှ (၁၁) ရက်နေ့အထိ နမ့်စန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ နှစ်သစ်ကူးဖွင့်ပွဲအခမ်းအနားသို့ သျှမ်းတိုင်းရင်းသားမိသားစုများနှင့် အတူတကွ Good Brothers’ Machineries မှလည်း ချစ်ကြည်ရင်းနှီးပျော်ရွှင်စွာတက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် ၏ နေရာဒေသနှင့် လိုက်ဖက်ညီသော စက်ပစ္စည်းများ၊ အင်ဂျင်များ၊ ဆက်စပ်ပစ္စည်းများ နှင့် GBS Chemical ၏ ဓါတ်မြေသြဇာ များကို ပြသရောင်းချခဲ့ရာ ညီနောင်တောင်သူဦးကြီးများရဲ့ စိတ်ဝင်စားမှု နှင့် တစ်ခဲနက် ဝယ်ယူအားပေးမှုတို့ကို ရရှိခဲ့ပါသည်။

GBS Dinner & Dance 2019 "Under the Stars"

GBS ဆိုတာ ဝယ်ယူသူများကို ရော ဝန်ထမ်းများကို ပါ တန်ဖိုးထား ဆက်ဆံတဲ့ ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၁၉၀၀ ကျော်ရဲ့ ဒုတိယ အိမ်ကြီးဖြစ်တဲ့ Good Brothers’ Group of Companies ကြီးဟာ သူ့ရဲ့ ဝန်ထမ်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့က ကြယ်တွေရဲ့ အောက်မှာ GBS Dinner & Dance 2019 ကို “Under the Stars” ဆိုတဲ့ နာမည်နဲ့ ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါတယ်။ လှည်းကူးမြို့ GBS ရုံးခွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းက GBS ဝန်ထမ်းများနဲ့ ခေါင်းဆောင်များစွာ ကိုဖိတ်ခေါ်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပရင်း iPhone ၄ လုံး၊ iPad အပါအဝင် တန်ဖိုးကြီး ဆုမဲများစွာကို ကံစမ်းမဲ ၁၄ ဆုထဲမှာ မဲဖောက်ပေးခဲ့ပါတယ်။ ပွဲအခမ်းအနားတွင် Founder ကြီး နှင့် CEO Mr.Jayရဲ့ စိတ်ဓါတ် ခွန်အား ဖြစ်ဖွယ် မိန့်ခွန်းများ၊ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမများရဲ့ သီဆိုဖျော်ဖြေမှုများ၊ ဝန်ထမ်းများအဖွဲ့လိုက် ယှဉ်ပြိုင်ခဲ့တဲ့ ဖက်ရှင်ပြိုင်ပွဲများ၊ DJ ရဲ့ ဖျော်ဖြေမှု၊ အဆိုတော် ရဲရင့်အောင် ရဲ့ ဖျော်ဖြေမှု များနှင့် ပျော်ပွဲရွှင်ပွဲကြီးကို ကြယ်ရောင်စုံရဲ့ အောက်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

AGRITECHNICA ASIA LIVE 2019

နေပြည်တော်၊ တပ်ကုန်းမြို့တွင် နိုဝင်ဘာလ (၂၉) ရက်နေ့ နှင့် (၃၀) ရက်နေ့များတွင် ကျင်းပခဲ့သည့် AGRITECHNICA ASIA LIVE အမည်ဖြင့် နောက်ဆုံးပေါ် လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများ၊ နည်းပညာများ နှင့် ကိရိယာများကို လက်တွေ့သရုပ်ပြမှုများ အပါအဝင် မြန်မာ့တောင်သူဦးကြီးများအတွက် တစ်စုတစည်းတည်းပြသခဲ့သည့် ပွဲကြီးဖြစ်ပါသည်။ AGRITECHNICA သည်ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင်လည်း ကျင်းပပြုလုပ်လျက်ရှိသော နာမည်ကျော် စိုက်ပျိုးရေးနည်းပညာပြပွဲကြီးဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် Good Brothers’ Group of Companies ၏ ပြခန်းသို့ လာရောက်လေ့လာသူတောင်သူဦးကြီးများကို GBS ၏ ကျွမ်းကျင်ဝန်ထမ်းများက စက်ပစ္စည်းနှင့် နည်းပညာများအား ရှင်းလင်းဝန်ဆောင်မှုပေးကာ စက်ပစ္စည်းများကိုရောင်းချပေးခဲ့ပြီး အသိပညာများလည်း မျှဝေပေးနိုင်ခဲ့ပါသည်။

China Brand Show Expo 2019

ရန်ကုန်မြို့၊ ဦးဝိစာရလမ်း ပေါ်ရှိ တပ်မတော်ခန်းမ တွင် နိုဝင်ဘာလ (၂၂) ရက်နေ့ မှ (၂၄) ရက်နေ့အထိ China Agricultural Materials, Technology, Equipment and Engineering Machinery Brand Show (Myanmar) ကို ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို တရုတ်နိုင်ငံထုတ် လယ်ယာသုံး ကိရိယာ၊ နည်းပညာ၊ စက်ပစ္စည်းများနှင့် စက်မှုပညာ ပြပွဲကြီးတွင် ကျွန်တော်တို့ Good Brothers’ Group of Companies မှ ခေတ်မီ အရည်အသွေးမြင့် လယ်ယာသုံးစက်ပစ္စည်းများစွာ၊ ဆန်စက်၊ ဆီစက်၊ အင်ဂျင်၊ မော်တာ၊ ပန့် နှင့် အခြားလယ်ယာသုံး ဆက်စပ်ပစ္စည်းများစွာကို ပါဝင်ပြသခဲ့ပြီး စိတ်ဝင်စား၍ လာရောက်ကြည့်ရှုဝယ်ယူသူ အထူးများပြားခဲ့ပါသည်။ ယခု ပြပွဲကြီးတွင် GBS မှ ပါဝင်ပြသခြင်း၏ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းများ၊ နည်းပညာများ နှင့် ကိရိယာများ ၏ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍအား တစ်ဖက်တစ်လှမ်းမှ အကျိုးပြုပုံ ကို ထင်သာစွာ သိရှိမြင်တွေ့နိုင်စေရန်ဖြစ်ပြီး Good Brothers’ Group of Companies မှ တရုတ်နိုင်ငံထုတ် အရည်အသွေးအကောင်းဆုံး လယ်ယာသုံးပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။

Mandalay International Trade Fair (2019)

မန္တလေးမြို့တော်ခန်းမတွင် နိုဝင်ဘာလ (၁၃) ရက်နေ့ မှ (၁၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Mandalay International Trade Fair ကြီးတွင် Good Brothers’ Group of Companies မှ ဆန်လုပ်ငန်းနှင့် စားသုံးဆီလုပ်ငန်းများတွင် အရည်အသွေးမြင့်ကုန်ချောများကို ထုတ်လုပ်ပေးနိုင်သည့် Chen Liang Ji ဆန်ဖြူဖွပ်စက်၊ Jinggu ဆန်စက်အသေး၊ Guangxin Five Star ဆီကြိတ်စက်၊ ဆီစစ်စက်များနှင့် GBS ဓါတ်မြေသြဇာများကို ပါဝင်ပြသရောင်းချခဲ့ပြီး Good Brothers’ Group of Companies ရဲ့ ပြခန်းသို့ စိတ်ဝင်တစား လာရောက်ဝယ်ယူကြည့်ရှုကြသူများကိုလည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

UMFCCI Centennial International Expo

စက်တင်ဘာလ ၂၀ရက် ကနေ ၂၂ရက်နေ့ အထိ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမ ပေါ်ရှိ Fortune Plaza တွင် UMFCCI ၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် အခမ်းနားဆုံး ကုန်စည်မျိုးစုံပြပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ တက်ရောက်ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုကုန်စည်ပြပွဲကြီးမှာ Good Brothers’ Group of Companies မှ နောက်ဆုံးပေါ်မော်ဒယ်(လ်) TVS အိန္ဒိယသုံးဘီးဆိုင်ကယ် နှင့် ကုမ္ပဏီခွဲ VSK International မှမြန်မာနိုင်ငံ၏ တစ်ဦးတည်းတရားဝင်တင်သွင်းဖြန့်ချီသူအဖြစ် ရောင်းချလျက်ရှိတဲ့ ဂျပန်နိုင်ငံထုတ် အရည်အသွေးမြင့် နောက်ဆုံးပေါ် TOSHIBA တံဆိပ်အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပါဝင်ခင်းကျင်းပြသခဲ့ပါတယ်။ ပြခန်းများသို့လာရောက်ကြည့်ရှုဝယ်ယူသူများအတွက်လည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကံစမ်းမဲအစီအစဉ်များလည်းပါဝင်ခဲ့ပါတယ်။

VSK INTERNATIONAL'S TOSHIBA MANDALAY SHOWROOM OPENING

VSK International ရဲ့ ဒုတိယမြောက် TOSHIBA Showroom ကိုပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့က မန္တလေးမြို့၊ (၃၅)လမ်း၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြားတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။။ နာမည်ကြီး ဂျပန်ထုတ်ကုန်အမှတ်တံဆိပ် TOSHIBA ဟာ အဆိုပါ Showroom တွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ ဖျော်စက်၊ လျှပ်စစ်ရေနွေးအိုး တို့ကိုပြသရောင်းချနေပြီး မကြာခင်တွင်လည်း ထုတ်ကုန်အသစ်များအဖြစ် မိုက်ခရိုဝေ့(ဗ်) နှင့် အခြားအိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလအတွင်း Lucky Draw၊ လျှော့ဈေးများ၊ ဗလာမပါခဲခြစ်ငွေသားကံစမ်းမဲတွေ ပေးသွားမယ့် အစီအစဉ် လည်းပြုလုပ်လျက်ရှိပါသည်။ Japan နိုင်ငံ၏နာမည်ကျော် TOSHIBA Brand ကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းတရားဝင်တင်သွင်းဖြန့်ချီသူဖြစ်တဲ့ VSK International မှ ဖိတ်ကြားထားသောဧည့်သည်များ၊ ကြည့်ရှုဝယ်ယူသူများ၊ သတင်းမီဒီယာများ၊ ဖျော်ဖြေမှုအစီအစဉ်များ နှင့် TOSHIBA “No Drama” Campaign ၏ကိုယ်စားလှယ်များဖြစ်ကြတဲ့ တေးသံရှင် R ဇာနည် နှင့် ဇနီး ဝမ်း တို့နှင့်အတူ TOSHIBA အရောင်းပြခန်းကို ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။

Sugar Forum ၂၀၁၉ နေပြည်တော်

Sugar Forum ၂၀၁၉ ကို နေပြည်တော်ရှိ Horizon Lake View Hotel Resort တွင် စက်တင်ဘာ ၁၀ ရက် နှင့် ၁၁ ရက် များတွင်ကျင်းပခဲ့ပြီး Good Brothers’ Group of Companies မှ ကြံစိုက်ပျိုးရာတွင်လိုအပ်သည့် အသေးစားချေးငွေလုပ်ငန်းဝန်ဆောင်မှု၊ ဓာတ်မြေသြဇာ နှင့် သွင်းအားစုများဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေးစက်ပစ္စည်းများကို ထည့်သွင်းပါဝင်ပြသခဲ့ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ မှလည်း Sugar Forum ၂၀၁၉ အားတက်ရောက်ခဲ့ပြီး ပြခန်းဖြင့်ပြသထားသောလုပ်ငန်းများ၏ ဝန်ဆောင်မှုများကို လေ့လာကြည့်ရှုခဲ့ပြီး နိုင်ငံ့သကြားလုပ်ငန်းတိုးတက်ဖော်ဆောင်နိုင်ရန် အကြံပြုပြောကြားခဲ့ပါသည်။ Good Brothers’ Group of Companies ဟာ မကြာခင်အချိန်တွင် ကြံစိုက်ပျိုးရေးနှင့် သကြားလုပ်ငန်းတွင် ထိရောက်အကျိုးရှိစွာဝန်ဆောင်မှုပေးနိုင်ပြီး မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကို နောက်တစ်ဆင့်မြင့်မားစေရန် ရည်ရွယ်ဖော်ဆောင်လျက်ရှိပါသည်။

TVS Showroom Opening

Good Brothers’ Co., Ltd မှ အောက်မြန်မာပြည်ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချလျက်ရှိသော ပို့ဆောင်ဆက်သွယ်ရေးအခန်းကဏ္ဍနှင့် မောင်းနှင်သူရော စီးနင်းသူကိုပါ အဆင်ပြေအထောက်အကူဖြစ်စေသည့် သစ်လွင်တောက်ပတဲ့ အသွင်ပုံစံနဲ့ အရည်အသွေးမြင့် TVS သုံးဘီးမော်တော်ယာဉ်များကို ဝယ်ယူရအဆင်ပြေစေရန် လှည်းကူးမြို့နယ်တွင် TVS showroom နှင့် service center ဖွင့်ပွဲအခမ်းအနားကို ၃၁.၈.၂၀၁၉ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ Good Brothers’ Co., Ltd. နှင့် TVS မှတာဝန်ရှိသူများမှ အရောင်းပြခန်းအားတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖိတ်ကြားထားသော အရောင်းကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြပါသည်။

Sesame Reaper Binder Demonstration Event

Good Brothers’ Co., Ltd. မှ မကွေးတိုင်းရှိ တောင်သူဦးကြီးများနှင့် မိတ်ဟောင်းမိတ်သစ်များအတွက် လယ်ယာသုံး စက်ပစ္စည်းများဖြစ်ကြသော လက်တွန်းနှမ်းရိတ်စည်းစက်နှင့် လေးဘီးထိုင်မောင်းနှမ်းရိတ်စည်း စက်ကိရိယာများ သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ၂၉.၈.၂၀၁၉ ရက်နေ့တွင် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်မိုးညို နှင့် မကွေးတိုင်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး တို့မှ အခမ်းအနားအား တက်ရောက်ကြည့်ရှုခဲ့ကြပါသည်။ Good Brothers’ Co., Ltd မှ စက်များ၏ မောင်းနှင်ပုံ၊ ထိရောက်လျင်မြန်အကျိုးရှိပုံကို ပြသခဲ့ပြီး နှမ်းစိုက်တောင်သူများနှင့် လေ့လာသူအများအပြား တက်ရောက်ခဲ့ကြပါသည်။

Toshiba Showroom Opening

VSK International နှင့် Toshiba တို့ရဲ့ မြန်မာနိုင်ငံတွင်ပထမဦးဆုံးသော တရားဝင် Toshiba Showroom ၏ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ၊ (၂၇) ရက်နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းတွင် အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့အချစ်တော် တေးသံရှင် အာဇာနည် နှင့်ဇနီး ဝမ်း တို့မှ တက်ရောက်ခဲ့ပြီး သတင်းနှင့်မီဒီယာ အဖွဲ့ များကိုလည်း ဖိတ်ကြားခဲ့ပါသည်။ တက်ရောက်ပေးခဲ့ကြသူအားလုံး ကိုလည်း VSK International နှင့် Toshiba မှ အထူကျေးဇူးတင်ရှိပါကြောင်း ထပ်ဆင့် ပြောကြားလိုပါသည်။

MSMEs Event in Pakokku

GBS မှ main sponsor အဖြစ်ကူညီပံ့ပိုးပေးခဲ့သော ပခုက္ကူမြို့ MSMEs အရောင်းပြပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် ဇူလိုင်လ၊ ၂၀၊ ၂၁၊ ၂၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်မိုးညို မှတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပခုက္ကူမြို့သူမြို့သားများဖြင့်အထူးစည်ကား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ပွဲတွင် Good Brothers’ အရောင်းပြခန်းသို့လာရောက်စုံစမ်းဝယ်ယူသူလယ်သမားဦးကြီးများကိုလည်း အကောင်းမွန်ဆုံးဖြည့်ဆည့်ရောင်းချပေးနိုင်ခဲ့ပါတယ်။

Mandalay International Trade Fair

မန္တလေးမြို့ MICC ခန်းမတွင် (၂၃.၃.၂၀၁၉) မှ (၂၅.၃.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Mandalay International Trade Fair ကို Good Brothers’ Co., Ltd မှ Gold sponsor အဖြစ် ပါဝင်ပံပိုးကူညီခဲ့ပါသည်။ Good Brothers’ Co., Ltd မှ လယ်ယာလုပ်ငန်းစက်ပစ္စည်းမျိုးစုံကိုခင်းကျင်းပြသရောင်းချခဲ့ပြီး နေ့စဉ်လာရောက် ကြည့်ရှုဝယ်ယူသူများဖြင့် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

MSMES PRODUCT EXIBITION AND COMPETITION (Nay Pyi Taw)

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ၏ ဦးဆောင်မှုဖြင့် ဒသမ အကြိမ်မြောက် MSMEs ထုတ်ကုန် ဒေသတွင်း ထုတ်ကုန်အရောင်းပြပွဲ၊ ပြိုုင်ပွဲနှင့် ဆုချီးမြှင်ပွဲအခမ်းအနား (နေပြည်တော် MICC 2) တွင် ကျွန်တော်များ GOOD BROTHERS’ COMPANY LIMITED မှ Main Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ပြီး ပြခန်းများလည် ခင်းကျင်းပြသခဲ့ပါသည်။

VSK International မှ Toshiba ‘No Drama’ Launch

VSK International မှ Toshiba ‘No Drama’ Launch

Peasants' Day 2019

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ တောင်သူလယ်သမားနေ့ အခမ်းအနားအား အိမ်မဲမြို့နယ် ၊ ရွာသစ်ကျေးရွာအုပ်စု ၊ တောင်စုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Dealers Annual Event

(17.2.2019)တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အရောင်းကိုယ်စားလှယ်ကြီးများအား ဂုဏ်ပြုပွဲ အခမ်းအနားကို Good Brothers' Co.,Ltd (လှည်းကူး)ရုံးခွဲ၌ ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

MSMEs Product Exibition And Competition (Myeik)

“အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ၏ ဦးဆောင်မှုဖြင့် နဝမအကြိမ်မြောက် MSMEs ထုတ်ကုန် ဒေသတွင်း ပြပွဲ၊ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား (တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့)”တွင် ကျွန်တော်များ GOOD BROTHERS' COMPANY LIMITED မှ Main Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ပြီး ပြခန်းများလည်းခင်းကျင်းပြသခဲ့ပါသည်။

MSMEs Product Exibition And Competition (Mawlamying)

''အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ အဋ္ဌမအကြိမ်မြောက် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် MSMEs ဒေသတွင်းထုတ်ကုန် ပြပွဲ၊ပြိုင်ပွဲနှင့်စျေးရောင်းပွဲ'' တွင် ကျွန်တော်များ GOOD BROTHERS' COMPANY LIMITED မှ Main Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ပြီး ပြခန်းများလည်းခင်းကျင်းပြသခဲ့ပါသည်။

MSMEs Product Exibition and Competition (Yangon)

'အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ'' မှ ကြီးမှူးကျင်းပသော '' သတ္တမအကြိမ်မြောက် MSMEs ဒေသတွင်းထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ(ရန်ကုန်တိုင်းဒေသကြီး)'' တွင် ကျွန်တော်များ GOOD BROTHERS' COMPANY LIMITED မှ Main Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ပါသည်'

MSMEs Product Exibition and Competition (Bago)

''အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ'' မှ ကြီးမှူးကျင်းပသော ''ဆဋ္ဌမအကြိမ်မြောက် MSMEs ဒေသတွင်းထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ'' တွင် ကျွန်တော်များ GOOD BROTHERS' COMPANY LIMITED မှ Main Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ပါသည်

MSMEs Product Exibition and Competition (Monywa)

''အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ'' မှ ကြီးမှူးကျင်းပသော ''ပဥ္စမအကြိမ်မြောက် MSMEs ဒေသတွင်းထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ'' တွင် ကျွန်တော်များ GOOD BROTHERS' COMPANY LMITED မှ Main Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ပါသည်

MSMEs Trade Promotion & Regional Award

ပုသိမ်မြို့၊ တတိယအကြိမ်မြောက် MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ အခမ်းအနားတွင် Good Brothers’ Co., Ltd မှ Main Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပြီး ပြခန်းများ ခင်းကျင်းပြသခဲ့ပါသည်။

MSMEs Trade Promotion & Regional Award

မကွေးမြို့၊ ဒုတိယအကြိမ်မြောက် MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ အခမ်းအနားတွင် Good Brothers’ Co., Ltd မှ Main Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပြီး ပြခန်းများ ခင်းကျင်းပြသခဲ့ပါသည်။

MSMEs Trade Promotion & Regional Award

တောင်ကြီးမြို့၊ စတုတ္ထအကြိမ်မြောက် MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ အခမ်းအနားတွင် Good Brothers’ Co., Ltd မှ Main Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပြီး ပြခန်းများ ခင်းကျင်းပြသခဲ့ပါသည်။

DAP Fertilizer Campaign

DAP Fertilizer Campaign

တောင်သူလယ်သမားနေ့ အထူးဂုဏ်ပြုပွဲ

တောင်သူလယ်သမားနေ့ အထူးဂုဏ်ပြုပွဲ

Zoomlion Products Demonstration

Zoomlion Products Demonstration

Yangon Wuling Product Introduction

Yangon Wuling Product Introduction

VSK Midea Promotion - 2017

VSK Midea Promotion - 2017

Robin Engine Introduction

Robin Engine Introduction

Microfinance Campaign

On site microfinance campaign