နမ့်စန်မြို့၊သျှမ်းနှစ်သစ်ကူးပွဲတော်

နမ့်စန်မြို့၊သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲ ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၇) ရက် မှ (၁၁) ရက်နေ့အထိ နမ့်စန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ နှစ်သစ်ကူးဖွင့်ပွဲအခမ်းအနားသို့ သျှမ်းတိုင်းရင်းသားမိသားစုများနှင့် အတူတကွ Good Brothers’ Machineries မှလည်း ချစ်ကြည်ရင်းနှီးပျော်ရွှင်စွာတက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် ၏ နေရာဒေသနှင့် လိုက်ဖက်ညီသော စက်ပစ္စည်းများ၊ အင်ဂျင်များ၊ ဆက်စပ်ပစ္စည်းများ နှင့် GBS Chemical ၏ ဓါတ်မြေသြဇာ များကို ပြသရောင်းချခဲ့ရာ ညီနောင်တောင်သူဦးကြီးများရဲ့ စိတ်ဝင်စားမှု နှင့် တစ်ခဲနက် ဝယ်ယူအားပေးမှုတို့ကို ရရှိခဲ့ပါသည်။