Good Brothers’ Co., Ltd. မှ မကွေးတိုင်းရှိ တောင်သူဦးကြီးများနှင့် မိတ်ဟောင်းမိတ်သစ်များအတွက် လယ်ယာသုံး စက်ပစ္စည်းများဖြစ်ကြသော လက်တွန်းနှမ်းရိတ်စည်းစက်နှင့် လေးဘီးထိုင်မောင်းနှမ်းရိတ်စည်း စက်ကိရိယာများ သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ၂၉.၈.၂၀၁၉ ရက်နေ့တွင် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်မိုးညို နှင့် မကွေးတိုင်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး တို့မှ အခမ်းအနားအား တက်ရောက်ကြည့်ရှုခဲ့ကြပါသည်။ Good Brothers’ Co., Ltd မှ စက်များ၏ မောင်းနှင်ပုံ၊ ထိရောက်လျင်မြန်အကျိုးရှိပုံကို ပြသခဲ့ပြီး နှမ်းစိုက်တောင်သူများနှင့် လေ့လာသူအများအပြား တက်ရောက်ခဲ့ကြပါသည်။