VSK International ရဲ့ ဒုတိယမြောက် TOSHIBA Showroom ကိုပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့က မန္တလေးမြို့၊ (၃၅)လမ်း၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြားတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။။ နာမည်ကြီး ဂျပန်ထုတ်ကုန်အမှတ်တံဆိပ် TOSHIBA ဟာ အဆိုပါ Showroom တွင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ ဖျော်စက်၊ လျှပ်စစ်ရေနွေးအိုး တို့ကိုပြသရောင်းချနေပြီး မကြာခင်တွင်လည်း ထုတ်ကုန်အသစ်များအဖြစ် မိုက်ခရိုဝေ့(ဗ်) နှင့် အခြားအိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလအတွင်း Lucky Draw၊ လျှော့ဈေးများ၊ ဗလာမပါခဲခြစ်ငွေသားကံစမ်းမဲတွေ ပေးသွားမယ့် အစီအစဉ် လည်းပြုလုပ်လျက်ရှိပါသည်။ Japan နိုင်ငံ၏နာမည်ကျော် TOSHIBA Brand ကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းတရားဝင်တင်သွင်းဖြန့်ချီသူဖြစ်တဲ့ VSK International မှ ဖိတ်ကြားထားသောဧည့်သည်များ၊ ကြည့်ရှုဝယ်ယူသူများ၊ သတင်းမီဒီယာများ၊ ဖျော်ဖြေမှုအစီအစဉ်များ နှင့် TOSHIBA “No Drama” Campaign ၏ကိုယ်စားလှယ်များဖြစ်ကြတဲ့ တေးသံရှင် R ဇာနည် နှင့် ဇနီး ဝမ်း တို့နှင့်အတူ TOSHIBA အရောင်းပြခန်းကို ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။