ကိုဗစ် - ၁၉ ကာကွယ်ဆေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းထည့်ဝင်လှူဒါန်းခြင်း

ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ရိုက်ခတ်မှုသည် မြန်မာနိုင်ငံတွင်လည်း သက်ရောက် မှုကြီးမားပါသည်။ မြန်မာနိုင်ငံတွင် မကြာမီအချိန်တွင် ကာကွယ်ဆေးပေးနိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ ကို ဖွဲ့စည်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို တည်ထောင်၍ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် မှလည်း ကိုဗစ်−၁၉ ကာကွယ်ဆေးရရှိရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီသောအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေ (COVID-19 Vaccination Fund) အတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၏ ဦးဆောင်စည်းရုံးမှုဖြင့် အမေရိကန်ဒေါ်လာ တစ်သိန်း ၊ USD (100,000) ကို တစ်တပ်တအား ထည့်ဝင်လှူဒါန်းခဲ့ပါကြောင်း လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် Customerများအားလုံးကို ၀မ်းမြောက်စွာ အသိပေး အကြောင်း ကြားအပ်ပါသည်။ မြန်မာ နိုင်ငံသူနိုင်ငံသားများ အားလုံး ကျန်းမာဘေးကင်းသော နေ့ရက်များဆီသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေဖို့ Good Brothers’ Co., Ltd. မှ ဆုတောင်း မေတ္တာပို့လိုက်ရပါသည်။