ညီနောင်ကောင်းတစ်ဦးအဖြစ် အစဉ်အမြဲတည်ရှိလျက် GBS

Good Brothers' Group of Companies ၏ မြန်မာနိုင်ငံအနှံ့အပြားရှိ ကုမ္ပဏီခွဲ ၁၃ ခု နှင့် ရုံးခွဲပေါင်း ၃၀ ကျော်မှ ဝန်ထမ်း ၁၈၀၀ ကျော်သည် GBS Group အတွက်စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်နေသူများသာမက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ နှင့် လူနေထိုင်မှုဘဝပုံစံများကိုပါ တတ်စွမ်းနိုင်သမျှ မြှင့်တင်ဖော်ဆောင်နေသူများပင်ဖြစ်ပါသည်။ ယခုကဲ့သို့ ခက်ခဲသောအချိန်အခါများတွင် Good Brothers’ Group of Companies သည် မိသားစုဝင်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားကြိုးစားကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါသည်။ အမှုဆောင်အရာရှိချုပ် Mr. J. Rahiman နှင့် ခေါင်းဆောင်များမှ ဝန်ထမ်းများအား စိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် ကတိပေးမှာကြားခဲ့ပြီး ကူးစက်ရောဂါပိုးအန္တရာယ်မှ ကာကွယ်ရန် နည်းလမ်းများဖြစ်တဲ့ မျက်နှာဖုံးများ၊ လက်အိတ်များ၊ လက်သန့်စင်ဆေးရည်များ၊ ရုံးအကြိုအပို့အစီအစဉ်များ၊ လုပ်ငန်းခွင်အတွင်း သတ်မှတ်ချက်များနှင့်အညီ နေရာချထားခြင်း၊ လက်ဆေးရန် ဘေစင်များ၊ Covid-19 ကူးစက်ရောဂါ အသိပညာပေးပိုစတာများ၊ လုပ်ငန်းခွင်အတွင်း ပိုးသတ်သန့်စင်ခြင်း၊ အလှည့်ကျနေအိမ်များမှ အလုပ်လုပ်စေခြင်း၊ နိုင်ငံတော် အစိုးရ၏ အမိန့်ကြေငြာချက်များနှင့်အညီ ရုံးတွင်းထုတ်ပြန်ညွှန်ကြားချက်များ၊ ဝန်ထမ်းများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း အစရှိသည်တို့ကို ပြည့်စုံစွာစီစဉ်ဆောင်ရွက်ထားလျက် ရှိပါသည်။