စိုက်ပျိုးရေးရာအဖြေရှာ ညီနောင်တို့ရဲ့အားထားရာ

ကျွန်တော်တို့ ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီများလုပ်ငန်းစု မှ customer များနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အစဥ် အလေးထားလျှက်ရှိပါသည်။ ဝန်ဆောင်မှုများကို ဆက်လက်၍ အချိန်နှင့်တစ်ပြေးညီ ပေးနိုင်ပြီး တန်ဖိုးထားချစ်ခင်ရသော customer များ နှင့် ဝန်ထမ်းများ အတွက် လုံခြုံစိတ်ချရသော အလုပ်ခွင်တစ်ခုဖြစ်ရန် အမြဲတစေစီမံထားရှိပါသည်။ ကျွန်တော်တို့၏ တစ်နိုင်ငံလုံးရှိ ဂွတ်(ဒ်)ဘရားသား(စ်) ရုံးခွဲများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) နှင့် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ဆက်လက်ဖွင့်လှစ်လျှက်ရှိပါသည်။