GBS နှင့် စားသုံးသူရေးရာ ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလ လိုအပ်ချက်အရ ပြည်သူများအတွက် FDA အသိအမှတ်ပြု 3 Ply Surgical Maskများ ဈေးသက်သာစွာတင်သွင်းဖြန့်ဖြူး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် COVID-19 ကာလအတွင်း ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ၊ စားသောက်ကုန်များ၊ လူသုံးကုန်များ အဆမတန် ဈေးမြင့်တက်ခြင်း မရှိစေရန် ဆောင်ရွက်လျှက်ရှိပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု မှ စားသုံးသူရေးရာဦးစီးဌာန နှင့် ပူးပေါင်း၍ အများပြည်သူရဲ့ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေးအတွက် မဖြစ်မနေ လိုအပ်သော နှာခေါင်းစည်း(Mask) များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် တင်သွင်း၍ ဈေးကွက်လိုအပ်ချက်ကို ဖြည့်စည်းခဲ့ပါသည်။

Source – News Watch Weekly