ကျွန်ုပ်တို့၏ လုပ်ငန်းများtest

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်

ကြီးမားသော အိပ်မက်များ၊ သေးငယ်သော စတင်မှုများဆိုသော စကားသည် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်၏ အကျဉ်းချုပ်ဖွင့်ဆိုမှု ဟုဆိုနိုင်ပါသည်။ တစ်ချိန်က စက်ပစ္စည်းအသေးစားများနှင့် အင်ဂျင်များကို ဖြန့်ဖြူးခဲ့ပြီး ဆယ်စုနှစ် () ခုအကြာ ယနေ့မှာတော့ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်သည် လယ်ယာသုံးစက်ပစ္စည်းများ နှင့် ယာဉ်များကို ဖြန့်ဖြူးရောင်းချလျက် မြန်မာနိုင်ငံတွင်းမှာ ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်ပါသည်။

ပြောင်းလဲလာသော ခေတ်နှင့်အညီ စက်မှုလယ်ယာစနစ်ဟာ မဝေးတော့သော အနာဂါတ်တစ်ခုဖြစ်ပြီး ခေတ်သစ်လယ်ယာစိုက်ပျိုးရေး ရေရှည်တည်တံ့ခိုင်မြဲမှု၏ အဓိကအချက်ပင်ဖြစ်ပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် အနေဖြင့် တောင်သူများ၏ လူလုပ်အားကိုလျှော့ချနိုင်ပြီး အထွက်နှုန်းပိုတိုးစေဖို့ ထိပ်တန်းအဆင့်ရှိသော စက်ပစ္စည်းများကိုသာ ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ ကုမ္ပဏီ၏ ရုံးခွဲ (၂၇) ခုမှ ရေယာဉ်အင်ဂျင်များ၊ ဂီယာဘောက်(စ်)များ၊ ဆန်စက်များ၊ သီးနှံအခြောက်ခံစက်များ၊ လယ်ယာသုံးယာဉ်များမှ စက်ယန္တရားကြီးများအထိ စုံလင်ကျယ်ပြန့်လှသော စိုက်ပျိုးရေးသုံးစက်ပစ္စည်းများကို ဖြန့်ဖြူးလျက်ရှိပါသည်။

SBU Profiles

ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်

ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက် (လိုင်စင်အမှတ် ၀၂၄၀/၂၀၁၆) သည် မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးလူမှုအဖွဲ့အစည်းအတွင်းရှိ အခြေခံငွေကြေးလိုအပ်ချက်ကို ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် တွင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

read more

ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကိုက်ညီသော ဓါတ်မြေဩဇာ ထုတ်ကုန်များ ထုတ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက် ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။

read more

ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

လယ်ယာစိုက်ခင်းတစ်ခုကို အောင်မြင်အောင်စိုက်ပျိုးနိုင်ဖို့ဆိုတာ စိုက်ပျိုးတတ်သူတစ်ဦးဖြစ်ရုံနဲ့တင် မလုံလောက်ပါဘူး၊ ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အဖွဲ့ကို လိုအပ်ပါသည်။ သို့ပေမယ့် တောင်သူတိုင်းတွင် ဒီလိုအဖွဲ့ရှိမှာမဟုတ်ဘူး ဆိုသောအသိဖြင့် တောင်သူများ၏ လိုအပ်ချက်အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရန် ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ကိုတည်ထောင်ခဲ့ပါသည်။

read more

စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (UAPPT)

ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစုသည် ၂၀၁၀ ခုနှစ်တွင် စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (UAPPT) ကို ဆားမလောက်ကျေးရွာ၊ ညောင်တုန်းမြို့၊ ဧရာဝတီတိုင်းတွင် တည်ထောင်ခဲ့ပါသည်။

read more

ကူဘိုတာ ဂျီဘီအက်(စ်) ကုမ္ပဏီလီမိတက်

ရာစုနှစ်တစ်ခုကျော် ရပ်တည်ပြီးဖြစ်သည့် ကူဘိုတာ အမှတ်တံဆိပ်သည် လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများကို ထုတ်လုပ်သော ဂျပန်အမှတ်တံဆိပ်တစ်ခုအဖြစ်သာမက ကူဘိုတာစက်ပစ္စည်းများ၏ မြင့်မားလှသော စွမ်းဆောင်ရည်နှင့် ယုံကြည်အားထားရမှုကြောင့် တစ်ကမ္ဘာလုံး၏ စိုက်ပျိုးရေးဈေးကွက်တွင် ကောင်းသတင်းမွှေးသော ဂျပန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။

read more

ဂွတ်(ဒ်)ဘရားသား(စ်) ကုန်မာမာ့(တ်) ကုမ္ပဏီလီမိတက်

ဝယ်ယူသုံးစွဲသူများနှင့် မိတ်ဖက်လုပ်ငန်းမျာကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လုပ်ငန်းချဲ့ထွင်ရန် လိုအပ်ချက်ကြောင့် ၁၉၉၈ ခုနှစ်ကတည်းက တည်ရှိခဲ့သော ဂွတ်(ဒ်)ဘရားသား(စ်) အပိုပစ္စည်းဌာနအား စက်တင်ဘာလ ၂၀၂၀ ခုနှစ် တွင် ဂွတ်(ဒ်)ဘရားသား(စ်) ကုန်မာမာ့(တ်) ကုမ္ပဏီလီမိတက် အမည်ဖြင့် ကုမ္ပဏီခွဲအသစ်အဖြစ် တည်ထောင်ခဲ့ပါသည်။

read more

ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက်

ဂျီဘီအက်(စ်) သည် တရုတ်နိုင်ငံမှ ဇူး(မ်)လိုင်းရွန်း ထွန်စက်များကို ၂၀၁၅ ခုနှစ် ကတည်းက ဖြန့်ချီခဲ့သော်လည်း ၂၀၂၀ ခုနှစ်မှသာ ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက် အမည်ဖြင့် ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစု၏ တရားဝင်ကုမ္ပဏီခွဲအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ဆဌမအကြီးဆုံး နှင့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် လယ်ယာသုံးစက်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအဖွဲ့အစည်းကြီးဖြစ်သည့် ဇူး(မ်)လိုင်းရွန်း သည် ဂျီဘီအက်(စ်)၏ ပြည်တွင်းနှင့် ပြည်ပမှာပါ ကြီးထွားလာသော နာမည်ဂုဏ်သတင်းများကြောင့် ၎င်းတို့၏ စက်ပစ္စည်းများကို ဖြန့်ဖြူးရန် ယုံကြည်စွာပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

read more

ရန်ကုန်ဝူလင်း ဒီဇယ်အင်ဂျင် ကုမ္ပဏီလီမိတက်

ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တွင် သံဘီးများ၊ ထွန်စက်များ နှင့် နောက်တွဲယာဉ်များကို အဓိကထုတ်လုပ်သည့် ဌာနတစ်ခုကို ဂွတ်(ဒ်)ဘရားသား(စ်) မှ ဖွဲ့စည်းခဲ့ပါသည်။ ထိုဌာနမှ KD-554 ထွန်စက်များနှင့် Luzhung-354, 554, 704 ထွန်စက်များကိုတင်သွင်း တပ်ဆင်ခဲ့ပါသည်။

read more

ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်

ဂျီဘီအက်(စ်) အနေဖြင့် (၇) နှစ်ကြာ စက်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချပြီးချိန်မှာ ကုန်ပစ္စည်းအမျိုးအစားများကို ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

read more

ပါဝါဝင်းနား ကုမ္ပဏီလီမိတက်

ပါဝါဝင်းနား ကုမ္ပဏီလီမိတက်သည် ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစု ၏ ငယ်ရွယ်သော ကုမ္ပဏီခွဲတစ်ခုဖြစ်သော်လည်း တည်ထောင်ချိန် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ အချိန်တိုအတွင်းမှာ လူသိများအောင်မြင်လာခဲ့ပါသည်။ Platin နှင့် Hyundai Enercell ဘက်ထရီများကဲ့သို့ ထိပ်တန်းအရည်အသွေး ရှိသော ဘက်ထရီများအပြင် Royal Power testဘက်ထရီများနှင့် HRX မော်တော်ဆိုင်ကယ် ဘက်ထရီများ ကိုလည်း မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချီလျက်ရှိသော ပါဝါဝင်းနား ကုမ္ပဏီလီမိတက်သည် မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများအတွက် စွမ်းအင်ထုတ်ကုန်ပစ္စည်းများကိုဖြန့်ဖြူးခြင်းဖြင့် ကျော်ကြားပါသည်။

read more

ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်

ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစုသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အုတ်မြစ်ချတည်ထောင်ထားသော်လည်း မြို့ပြဖွံ့ဖြိုးမှုကဏ္ဍတွင် ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းကို တွေ့ရှိခဲ့ပါသည်။ လူနေမှုဘဝများကို ယခုထက်မြင့်မားလာအောင် ကြိုးပမ်းလျက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့် အညီ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကနေ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို လစ်လျူရှုရန်မှာ မဖြစ်နိုင်သောကြောင့် မိသားစုများ လုံခြုံစွာ နှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်မည့် အိမ်များကို ဆောက်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။

read more

ဂွတ်(ဒ်)ဘရားသား(စ်) မစ်ရှင်နရီ ကုမ္ပဏီလီမိတက်

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်အား စတင်တည်ထောင်ပြီး (၇)နှစ်အကြာ၊ ၁၉၉၈ ခုနှစ်မှာတော့ လယ်ယာသုံးစက်ပစ္စည်းများကို ထုတ်လုပ်သော ပထမဦးဆုံး ပုဂ္ဂလိကပိုင်စက်ရုံဖြစ်သည့် ဂွတ်(ဒ်)ဘရားသား(စ်) မစ်ရှင်နရီ ကုမ္ပဏီလီမိတက်ကို တည်ထောင်နိုင်ခဲ့ပါသည်။

read more