ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်
“ကြီးမားသော အိပ်မက်များ၊ သေးငယ်သော စတင်မှုများ” ဆိုသော စကားသည် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်၏ အကျဉ်းချုပ်ဖွင့်ဆိုမှု ဟုဆိုနိုင်ပါသည်။ တစ်ချိန်က စက်ပစ္စည်းအသေးစားများနှင့် အင်ဂျင်များကို ဖြန့်ဖြူးခဲ့ပြီး ဆယ်စုနှစ် (၃) ခုအကြာ ယနေ့မှာတော့ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်သည် လယ်ယာသုံးစက်ပစ္စည်းများ နှင့် ယာဉ်များကို ဖြန့်ဖြူးရောင်းချလျက် မြန်မာနိုင်ငံတွင်းမှာ ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်ပါသည်။
ပြောင်းလဲလာသော ခေတ်နှင့်အညီ စက်မှုလယ်ယာစနစ်ဟာ မဝေးတော့သော အနာဂါတ်တစ်ခုဖြစ်ပြီး ခေတ်သစ်လယ်ယာစိုက်ပျိုးရေး ရေရှည်တည်တံ့ခိုင်မြဲမှု၏ အဓိကအချက်ပင်ဖြစ်ပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် အနေဖြင့် တောင်သူများ၏ လူလုပ်အားကိုလျှော့ချနိုင်ပြီး အထွက်နှုန်းပိုတိုးစေဖို့ ထိပ်တန်းအဆင့်ရှိသော စက်ပစ္စည်းများကိုသာ ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
နိုင်ငံတစ်ဝှမ်းလုံးရှိ ကုမ္ပဏီ၏ ရုံးခွဲ (၂၇) ခုမှ ရေယာဉ်အင်ဂျင်များ၊ ဂီယာဘောက်(စ်)များ၊ ဆန်စက်များ၊ သီးနှံအခြောက်ခံစက်များ၊ လယ်ယာသုံးယာဉ်များမှ စက်ယန္တရားကြီးများအထိ စုံလင်ကျယ်ပြန့်လှသော စိုက်ပျိုးရေးသုံးစက်ပစ္စည်းများကို ဖြန့်ဖြူးလျက်ရှိပါသည်။