ပါဝါဝင်းနား ကုမ္ပဏီလီမိတက်

Card image cap

ပါဝါဝင်းနား ကုမ္ပဏီလီမိတက်

ပါဝါဝင်းနား ကုမ္ပဏီလီမိတက်သည် ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစု ၏ ငယ်ရွယ်သော ကုမ္ပဏီခွဲတစ်ခုဖြစ်သော်လည်း တည်ထောင်ချိန် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ အချိန်တိုအတွင်းမှာ လူသိများအောင်မြင်လာခဲ့ပါသည်။ Platin နှင့် Hyundai Enercell ဘက်ထရီများကဲ့သို့ ထိပ်တန်းအရည်အသွေး ရှိသော ဘက်ထရီများအပြင် Royal Power ဘက်ထရီများနှင့် HRX မော်တော်ဆိုင်ကယ် ဘက်ထရီများ ကိုလည်း မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချီလျက်ရှိသော ပါဝါဝင်းနား ကုမ္ပဏီလီမိတက်သည် မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများအတွက် စွမ်းအင်ထုတ်ကုန်ပစ္စည်းများကိုဖြန့်ဖြူးခြင်းဖြင့် ကျော်ကြားပါသည်။

သုံးစွဲသူများထံသို့ တိုက်ရိုက်ရောင်းချခြင်းအပြင် ပါဝါဝင်းနား ကုမ္ပဏီလီမိတက်သည် မိသားစုဝင်ကုမ္ပဏီခွဲဖြစ်သည့် ရန်ကုန်ဝူလင်း ကုမ္ပဏီလီမိတက် မှ ထုတ်လုပ်သော စက်ပစ္စည်းများတွင်လည်း အတူပူးပေါင်း၍ ထုတ်လုပ်လျက်ရှိပါသည်။ ဂျီဘီအက်(စ်) ၏ အမြင့်မားဆုံးရည်မှန်းချက်ဖြစ်သည့် အလုံးစုံသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှုပေးသူအဖြစ် ရပ်တည်နိုင်ရန် အားလုံးတက်ညီလက်ညီကြိုးပမ်းရင်း ပါဝါဝင်နာ ကုမ္ပဏီလီမိတက်ဟာ နောက်ဆယ်စုနှစ်များစွာအထိ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် လုပ်ငန်းနယ်ပယ်များစွာအတွက် စွမ်းအင်အရင်းအမြစ်ကို ပေးစွမ်းသွားမည် ဖြစ်ပါသည်။