ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်

Card image cap

ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်

ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစုသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အုတ်မြစ်ချတည်ထောင်ထားသော်လည်း မြို့ပြဖွံ့ဖြိုးမှုကဏ္ဍတွင် ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းကို တွေ့ရှိခဲ့ပါသည်။ လူနေမှုဘဝများကို ယခုထက်မြင့်မားလာအောင် ကြိုးပမ်းလျက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့် အညီ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကနေ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို လစ်လျူရှုရန်မှာ မဖြစ်နိုင်သောကြောင့် မိသားစုများ လုံခြုံစွာ နှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်မည့် အိမ်များကို ဆောက်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။

ဤရည်မှန်းချက်များကို အခြေပြု၍ ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစုမှ ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် ကို ၂၀၀၆ ခုနှစ်တွင် တည်ထောင်ဖြစ်ခဲ့ပါသည်။ ထူးချွန်ကျွမ်းကျင်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဖန်တီးကြံစမှုများဖြင့် အိမ်ယာများ၊ လုံချင်းအိမ်များ၊ တိုက်ခန်းများ၊ လမ်း၊ မြောင်း၊ တံတားများ၊ ကျောင်းများစသည့် စီမံကိန်းများစွာကို အောင်မြင်စွာဆောက်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ပျံလွှားသုံးကောင် ဆောက်လုပ်ရေးသည် ဂိုဒေါင်များ၊ အရောင်းပြခန်းကြီးများကို ဆောက်လုပ်ဖူးသော အတွေ့အကြုံများရှိပြီး နည်းပညာကျွမ်းကျင်မှုတို့ဖြင့် ပြည့်စုံကာ အိမ်တွင်းအလှဆင်ခြင်းနှင့် ပြုပြင်မွမ်းမံဆောက်လုပ်ခြင်းများအတွက်လည်း ဝန်ဆောင်မှုများကို ပြည့်စုံစွာပေးလျက်ရှိပါသည်။