ဂွတ်(ဒ်)ဘရားသား(စ်) မစ်ရှင်နရီ ကုမ္ပဏီလီမိတက်

Card image cap

ဂွတ်(ဒ်)ဘရားသား(စ်) မစ်ရှင်နရီ ကုမ္ပဏီလီမိတက်

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်အား စတင်တည်ထောင်ပြီး (၇)နှစ်အကြာ၊ ၁၉၉၈ ခုနှစ်မှာတော့ လယ်ယာသုံးစက်ပစ္စည်းများကို ထုတ်လုပ်သော ပထမဦးဆုံး ပုဂ္ဂလိကပိုင်စက်ရုံဖြစ်သည့် ဂွတ်(ဒ်)ဘရားသား(စ်) မစ်ရှင်နရီ ကုမ္ပဏီလီမိတက်ကို တည်ထောင်နိုင်ခဲ့ပါသည်။

ယခင်အခြားသော အမှတ်တံဆိပ်စက်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူးခဲ့ရာမှ ကုမ္ပဏီအတွက် ကြီးမားသောခြေလှမ်းသစ်ကို စတင်နိုင်ခဲ့ပါသည်။ ဝယ်ယူသူများထံသို့ ကိုယ်ပိုင်အမှတ်တံဆိပ် စက်ပစ္စည်းများကို ရောင်းချနိုင်ခြင်းကြောင့် ကုမ္ပဏီကို ပိုမိုအောင်မြင်စေခဲ့ပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) သို့မဟုတ် ဂျီဘီအက်(စ်) နာမည်ဟာ တောင်သူဦးကြီးများကြားမှာ ရင်းနှီးလာခဲ့ပြီး မကြာခင်အချိန်အတွင်းမှာပဲ ဂျီဘီအက်(စ်) ဆိုသည့်နာမည်ကို အရည်အသွေးကောင်းခြင်း၊ အားထားရခြင်း၊ ဈေးနှုန်းသင့်တင့်ခြင်းစသည့် အချက်များနှင့် တွဲမြင်လာပါတော့သည်။