ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်

Card image cap

ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်

ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက် (လိုင်စင်အမှတ် ၀၂၄၀/၂၀၁၆) သည် မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးလူမှုအဖွဲ့အစည်းအတွင်းရှိ အခြေခံငွေကြေးလိုအပ်ချက်ကို ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် တွင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန မှ အသိအမှတ်ပြုထားသော ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်သည် ဧရာဝတီတိုင်းတွင် အစပြုခဲ့သော ရုံးချုပ်အပါအဝင် ရုံးခွဲ (၁၀) ခုဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကုမ္ပဏီမှ အဓိကအားဖြင့် တောင်သူဦးကြီးများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို လိုက်လျောညီထွေရှိသော အကြွေးဆပ်စနစ်၊ သေးငယ်သောအတိုးနှုန်းများနှင့် လျှင်မြန်စွာ ထုတ်ချေးလျက်ရှိပါသည်။

GGI အာမခံလုပ်ငန်း၏ အေးဂျင့်လည်း ဖြစ်သည့် ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်သည် တောင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များရဲ့ ဘဝလုံခြုံမှုအတွက် အသက်အာမခံများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို အပြည့်ဝဆုံးဖြည့်ဆည်းပေးနိုင်ရန်အတွက် မိသားစုဝင်ကုမ္ပဏီခွဲများဖြစ်သည့် ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်၊ ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် နှင့် စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် တို့နှင့်ချိတ်ဆက်၍ ဓါတ်မြေဩဇာ သွင်းအားစုများပံ့ပိုးခြင်း၊ ရိတ်သိမ်းဝန်ဆောင်မှုများ၊ စိုက်ပျိုးသီးနှံများကို ဝယ်ယူခြင်းစသည့် ဝန်ဆောင်မှုများကို ပေးနေပါသည်။

အလုံးစုံသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှုပေးသူ ဆိုသော ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု၏ ရည်မှန်းချက်ပန်းတိုင်နှင့် တစ်သားတည်းကျစွာ ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်မှလည်း အဖွဲ့အစည်းကြီး၏ ဂေဟစနစ်အတွင်းမှ ကျရာတာဝန်ကို ထက်သန်စွာ ထမ်းဆောင်လျက်ရှိပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်၏ ရည်မှန်းချက်သည် ကျေးလက်ဒေသမှ တောင်သူများ လုပ်ငန်းပုံမှန် လည်ပတ်နိုင်ရန် လိုက်လျောညီထွေရှိသော ချေးငွေ၊ အာမခံဝန်ဆောင်မှုများနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် နည်းပညာကိရိယာများဖြင့် ဖြည့်ဆည်းအထောက်အကူပြုသွားရန် ဖြစ်ပါသည်။

ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက်သည် စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ ငွေချေးသူ ဦးရေ ၃၄၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးခဲ့ပြီး မြန်မာကျပ်ငွေ သန်း (၃၄၀၀၀) (အမေရိကန်ဒေါ်လာ ၂၀.၇ သန်း) ခန့်ကို ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။

သင့်ရဲ့ စိုက်ပျိုးရေးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အကူအညီလိုနေပါသလား။  ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက် ကနေ သင့်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် စိုက်ပျိုးရေးချေးငွေများဖြင့် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

 

 ချေးငွေလျှောက်ထားလိုလျှင်

      အသက် (၁၈) နှစ်မှ (၆၀) နှစ် ကြားရှိရပါမည်။

      မြန်မာနိုင်ငံအတွင်း သင့်၏အမြဲတမ်းနေရပ်လိပ်စာ ရှိရပါမည်။

      ပုံမှန် ဝင်ငွေ/ငွေကြေးထောက်ပံ့မှုရှိသောသူဖြစ်ရမည်။

      ကိုယ်ပိုင်စီးပွားရှိသူ ဖြစ်ရပါမည်။

      ဒေဝါလီ မခံဖူးသူ ဖြစ်ရပါမည်။

      ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရပါမည်။

 

လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းချက်များ

      ၁။ ချေးငွေလျှောက်ထားရာတွင် အောက်ပါအချက်များ ပါရှိရပါမည်။

               ချေးငွေလျှောက်ထားခြင်း လျှောက်လွှာ

               ပတ်(စ်)ပို့(တ်) ဆိုဒ်ဓာတ်ပုံ (၂) ပုံ

               မှတ်ပုံတင်

               အိမ်ထောင်စုဇယား

               ပုံစံ ၇ (စိုက်ပျိုးရေးလုပ်ရန်ခွင့်ပြုချက်)

      ၂။ လျှောက်လွှာများကို ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက် ၏ ရုံးများ(အောက်တွင်ဖော်ပြထားသောနေရာများ) တွင်ထုတ်ယူနိုင်ပြီး ဖြည့်စွက်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

      ၃။ လျှောက်လွှာများကို စိစစ်ပြီးနောက်တွင် သင့်အိမ် သို့မဟုတ် လုပ်ငန်းတည်နေရာအား မှန်ကန်ကြောင်း အတည်ပြုရန်အတွက် တာဝန်ရှိသူမှ ဆက်သွယ်လာပါမည်။

      ၄။ ရွေးချယ်ခံရသော လျှောက်ထားသူများကိုမေး(လ်) ဖြင့်အကြောင်းကြားသွားမည် ဖြစ်ပါသည်။

      ၅။ ခွင့်ပြုလိုက်သောချေးငွေများကို အောက်တွင်ဖော်ပြထားသော ကျွန်ုပ်တို့၏ ရုံးများတွင် လူကိုယ်တိုင် ထုတ်ယူရပါမည်။  သင့်မှတ်ပုံတင်အား တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါသည်။

      ၆။ ချေးငွေလာရောက်ထုတ်ယူစဉ် ဝန်ထမ်းများမှ ထုတ်ပေးမည့်ပမာဏနှင့် ပြန်ဆပ်ရမည့် ပုံစံကို ရှင်းပြသွားမည် ဖြစ်ပါသည်။

      ၇။ ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက် မှရရှိသော ချေးငွေများကို လျှောက်လွှာတွင်ပါရှိသည့် အကြောင်းအရာအတိုင်း စိုက်ပျိုးရေးနဲ့ ပတ်သက်သော စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုရမည်ဖြစ်ပြီး  အခြားနေရာများတွင် အသုံးပြုခဲ့ပါက ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်ပါသည်။

      ၈။ ချေးငွေများကို ထုတ်ယူသည့်ရက်မှ (၆) လအတွင်း သို့မဟုတ် ရိတ်သိမ်းရာသီ ပြီးဆုံးလျှင် ပြန်ဆပ်ရမည် ဖြစ်ပါသည်။ *ချေးငွေပြန်ဆပ်ခြင်းကို ငွေသားသို့မဟုတ် Wave Money တို့ဖြင့်ဆပ်နိုင်ပါသည်။

      ၉။ ချေးငွေကိုသတ်မှတ်ချိန်အတွင်း ပြန်ဆပ်ရန်ပျက်ကွက်ပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၀.၀၃% ပေးဆောင်ရမည် ဖြစ်ပါသည်။

 

ကျွန်ုပ်တို့၏ရုံးတည်နေရာများ

      ၁။         ကျောင်းကုန်းရုံးခွဲ၊ ကျောင်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်း

      ၂။         ညောင်တုန်းရုံးခွဲ၊ ညောင်တုန်းမြို့နယ်၊  ဧရာ၀တီတိုင်း

      ၃။         ဟင်္သာတရုံးခွဲ၊ ဟင်္သာတမြို့နယ်၊ ဧရာ၀တီတိုင်း

      ၄။         မကွေးရုံးခွဲ၊ မကွေးမြိုနယ်၊ မကွေးတိုင်း

      ၅။         ပခုက္ကူရုံးခွဲ၊ ပခုက္ကူမြို့နယ်၊ မကွေးတိုင်း

      ၆။         အောင်လံရုံးခွဲ၊ အောင်လံမြို့နယ်၊ မကွေးတိုင်း

      ၇။         စလင်းရုံးခွဲ၊ စလင်းမြို့နယ်၊ မကွေးတိုင်း

      ၈။         ရွှေဘိုရုံးခွဲ၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်း

      ၉။         မန္တလေးရုံးခွဲ၊ မန္တလေးမြို့နယ်၊ မန္တလေးတိုင်း

      ၁၀။        ပျဉ်းမနားရုံးခွဲ၊နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်