ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်

Card image cap

ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကိုက်ညီသော ဓါတ်မြေဩဇာ ထုတ်ကုန်များ ထုတ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက် ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။

ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက် နှင့် ရွန်ထျန်းဟွာ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင်ထားသော Shwe Crop Nutrients ကုမ္ပဏီလီမိတက် ၏ လူကြိုက်များသော ထုတ်ကုန်များအပြင် ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက် မှ ထုတ်လုပ်သော ဓါတ်မြေဩဇာများ၊ ပျိုးပင်များ နှင့် မျိုးစေ့များကိုလည်း ရောင်းချလျက်ရှိပါသည်။

ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်၏ စိုက်ပျိုးရေးပညာရှင်များသည် မြေတိုင်းတာခြင်း၊ တောင်သူများနှင့် အနီးကပ်တစ်ဦးချင်း စိုက်ပျိုးရေးအကြံပေးခြင်းများသာမက တောင်သူများ၏ စိုက်ပျိုးရေးအခက်အခဲများကို ဖြေရှင်းဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထိုမှတစ်ဆင့် ဝန်ထမ်းများသည် တောင်သူများ၏ စိုက်ခင်းများ အထွက်တိုးစေဖို့ တိကျပြီး အကုန်အကျနည်းပါးသော နည်းလမ်းများဖြင့် ကူညီပံ့ပိုးလျက်ရှိပါသည်။

တောင်သူတစ်ဦးချင်း၊ လယ်ခင်းတစ်ခုချင်းစီကို တိုးတက်အောင်ဆောင်ရွက်ရင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး တိုးတက်မှုအတွက် အထောက်အကူပြုရန်မှာ ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက် ၏ ပန်းတိုင်ပင်ဖြစ်ပါသည်။

ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်သည် စတင်တည်ထောင်ချိန် ၂၀၁၆ ခုနှစ်မှ ယခုအချိန်အထိ တောင်သူ ၃.၄ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ဓါတ်မြေဩဇာ တန်ချိန် ၂၃၀,၀၀၀ ကျော်ကို ရောင်းချခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသမှ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းများသို့ ဈေးကွက်ချဲ့ထွင်ရန် မကြာခင်အချိန်အတွင်းမှာ ထုတ်ကုန်အသစ်အဖြစ် ပိုးသတ်ဆေးများကိုလည်း မိတ်ဆက်ဖြန့်ဖြူးသွားရန်ရှိပါသည်။ မြန်မာနိုင်ငံ ဓါတ်မြေဩဇာဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကို ၂၀၂၄ ခုနှစ်တွင် ရရှိအောင် လျာထားလျက်ရှိပါသည်။ 

မြန်မာနိုင်ငံ ဓါတ်မြေဩဇာဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကို ၂၀၂၄ ခုနှစ်တွင် ရရှိအောင် လျာထားလျက်ရှိပါသည်။