စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (UAPPT)

Card image cap

စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (UAPPT)

ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစုသည် ၂၀၁၀ ခုနှစ်တွင် စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (UAPPT) ကို ဆားမလောက်ကျေးရွာ၊ ညောင်တုန်းမြို့၊ ဧရာဝတီတိုင်းတွင် တည်ထောင်ခဲ့ပါသည်။UAPPT မှ ဆန်ချောထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်သလို ဥရောပ၊ တရုတ်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့လည်း ဆန်ထွက်ကုန်များ တင်ပို့ရောင်းချလျက်ရှိပါသည်။

UAPPT ဆန်စက်တွင် ဆန်တန်ချိန် (၄၅၀၀) ကိုသိုလှောင်ထားနိုင်ပြီး နေ့စဉ်ဆန်တန်ချိန် (၂၇၀) ကို အခြောက်ခံနိုင်ကာ အရည်အသွေးမြင့်ဆန်ချောတန် (၁၅၀) ကိုထုတ်လုပ်လျက်ရှိပါသည်။ UAPPT မှ နှစ်စဉ် ဆန်တန်ချိန် (၅၀,၀၀၀) ခန့်ကို တင်ပို့လျက်ရှိပါသည်။

၂၀၂၂ ခုနှစ်တွင် အုတ်ဖိုမြို့ နှင့် အိမ်မဲမြို့များတွင် ဆန်စက်များ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး ၂၀၂၄ ခုနှစ် အတွင်းလုပ်ငန်းစတင်လည်ပတ်၍ ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

သိုလှောင်ရန် နေရာ အခက်အခဲရှိနေပါသလား၊ စက်ပစ္စည်း နှင့် နည်းပညာလိုအပ်ချက် ရှိနေပါသလား ဒါမှမဟုတ် ရိတ်သိမ်းပြီး ရောင်းရန် ခက်နေပါသလား။

စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (UAPPT) ဟာ သင့်ရဲ့ အခက်အခဲတွေအတွက် အဖြေပါပဲ။ 

ကုမ္ပဏီ၏ နာမည်အတိုင်း UAPPT မှ သင့်ရဲ့ရိတ်သိမ်းပြီး စပါးများကို ကုန်ချောပစ္စည်းထုတ်လုပ်ခြင်း နှင့် ရောင်းဝယ်ခြင်းများကို ဆောင်ရွက်ပေးနေပါသည်။ ကျွန်ုပ်တို့၏ ဆန်စက်ကြီးတွင် အခြောက်ခံခြင်း၊ အသီးခြွေခြင်း၊ သန့်စင်ခြင်း၊ အမျိုးအစားခွဲခြင်း၊ သိုလှောင်ခြင်း၊ အလေးချိန်ခြင်း နှင့် ကြိတ်ခွဲခြင်းများကို အစမှအဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

စားသုံးရန် ကုန်ချောအဖြစ် ထွက်ရှိလာလျင် ထုပ်ပိုး၍ မြန်မာနိုင်ငံ ပြည်တွင်း၊ပြည်ပ သို့တင်ပို့ရောင်းချပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘင်္ဂလားဒေ့(ရှ်) နိုင်ငံများသို့ အများဆုံးတင်ပို့ရောင်းချခဲ့ပြီး ယခုအခါတွင် ဥရောပဈေးကွက်ကို ဝင်ရောက်ရန်အတွက် ထုတ်ကုန်ဆန်စပါးများ၏ အရည်အသွေးကို မြှင့်တင်ရန် နည်ပညာအသစ်များသို့ UAPPT မှ ပဏာမခြေဦးလှမ်းလျက်ရှိပါသည်။

UAPPT ကို သင်ဘာကြောင့်လိုအပ်တာလဲ။

စပါးရိတ်သိမ်းပြီး အဆင့်ဆင့်ဆောင်ရွက်ရသော ကြားကာလအတွင်း လစ်ဟင်းမှုတစ်ခုခုဖြစ်ခဲ့ပါက ကြီးမားသော ဆုံးရှုံးမှုမျိုး သို့မဟုတ် ဆန်အရည်အသွေး နှင့် အထားခံမှုသက်တမ်းကို ထိခိုက်စေနိုင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများကို အဓိကပေးနေသော အဖွဲ့အစည်းဖြစ်သလို တစ်နှစ်တွင် ဆန်တန်ချိန် ၅၀,၀၀၀ တင်ပို့နေသော ကုမ္ပဏီဖြစ်သည့်အလျောက် တောင်သူများ၏ စိုက်ပျိုးရေးအဆင့်တိုင်းတွင် အဆင်ပြေချောမွေ့မှုရှိစေဖို့ ကျွန်ုပ်တို့တွင် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။

ပြည်တွင်းပြည်ပ၌ရှိသော နည်းပညာများ၊ စိုက်ပျိုးရေးဈေးကွက်အတွင်းမှ အဆက်အသွယ်များနှင့် ပူးပေါင်း၍ ရိတ်သိမ်းကာလအလွန် ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းအောင် ကူညီဆောင်ရွက်ပေးပြီး တောင်သူများ၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော ရလာဒ်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

UAPPT ကို ဘယ်မှာရှာနိုင်သလဲ။

UAPPT ဆန်စက်သည် ဆားမလောက်၊ ညောင်တုန်းမြို့၊ ဧရာဝတီတိုင်းတွင် တည်ရှိပါသည်။ ၂၀၂၄ ခုနှစ် တွင် လုပ်ငန်းစတင်လည်ပတ်ရန် လျာထားသော အုတ်ဖိုမြို့ နှင့် အိမ်မဲမြို့မှ ဆန်စက်အသစ်များကို ၂၀၂၂ ခုနှစ်တွင် စတင်ဆောက်လုပ်သွားမည် ဖြစ်ပါသည်။