ကူဘိုတာ ဂျီဘီအက်(စ်) ကုမ္ပဏီလီမိတက်

Card image cap

ကူဘိုတာ ဂျီဘီအက်(စ်) ကုမ္ပဏီလီမိတက်

ရာစုနှစ်တစ်ခုကျော် ရပ်တည်ပြီးဖြစ်သည့် ကူဘိုတာ အမှတ်တံဆိပ်သည် လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများကို ထုတ်လုပ်သော ဂျပန်အမှတ်တံဆိပ်တစ်ခုအဖြစ်သာမက ကူဘိုတာစက်ပစ္စည်းများ၏ မြင့်မားလှသော စွမ်းဆောင်ရည်နှင့် ယုံကြည်အားထားရမှုကြောင့် တစ်ကမ္ဘာလုံး၏ စိုက်ပျိုးရေးဈေးကွက်တွင် ကောင်းသတင်းမွှေးသော ဂျပန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။

ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစု အနေဖြင့် ကူဘိုတာ စက်ပစ္စည်းများကို ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် လက်အောက်တွင် ယခင်ကတည်းက တင်သွင်းဖြန့်ချီခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ကူဘိုတာ၏ တရားဝင်ဖြန့်ချီသူအဖြစ် ကူဘိုတာ ဂျီဘီအက်(စ်) ကုမ္ပဏီလီမိတက်ကို စတင်တည်ထောင်ခဲ့ပါသည်။

ကူဘိုတာ ဂျီဘီအက်(စ်) တွင် စပါးရိတ်သိမ်းစက်များ၊ စပါးစိုက်စက်များ၊ လေးဘီးထွန်စက်များ နှင့် မြေတူးစက်အသေးစားများ တင်သွင်းရောင်းချလျက်ရှိပါသည်။ ကူဘိုတာ ဂျီဘီအက်(စ်) မှ ကူဘိုတာ စက်ပစ္စည်းများနှင့် အပိုပစ္စည်းများကို ရောင်းချခြင်းအပြင် ပြုပြင်ခြင်းဝန်ဆောင်မှုများကိုပေးလျက်ရှိပြီး စိတ်ပါဝင်စားသော စက်ပိုင်ရှင်များကိုလည်း မိမိတို့၏ စက်များကို ပြုပြင်နည်း၊ ထိန်းသိမ်းနည်းများ သင်ကြားပို့ချပေးနေပါသည်။

အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုပေးခြင်းဖြင့် စိုက်ပျိုးတောင်သူများ၏ စံနှုန်းများကို မြှင့်တင်ရုံသာမက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင်လည်း တောင်သူဦးကြီးများအား ကူညီပံ့ပိုးခြင်းဖြင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတစ်ခုလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်မှန်းပါသည်။

ယနေ့အချိန်တွင် ကူဘိုတာ ဂျီဘီအက်(စ်) သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ဆားမလောက်၊ မြစ်ကြီးနားနှင့် အိမ်မဲ တို့တွင် ရုံးခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရုံးခွဲ (၇) ခုအနက် ရုံးခွဲ (၄) ခုတွင် ကောင်းမွန်သော ရောင်းပြီးဝန်ဆောင်မှုအတွက် ISO 9001:2008 လက်မှတ်များကို ချီးမြှင့်ခြင်းခံထားရပါသည်။ ရွှေဘိုမြို့၊ မုံရွာမြို့ နှင့် ပြည်မြို့ များတွင်လည်း စက်ပြုပြင်ခြင်း ဝန်ဆောင်မှုများသီးသန့် ပေးနိုင်ရန် ရုံးခွဲများကိုဖွင့်လှစ်ထားသလို ဧရာဝတီတိုင်းနှင့် တန့်ဆည်မြို့ များတွင်လည်း စစ်မှန်သော ကူဘိုတာ အပိုပစ္စည်းများကို ရောင်းချပေးလျက်ရှိပါသည်။

ဝေးလံသောဒေသများမှ ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း ကူဘိုတာစက်ပစ္စည်းများကို ကူဘိုတာ ဂျီဘီအက်(စ်) ၏ အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူဘိုတာ ဂျီဘီအက်(စ်) ၏ အေးဂျင့်နှင့် ကိုယ်စားလှယ် (၁၀၀၀) ခန့်ရှိပါသည်။