ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက်

Card image cap

ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက်

ဂျီဘီအက်(စ်) သည် တရုတ်နိုင်ငံမှ ဇူး(မ်)လိုင်းရွန်း ထွန်စက်များကို ၂၀၁၅ ခုနှစ် ကတည်းက ဖြန့်ချီခဲ့သော်လည်း ၂၀၂၀ ခုနှစ်မှသာ ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက် အမည်ဖြင့် ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစု၏ တရားဝင်ကုမ္ပဏီခွဲအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ဆဌမအကြီးဆုံး နှင့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် လယ်ယာသုံးစက်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအဖွဲ့အစည်းကြီးဖြစ်သည့် ဇူး(မ်)လိုင်းရွန်း သည် ဂျီဘီအက်(စ်)၏ ပြည်တွင်းနှင့် ပြည်ပမှာပါ ကြီးထွားလာသော နာမည်ဂုဏ်သတင်းများကြောင့် ၎င်းတို့၏ စက်ပစ္စည်းများကို ဖြန့်ဖြူးရန် ယုံကြည်စွာပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါတွင် ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက်သည် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်းတွင် ဇူး(မ်)လိုင်းရွန်း ထွန်စက်များ၏ စွမ်းဆောင်ရည် နှင့် လုပ်ငန်းဖြစ်ထွန်းမှုများကြောင့် တစ်ဟုန်ထိုး နာမည်ရ လူကြိုက်များလာလျက် ရှိပါသည်။ ဇူး(မ်)လိုင်းရွန်း (မြန်မာ) မှ ဇူး(မ်)လိုင်းရွန်း ထွန်စက်များကို မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးလျက်ရှိပြီး ပစ္စည်းအာမခံ၊ အပိုပစ္စည်း၊ ရောင်းပြီးဝန်ဆောင်မှု၊ ထိန်းသိမ်းခြင်း နှင့် ပြုပြင်ခြင်း ဝန်ဆောင်မှုများကို ပေးနေပါသည်။ ထွန်စက်များအပြင် မကြာမီအချိန်အတွင်း နောက်ဆုံးပေါ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကိရိယာများ၊ ယန္တရားကြီးများနှင့် ယာဉ်များဖြစ်သော  ရွေ့လျားကရိန်းများ၊ တာဝါကရိန်းများ၊ မြေတူးစက်များ၊ မြေထိုးစက်များ၊ ဘိလပ်မြေသယ်ယာဉ်များ နှင့် အခြားသော စက်ပစ္စည်းများစွာကိုပါ ထပ်တိုး၍ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ပါသည်။

နိုင်ငံတကာအဆင့်တွင် အသိအမှတ်ပြုခြင်းခံထားရပြီး ခေတ်အမီဆုံးသော နည်းပညာများကိုအသုံးပြု၍ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ရန်မှာ ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက်၏ ရည်မှန်းချက် ဖြစ်ပါသည်။