Good Brothers' Co., Ltd.

ကျွန်ုပ်တို့၏ အဖွဲ့အစည်းအကြောင်း

၁၉၉၁ ခုနှစ်တွင် မန္တလေးမြို့ရှိ ညီအကို(၅)ဦးတို့မှ ပူးပေါင်းပြီး ယခင်မိသားစုပိုင် လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းကို Good Brothers’ Co., Ltd. အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စု ကတည်းက ယနေ့အချိန်ထိ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်သည် customer များနှင့် stakeholder များအတွက် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုသာ ပေးစွမ်းနိုင်ရန် အဓိကအလေးထားဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံ့တောင်သူများနှင့် ထားရှိသည့် နီးကပ်ရင်းနှီးကာ နှစ်ဦးနှစ်ဘက် အကျိုးရှိသည့် ဆက်ဆံရေးကြောင့် ဂွတ်(ဒ်)ဘရားသား(စ်) ဟာ ပြည်သူများအားလုံးကြားတွင် ထင်ပေါ်ကျော်ကြားသော နာမည်တစ်ခု ဖြစ်လာခဲ့ပါသည်။ GBS ဟာ တောင်သူများနှင့် ကျေးလက်နေ ပြည်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်အလုံးစုံကို ဖြည့်ဆည်းပေးနေသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမှန်ကန်ဆုံး စိုက်ပျိုးရေးရာ ဖြေရှင်းဝန်ဆောင်သူ ဖြစ်ပါသည်။ ဒါဟာ အဖွဲ့အစည်းကြီး၏ ကုမ္ပဏီခွဲ (၁၃) ခု နှင့် တစ်နိုင်ငံလုံးရှိ ရုံးခွဲ (၃၀) ကျော်မှ ဝန်းထမ်း (၁၈၀၀) တို့၏ တစ်ပေါင်းတစ်စည်းတည်း ဆောင်ရွက်မှုကြောင့် အောင်မြင်ခြင်း ဖြစ်ပါသည်။ တီထွင် ဆန်းသစ်ခြင်းကို အားပေးယုံကြည်သည့်အလျောက် ကုမ္ပဏီမှ ပစ္စည်းများ၏ နည်းပညာနှင့် ဝန်ဆောင်မှုများ၏ တိုးတက်မှုအတွက် မရပ်မနား ကြိုးစားလုပ်ဆောင်လျှက် ရှိပါသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ လမ်းကြောင်းတွင် အခရာကျသောနေရာမှ ယုံကြည်အားထားရသော ဈေးကွက်ဦးဆောင်သူအဖြစ် အကျိုးပြု ဆောင်ရွက်သွားနိုင်ရေးဆိုသည့် ကတိအား တစ်စိုက်မတ်မတ်အကောင်အထည်ဖော်လျှက် ရှိပါသည်။

ကုမ္ပဏီ၏ ထုတ်လုပ်မှုမှစတင်၍ ဖြန့်ဖြူးရောင်းချသည်အထိဆက်နွယ်လျှက်ရှိသည့် စီးပွားရေးလုပ်ငန်းပုံစံကြောင့် တောင်သူဦးကြီးများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော၊ အများနှင့်ယှဉ်ပြိုင်နိုင်သော၊ ထိုက်တန်သော ဈေးနှုန်းများကို သတ်မှတ်ရောင်းချနိုင်ခဲ့ပါသည်။ တောင်သူဦးကြီးများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုကူညီခြင်းသည် ကုမ္ပဏီ၏ ရေရှည်ရပ်တည်နိုင်မှုအတွက် အဓိကဏ္ဍတစ်ခုဖြစ်သည်ဟု ခံယူထားပါသည်။