ကျွန်ုပ်တို့၏ မှတ်တိုင်များ

  • ၇ စက်တင်ဘာ ၂၀၂၀

    ယခင်က ဌာနတစ်ခုအဖြစ်ရပ်တည်ခဲ့သော ဂွတ်(ဒ်)ဘရားသာ(စ်) အပိုပစ္စည်းဌာနသည် စိုက်ပျိုးရေးလုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများအထိပါ တို့ချဲ့ဖြန့်ဖြူးလာနိုင်ကာ ဂွတ်(ဒ်)ဘရားသား(စ်) ကုန်မာမာ့(တ်) ကုမ္ပဏီလီမိတက် အဖြစ် သီးခြားတည်ထောင်နိုင်ခဲ့ပါသည်။

  • ၁၀ ဒီဇင်ဘာ ၂၀၁၉

    ဇူး(မ်)လိုင်းရွန်း ထွန်စက်များကို မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရန် ဇူး(မ်)လိုင်းရွန်း (မြန်မာ) ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပါသည်။

  • ၂၄ နိုဝင်ဘာ ၂၀၁၈

    အရည်အသွေးမြင့် Platin ဘက်ထရီ၊ Hyundai Enercell ဘက်ထရီ နှင့် Royal Power ဘက်ထရီများရဲ့ မြန်မာနိုင်ငံတစ်ဦးတည်း ဖြန့်ချီသူအဖြစ် ပါဝါဝင်နာ ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပါသည်။

  • ၆ နိုဝင်ဘာ ၂၀၁၆

    ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ကို ရှယ်ယာဝင် (၂၆၈) ဦးဖြင့် ၂၀၁၅ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး ဂျီဘီအက်(စ်) ၏ တစ်ခုတည်းသော အများပိုင်ကုမ္ပဏီ ဖြစ်ပါသည်။ ASP မှ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက် အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရန် အကျိုးတူလယ်ယာစနစ် ဝန်ဆောင်မှုနှင့် ရိတ်သိမ်းဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။

  • ၁၁ ဇူလိုင် ၂၀၁၆

    ဂွတ်(ဒ်)ဘရားသား(စ်) ဓါတ်မြေဩဇာ ကုမ္ပဏီလီမိတက်သည် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဓါတ်မြေဩဇာများကို ထုတ်လုပ်ဖြန့်ချီလျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

  • ၁၂ အောက်တိုဘာ ၂၀၁၅

    လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုသော လူမှုအဖွဲ့အစည်းများအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ငွေကြေးအထောက်အပံ့ကိုပေးနိုင်ရန် ရည်ရွယ်ကာ ဂွတ်(ဒ်)ဘရားသား(စ်) အသေးစားငွေရေးကြေးရေး ကုမ္ပဏီလီမိတက် ကိုတည်ထောင်ခဲ့ပါသည်။

  • ၁၁ စက်တင်ဘာ ၂၀၁၅

    ဂျပန်နိုင်ငံထုတ် ကူဘိုတာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို တရားဝင်ဖြန့်ချီသူအဖြစ် ကူဘိုတာ ဂျီဘီအက်(စ်) ကုမ္ပဏီလီမိတက် ကိုတည်ထောင်ခဲ့ပါသည်။

  • ၃၀ ဒီဇင်ဘာ ၂၀၁၃

    လယ်ယာသုံးစက်ပစ္စည်းများ နှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို အဓိကထုတ်လုပ်သော ရန်ကုန်ဝူလင်း ဒီဇယ်အင်ဂျင် ကုမ္ပဏီလီမိတက် ကို ဂျီဘီအက်(စ်)မှ ချန်ကျိုးဝူဂျင်းဝူလင်း ဒီဇယ်အင်ဂျင် ကုမ္ပဏီလီမိတက် နှင့် ယူနန်ရှင်းထျန်းလီ မစ်ရှင်နရီ ကုမ္ပဏီလီမိတက် တို့နှင့် ပူးပေါင်းကာ ၂၀၁၆ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။

  • ၂၄ နိုဝင်ဘာ ၂၀၁၀

    စုပေါင်းလယ်ယာ ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ကို ဆန်ချောထုတ်လုပ်ခြင်း၊ နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်းများကို  အဓိကဆောင်ရွက်သော ဆန်စက်လုပ်ငန်းကြီးအဖြစ် တည်ထောင်ခဲ့ပါသည်။

  • ၂၈ မေ ၂၀၁၀

    ဆောက်လုပ်ခြင်း၊ မွမ်းမံ့ခြင်း နှင့် အိမ်တွင်းအလှဆင်ခြင်းများကို ဝန်ဆောင်မှုပေးသည့် ပျံလွှားသုံးကောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပါသည်။

  • ၂၇ ဩဂုတ် ၁၉၉၈

    အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ရေပန့်များကို အဓိကထားဖြန့်ချီသော ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပါသည်။ ကမ္ဘာကျော် ထုတ်ကုန်အမှတ်တံဆိပ်များဖြစ်သည့် မိုင်ဒီယာ နှင့် တိုရှီဘာ တို့ကိုလည်း မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချီလျက်ရှိပါသည်။

  • ၁၇ ဇူလိုင် ၁၉၉၈

    မူလကုမ္ပဏီကိုအခြေပြုကာ မန္တလေးတွင် ထပ်မံတိုးချဲ့လိုက်သော ပထမဦးဆုံးပုဂ္ဂလိကပိုင် လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံဖြစ်သည့် ဂွတ်(ဒ်)ဘရားသား(စ်) မစ်ရှင်နရီ ကုမ္ပဏီလီမိတက် ကို တည်ထောင်ခဲ့ပါသည်။

  • ၂ စက်တင်ဘာ ၁၉၉၁

    မိသားစုအိပ်မက်ကို စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါသည်။ မန္တလေးမှ ညီအစ်ကို (၅) ဦးပူးပေါင်းကာ လယ်ယာလုပ်ငန်းသုံးစက်ပစ္စည်းများကို အဓိကရောင်းချသော ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက် ကို တည်ထောင်ခဲ့ပါသည်။