“GBS နှင့် ခရီးလမ်း” တွင် GBS နှင့်အတူတကွ ကာလရှည်ကြာလက်တွဲကာ ထူးချွန်စွာ တိုးတက်ပြောင်းလဲလာခဲ့သော စံပြပုဂ္ဂိုလ်များကို ဖော်ပြသွားမည် ဖြစ်ပါသည်။
သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်မှုများသည် နောင်လာနောက်သားများအတွက် လေးစားအတုယူစရာအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။
ဒေါ်မီမီကျော်သည် ဂျီဘီအက်(စ်) ကို ၂၀၀၅ ခုနှစ်တွင် အရောင်းဝန်ထမ်းတစ်ဦးအဖြစ် စတင်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ပြီး ငါးနှစ်အကြာ ၂၀၁၀ ခုနှစ်တွင် Branding နှင့် Marketing ဌာန၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် Operation ဌာန၏ အကြီးအကဲအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂျီဘီအက်(စ်) အသေးစားငွေရေးကြေးရေးလုပ်ငန်းသို့ ၂၀၁၆ ခုနှစ်တွင် ကူးပြောင်းခဲ့ပြီး အလုပ်အမှုဆောင် ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ပါသည်။
Read Moreဒေါ်မီမီကျော်သည် ဂျီဘီအက်(စ်) ကို ၂၀၀၅ ခုနှစ်တွင် အရောင်းဝန်ထမ်းတစ်ဦးအဖြစ် စတင်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ပြီး ငါးနှစ်အကြာ ၂၀၁၀ ခုနှစ်တွင် Branding နှင့် Marketing ဌာန၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် Operation ဌာန၏ အကြီးအကဲအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂျီဘီအက်(စ်) အသေးစားငွေရေးကြေးရေးလုပ်ငန်းသို့ ၂၀၁၆ ခုနှစ်တွင် ကူးပြောင်းခဲ့ပြီး အလုပ်အမှုဆောင် ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ပါသည်။
ဒီနေ့မှာတော့ ဒေါ်မီမီကျော်ဟာ ဂျီဘီအက်(စ်)တွင် လုပ်သက် (၁၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဂျီဘီအက်(စ်) နဲ့ ပတ်သက်ပြီး သူမရဲ့အတွေ့အကြုံတွေကို အောက်ပါအတိုင်း မျှဝေပြောကြားပေးခဲ့ပါတယ်။
“ဂျီဘီအက်(စ်) ကိုစရောက်ချိန်ကနေ (၁၅) နှစ်တောင်ကြာခဲ့ပြီဆိုတာ တကယ်ကို အံ့ဩစရာကောင်းပါတယ်။ ဂျီဘီအက်(စ်) မှာ ရှိနေခဲ့တဲ့ နေ့စဉ်နေ့တိုင်းဟာ သင်ခန်းစာအသစ်လိုပါပဲ၊ လေ့လာသင်ယူဖို့၊ တိုးတက်ဖို့ အခွင့်အလမ်းအသစ်တွေဖြစ်ပြီး ကိုယ့်ရဲ့ အသိပညာတွေကို ဝေမျှပေးနိုင်ရုံသာမက ကိုယ်ကိုယ်တိုင်လည်း ကောင်းကျိုးသက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်စေပါတယ်။
ကျွန်မမှတ်မိပါသေးတယ်။ ၂၀၁၁-၂၀၁၂လောက်တုန်းကပေါ့ ကျွန်မ ဈေးကွက်လေ့လာရေးအဖွဲ့မှာ ထမ်းဆောင်စဉ်တုန်းက ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ကြောင်လျှာကုန်းရွာမှာ စာသင်ကျောင်းတစ်ခုဆောက်လုပ်လှူဒါန်းဖို့ အထက်လူကြီးတွေကို တင်ပြခဲ့တယ်။ အထက်လူကြီးတွေက ကျွန်မတင်ပြတဲ့ အစီအစဉ်ကိုလက်ခံလိုက်တဲ့အချိန်မှာ အံ့ဩသွားရုံတင်မဟုတ်ပဲ လက်တွေ့အကောင်အထည်ပေါ်လာတဲ့ အချိန်မှာလည်း အရမ်းဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ်။ ကျေးလက်ဒေသမှာနေထိုင်တဲ့ ကလေးတွေအတွက် ပညာသင်ယူနိုင်တယ်ဆိုတာ တကယ်ကို ဘဝပြောင်းလဲသွားစေနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်ရတာက ဂျီဘီအက်(စ်)ရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်နေရတာကို ကျွန်မဘယ်လောက်တန်ဖိုးထားသလဲဆိုတာပါပဲ။ ကျွန်မတို့ဟာ ဒီတိုင်းအလုပ်လုပ်တယ်ဆိုရုံ လုပ်ခြင်းမဟုတ်ဘဲ တခြားသူတွေရဲ့ဘဝတွေကိုလည်း တိုးတက်ပြောင်းလဲသွားဖို့ ကြိုးစားနေကြတာပါ။
ဟုတ်တာပေါ့။ (၁၅) နှစ်တာကာလအတွင်းမှာ ဘယ်အရာကမှတော့ ရာနှုန်းပြည့် ချောမွေ့တယ်ရယ်လို့မရှိပါဘူး။ ကျွန်မလုပ်သက် (၁၅) နှစ်အတွင်းမှာ အခက်အခဲတွေ အများကြီးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကပ် နဲ့ အခုလတ်တလောဆိုရင်တော့ ကိုဗစ်-၁၉ ပေါ့။ မသေချာ မရေရာမှုတွေက စိုးရိမ်ပူပန်ဖို့ကောင်းတယ်ဆိုပေမယ့်လည်း တစ်ချိန်ထဲမှာ ကြံ့ခိုင်မှုရှိဖို့ကို လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။ အဲ့ဒီလိုအချိန်တွေမှာဆိုရင် ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ပဲ အတူတကွရပ်တည်ပြီး သူတို့ရဲ့ဖေးမမှု၊ ပံ့ပိုးမှုတွေအတွက်လည်း ဝမ်းမြောက်ရပါတယ်။
ဂျီဘီအက်(စ်) ဟာ အလုပ်ခွင်တခုဆိုတာထက် အိမ်လိုမျိုးပါပဲ။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝယ်ယူသုံးစွဲသူတွေဟာ သာမန်လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေဆိုတာထက်ပိုပါတယ်။ သူတို့ဟာ ကျွန်မအတွက် မိသားစုပါပဲ။”
ဂျီဘီအက်(စ်)ရဲ့ ပဲ့ကိုင်ရှင် တည်ထောင်သူများ၊ အမှုဆောင်အရာရှိချုပ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မနဲ့ (၁၅) နှစ်လုံး အတူတကွ ဖြတ်သန်းလာခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဆက်လက်ပြီးတော့လည်း များစွာတိုးတက်ပြီး အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။”
ဒေါ်မီမီကျော်အား ဂျီဘီအက်(စ်) မိသားစု မှ ကျေးဇူးအများကြီးတင်ရှိပါသည်။ ဂျီဘီအက်(စ်) မိသားစုတွင်ရှိသော လုပ်ဖော်ကိုင်ဖက်များ အားလုံးအတွက် ဆက်လက် လင်းလက်နေတဲ့ စံနမူနာကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဦးကျော်စိုး သည် ဂျီဘီအက်(စ်)တွင် ၂၀၁၀ခုနှစ်မှ စတင်၍ အရောင်းဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ၏ ရှယ်ယာဝင် တစ်ဦးဖြစ်လာခဲ့ပါသည်။ ယခုလက်ရှိမှာတော့ KUBOTA GBS နှင့် ASP KUBOTA တို့၏ အမှုဆောင်အရာရှိ အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိပြီး ထိုကုမ္ပဏီခွဲများ၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုတို့ကို အဓိကထား တာဝန်ယူကြီးကြပ်လျှက်ရှိပါသည်။
Read Moreဦးကျော်စိုး သည် ဂျီဘီအက်(စ်)တွင် ၂၀၁၀ခုနှစ်မှ စတင်၍ အရောင်းဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ၏ ရှယ်ယာဝင် တစ်ဦးဖြစ်လာခဲ့ပါသည်။ ယခုလက်ရှိမှာတော့ KUBOTA GBS နှင့် ASP KUBOTA တို့၏ အမှုဆောင်အရာရှိ အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိပြီး ထိုကုမ္ပဏီခွဲများ၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုတို့ကို အဓိကထား တာဝန်ယူကြီးကြပ်လျှက်ရှိပါသည်။
ယနေ့ဟာ ဦးကျော်စိုး၏ ဂျီဘီအက်(စ်)တွင် လုပ်သက် (၁၀)နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ ထို့ကြောင့် ဂျီဘီအက်(စ်) နှင့်ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံတွေကို အောက်ပါအတိုင်းမျှဝေပြောကြားခဲ့ပါသည်။
“ဂျီဘီအက်(စ်) က ကျွန်တော့်ကို ငယ်မွေးခြံပေါက် သဘောမျိုးနဲ့ ပြုစုပျိုးထောင်ခဲ့ပါတယ်။ စစချင်း အလုပ်ဝင်ချိန်မှာ တောက်တိုမယ်ရ အကုန်လုပ်ခဲ့တယ်။ အင်ဂျင်နဲ့စက်ပစ္စည်းတွေကို စိတ်ဝင်စားလို့ အင်ဂျင် Catalogue ကိုတောင် အလွတ်ကျက်ခဲ့ဖူးပါတယ်။ အခုချိန်ထိလဲ အင်ဂျင်တစ်လုံးရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို ကောင်းကောင်းမှတ်မိပါသေးတယ်။ အလုပ်ဝင်တာ (၁) နှစ်ကြာတော့ ဂျီဘီအက်(စ်) ကိုယ်စားပြုအနေနဲ့ ပြည်ပကနေ ဝယ်ယူတာတွေ၊ ကုန်သွယ်ရေး နဲ့ supplier အစည်းအဝေးတွေကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
ကုမ္ပဏီမှာ ဝန်ထမ်းအသစ်ဖြစ်ပေမယ့်လည်း အထက်လူကြီးတွေက ကျွန်တော့်ကို ယုံကြည်ပေးခဲ့ကြတယ်ဆိုတာ တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်တော် အမှားတွေအများကြီးလုပ်ခဲ့ပေမယ့်လည်း လူကြီးတွေက ဒီအမှားတွေကိုပြင်ဆင်ဖို့ အခွင့်အရေးတွေ၊ ဖေးမမှုတွေပေးခဲ့ကြပါတယ်။ သူတို့ကျွန်တော့်အပေါ်မှာ လက်မလျှော့ခဲ့ကြဘူး။ သူတို့ကျွန်တော့်မှာရှိတဲ့ အလားအလာတွေကို မြင်ပြီးတော့ ပြဿနာတွေကို တာဝန်ယူဖြေရှင်းနိုင်တဲ့သူတယောက်ဖြစ်အောင် တွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ခေါင်းဆောင်နေရာကို တာဝန်ယူတဲ့အချိန်မှာလည်း ကျွန်တော့်ဝန်ထမ်းတွေကို အမြဲတမ်းအခွင့်အရေးပေးပြီးတော့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ တိုးတက်လာအောင် ပံ့ပိုးပေးပါတယ်။
(၁၀) နှစ်ကြာပြီးတဲ့နောက် ကျွန်တော်အရိုးသားဆုံးပြောနိုင်တာကတော့ ဂျီဘီအက်(စ်)မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေရတာကို ကျွန်တော်အရမ်းသဘောကျတယ်ဆိုတာပါပဲ။ ကျွန်တော်နဲ့အတူတကွ အလုပ်လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အရောင်းကိုယ်စားလှယ်တွေ၊ အေးဂျင့်တွေအားလုံးဟာ မိသားစုလိုဖြစ်နေပါပြီ။ ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာ ထက်သန်တူညီစွာရှိကြတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းမှာရှိတဲ့ တောင်သူဦးကြီးတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးကို အခုထက်ပိုပြီး အများကြီးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်လိုတဲ့ ဆန္ဒပါပဲ။”
ဂျီဘီအက်(စ်)၏ အိပ်မက်ကို ယုံကြည်စွာဖြင့် အကောင်အထည်ဖော်ရင်း လုပ်ဖော်ကိုင်ဖက်တွေကို စေတနာထားပျိုးထောင်ပေးလျှက်ရှိသည့် ဦးကျော်စိုးအား ဂျီဘီအက်(စ်) မိသားစုမှ လေးစားကျေးဇူးတင်ရပါသည်။ နောက်နှစ်ပေါင်းများစွာတိုင် ဂျီဘီအက်(စ်) တွင်ဆက်လက် လင်းလက်နေသော စံနမူနာကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။