Need Help? Talk To An Expert
(09) 880 441 174

Follow Us:

ရည်မှန်းချက်

မြန်မာ့တောင်သူဦးကြီးများအတွက် အလုံးစုံသော စိုက်ပျိုးရေးရာဖြေရှင်း ဝန်ဆောင်မှုပေးသူဟု ဆိုသည်နှင့် ဂွတ်(ဒ်)ဘရားသား(စ်) ကိုသတိရစေရန်

ပန်းတိုင်

ရှေ့အနာဂါတ်သို့မျှော်မြင်သော၊ ခေတ်မီဆန်းသစ်သော၊ ယုံကြည်အားထားရသော ပြည်တွင်းပြည်ပမှ စိုက်ပျိုးရေးဆိုင်ရာကုမ္ပဏီများနှင့် နီးကပ်စွာပူးပေါင်း၍ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်

စံတန်ဖိုးများ

ကျွန်ုပ်တို့၏ စံတန်ဖိုးများ

ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သည့် ယုံကြည်အားထားရကာ အလုံးစုံသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှုပေးသူ အဖြစ်ရပ်တည်နိုင်ရေး နှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဂျီဘီအက်(စ်) ကုမ္ပဏီများလုပ်ငန်းစု၏ ကုမ္ပဏီခွဲများ တစ်ခုနှင့် တစ်ခု အဆင့်ဆင့်ချိတ်ဆက်၍ ပြောင်းလဲတိုးတက်ရန် လျှောက်လှမ်းလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ များစွာသောကုမ္ပဏီခွဲများမှတစ်ဆင့် ကဏ္ဍပေါင်းစုံ၊ ထောင့်ပေါင်းစုံစေ့အောင် ကြိုးစားကာ ပေးလျက်ရှိသော ဝန်ဆောင်မှုများမှာ

ဂျီဘီအက်(စ်)သည် မြန်မာနိုင်ငံအတွင်းတွင် အရည်အသွေးအကောင်းဆုံး၊ အဆန်းသစ်ဆုံး၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးသုံး ထုတ်ကုန်ပစ္စည်းများကို ဝန်ဆောင်မှုပေးသူအဖြစ်သာမက ဝယ်ယူသုံးစွဲသူများနှင့် တည်ဆောက်ထားသော ဆက်ဆံရေးကိုလည်း လေးနက်စွာ တန်ဖိုးထားကြောင်း ကျွန်ုပ်တို့၏ စံတန်ဖိုးများဖြစ်သည့် အရည်အသွေး၊ သမာဓိ၊ ဝယ်ယူသုံးစွဲသူများနှင့် ဆက်ဆံရေးတို့က ဖော်ညွှန်းပါသည်။

ကျွန်ုပ်တို့နှင့် ဝယ်ယူသုံးစွဲသူများ၏ ကြားမှဆက်ဆံရေးသည် တစ်ကြိမ်တစ်ခါဖြင့် ပြီးဆုံးသွားခြင်း မဟုတ်ပဲ ဆက်ဆံရေးရေရှည်တည်တံ့ခိုင်မြဲစေရန် ရိုးသားစွာ၊ တစ်ဦးတစ်ယောက်ချင်းစီနှင့် နီးကပ်စွာ အတူတကွဆောင်ရွက်ခြင်းဖြင့် ဝယ်ယူသုံးစွဲသူများ၏ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိသော လိုအပ်ချက်များ၊ အခက်အခဲများနှင့် ထိုအခက်အခဲများကို မည်သို့ဖြေရှင်းနိုင်မည်ကို သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

အတူတကွ လေ့လာသင်ယူရင်း၊ အတူတကွ တိုးတက်ဖို့ကြိုးစားရင်း အတူတကွ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။

Let’s Work Together and Explore Opportunities