စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနမှ စီစဥ်ကျင်းပသည့် 1st Myanmar Startup Show ကို ၁၄.၃.၂၀၂၀ ရက်နေ့ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန(MITC) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထုတ်ကုန်များအဖြစ် စားသောက်ကုန်များ၊ ဒီဇိုင်နာအ၀တ်အထည်များ၊ လက်၀တ်ရတနာများ၊ လက်မှုပညာပစ္စည်းများ နှင့် နည်းပညာ၀န်ဆောင်မှုလုပ်ငန်းများလည်း ပါ၀င်ပြသခဲ့ပါသည်။ ယခုပြပွဲမှာ နိုင်ငံတိုးတက်မှုအတွက် အရေးကြီးတဲ့ တက်သစ်စလုပ်ငန်းများကို မြေတောင်မြှောက်ပေးသည့်ပွဲဖြစ်ကာ ပြည်တွင်းမှ နိုင်ငံတကာအဆင့်မီ ထုတ်ကုန်များ၊ အမှတ်တံဆိပ်များ ထုတ်လုပ် ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် Good Brothers’ မှ တစ်တပ်တစ်အားပါ၀င်ကာ 1st Myanmar Startup Show ကို စပွန်ဆာအဖြစ် ဂုဏ်ယူ၀မ်းမြောက်စွာ ပါ၀င်ဆင်နွှဲခဲ့ပါသည်။
MyJobs.com.mm မှ စီစဥ်ပြုလုပ်သည့် အလုပ်အကိုင်ရှာဖွေပွဲကြီးကို မတ်လ (၁၄) ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Good Brothers’ Group ဟာ လုပ်ငန်း (၁၃) ခု ဖြင့် ဖွဲ့စည်းထားသော ကုမွဏီကြီးတစ်ခုဖြစ်သည်နှင့်အညီ လူငယ်များအတွက် အခွင့်အလမ်းနေရာများစွာ ပေးလျက်ရှိပါသည်။ စဥ်ဆက်မပြတ် ကြီးထွားလျက်ရှိသော Good Brothers’ သည် အရည်အချင်းရှိသူများအား အစဥ်အမြဲရှာဖွေခေါ်ယူကာ အနာဂါတ်ခေါင်းဆောင်များ မွေးထုတ်ပေးနေပါသည်။ ယနေ့အချိန်တွင် GBS ဟာ မြန်မာနိုင်ငံ ၏ အမှတ်တံဆိပ်တစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး လူငယ်များရဲ့ အလုပ်လုပ်ရန် စိတ်အ၀င်စားဆုံး ကုမ္ပဏီတစ်ခုအပါအ၀င် ဖြစ်လာခဲ့ပါသည်။
Good Brothers’ Group မှ မတ်လ ၂ ရက် ၂၀၂၀ ခုနှစ်တွင် ကျရောက်သော တောင်သူလယ်သမားနေ့ ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် Online Campaign တစ်ခုပြုလုပ်ခဲ့ပါသည်။ တောင်သူဦးကြီးများ စိုက်ပျိုးထားသော အသီးအနှံ သို့မဟုတ် ထိုအသီးအနှံများဖြင့် ချက်ပြုတ်ထားသောဟင်းလျာများ ပါဝင်သည့်ထမင်းဝိုင်းအား ဓါတ်ပုံရိုက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တောင်သူဦးကြီးများအား ညွှန်းဆိုထားသော ကျေးဇူးတင်စကားနှင့် အတူတွဲတင်၍ ပါ၀င်ရသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ ဤကဲ့သို့ ပါ၀င်မှု တစ်ခုတိုင်းအတွက် ကျေးဇူးရှင်တောင်သူများရဲ့ အနာဂါတ်မျိုးဆက်သစ် ရင်သွေးများအတွက် ကျောင်းအသုံးဆောင်ပစ္စည်းတစ်စုံစာစီ လှူဒါန်းခဲ့ပါသည်။ မကွေးမြို့၊ ချမ်းမြေ့သာယာရွာရှိ အမှတ် (၁၁)၊ အခြေခံပညာမူလတန်းကျောင်း မှ ကလေးငယ် အယောက် ၃၈၀ ကျော် အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများ ကို မတ်လ ၃ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ GBS မိသားစုဝင်များ နှင့် GBS ချစ်သူမိဘပြည်သူများပါဝင်ဖော်ဆောင်ခဲ့သည် ဤကောင်းမှုအား ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးအတွက် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှကြီးမှူးသည့် ပထမဆုံးအကြိမ် “မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀” ကို ဖေဖော်၀ါရီလ ၂၉ ရက် မှ မတ်လ ၄ ရက်နေ့အထိ ကန်တော်ကြီး ဆင်ဖြူကျွန်း ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော် စတင်ကျင်းပသည့် ဖေဖော်၀ါရီလ ၂၉ ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာသန်းမြင့် နှင့် ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓိကတင်ပို့ထုတ်ကုန်များ အဖြစ်ပါ၀င်တဲ့ ဖရဲ နှင့် သခွားမွှေးများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးထုတ်ကုန်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုပွဲတော်ကို ပါ၀င်ရသလို လက်တွေ့စိုက်ပျိုးနေသည့် တောင်သူဦးကြီးများကိုလည်း GBS မှ စစ်မှန်၍ သီးနှံများကို အာဟာရဖြည့်တင်းပေးသော ဓါတ်မြေသြဇာ များဖြင့် အထောက်အကူပြုလျက်ရှိပါသည်။
နေပြည်တော်၊ ပျဉ်မနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းတွင် (၂၈.၁.၂၀၂၀) ရက်နေ့ မှ (၃၀.၁.၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် မျိုးစေ့ပြပွဲ (2020 Seeds Fair) အား မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟန်နရီ ဗန်ထီးယူ မှ တက်ရောက်ဖွင့်လှစ်ကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တင်ပို့ထုတ်ကုန် နှင့် စားသုံးမှု အရည်အသွေးကို ပိုမိုမြင့်မားလာစေလိုသော ရည်ရွယ်ချက်ဖြင့် နည်းပညာ နှင့် အသိပညာ များကို နှီးနှောဖလှယ်သည့်ပွဲကြီးတစ်ခု ဖြစ်ပါသည်။ Good Brothers’ မှ ယခုပြပွဲကြီးတွင် အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်စွမ်းရှိသည့် ဆန်စက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများကို အဓိကပြသခဲ့ပါသည်။
ရန်ကုန်မြို့ တပ်မတော်ခန်းမ တွင် ဇန်နဝါရီလ (၂၅) ရက်နေ့ မှ (၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ ကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၂၀ ကို VSK International Co., Ltd မှ ပါဝင်ပြသခဲ့ပါတယ်။ VSK International မှ ဖြန့်ဖြူးလျက်ရှိသော Brand များ ဖြစ်သည့် Midea, TOSHIBA, TOTAL Tools နှင့် Pinwheel Pump များကို မိတ်ဆက်ရှင်းလင်း ပြသခဲ့ပါသည်။ စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အသက် ၂၂ နှစ်အောက် ထူးချွန်လူငယ်များကို ရွေးချယ်သည့် ပွဲတွင် ပါဝင် အထောက်အကူပြုရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
VSK International Co., Ltd. မှ မိုင်ဒီယာ ရဲ့ အကြီးဆုံးအိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းပွဲတော်ကြီးဖြစ်တဲ့ “တူယှဉ်နွှဲပျော် မိုင်ဒီယာမိသားစုပွဲတော်” ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ မှ (၁၂) ရက်နေ့အထိ Mandalay Yatanar Mall တွင် Midea ချစ်သူမိသားစုများအတွက် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Midea ရဲ့ အစဉ်အလာပွဲတော်ကြီး ကို စောင့်မျှော်နေကြတဲ့ မိဘပြည်သူများအတွက် ပျော်ရွှင်ဖွယ်ရာများ ပြည့်နှက်နေတဲ့ ပွဲတော်ကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ မိုင်ဒီယာ မိသားစုပွဲတော် မှ နှစ်စဉ်နှစ်တိုင်း သင့်ထံ ရောက်ရှိလာမှာ ဖြစ်ပါတယ်။