ဂျီဘီအက်(စ်) အနေဖြင့် (၇) နှစ်ကြာ စက်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချပြီးချိန်မှာ ကုန်ပစ္စည်းအမျိုးအစားများကို ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
အစပိုင်းတွင်ကုမ္ပဏီနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော လယ်ယာစိုက်ပျိုးရေးသုံး ထုတ်ကုန်များကို သာဖြန့်ချီခဲ့ပါသည်။ ဓါတ်ဆီအင်ဂျင်များ၊ ဆေးဖျန်းစက်များ၊ မော်တာများ၊ ပန့်များ၊ မီးစက်များ၊ ကွန်ပရက်ဆာများ စသည်တို့ကို ဖြန့်ဖြူးရောင်းချရင်း တောင်သူဦးကြီးများနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောမိတ်ဖက်အဖြစ်ရပ်တည်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှာတော့ PinWheel အမှတ်တံဆိပ် ရေသန့်ပန့်များကို ဈေးကွက်သို့ သယ်ဆောင်ခဲ့ပြီး ရေသန့်ပန့်ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ပါသည်။
၂၀၀၄ ခုနှစ်မှာတော့ ဗွီအက်စ်)ကေ အင်တာနေရှင်နယ် အနေနဲ့ လုပ်ငန်းပိုမိုချဲ့ထွင်ရန်အတွက် စိုက်ပျိုးရေးနယ်ပယ်ထက်ကျော်လွန်ပြီး ခြေဆန့်ဖို့ စိတ်ပြင်းပြခဲ့ပါသည်။ SANYO အဲကွန်း၊ Haier ရေခဲသေတ္တာတို့နှင့် လက်တွဲလုပ်ဆောင်ပြီး (၂) နှစ်အကြာမှာ ဗွီအက်(စ်)ကေ အင်တာနေရှင်နယ်ဟာ MIDEA အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဖြန့်ချီရန် မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။
လုပ်ငန်းသုံး ကိရိယာများ၊ စွမ်းအင်သုံးကိရိယာများ၊ ပန့်များ၊ ကွန်ပရက်ဆာများ၊ မီးစက်များနှင့် မော်တာများကို တစ်နေရာတည်းမှာစုံလင်စွာ ရရှိနိုင်သည့် TOTAL One Stop Tools Station ကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ မကြာသေးခင်အချိန်က ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ဟာ TOSHIBA ၏ မြန်မာနိုင်ငံတစ်ဦးတည်း တရားဝင်ဖြန့်ချီသူအဖြစ်ခန့်အပ်ခြင်းခံခဲ့ရကာ ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင် အရောင်းပြခန်းများကို ဖွင့်လှစ်ထားလျက်ရှိပါသည်။
ထုတ်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းသာမက ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော တိုင်းတာခြင်း နည်းပညာသိပ္ပံဓါတ်ခွဲခန်း၊ အမျိုးသားတီဘီ ဓါတ်ခွဲဌာန၊ Spring Line Landmark၊ Central Point ကုန်တိုက်၊ Seaview ကွန်ဒို၊ Times City ကုန်တိုက်နှင့် အစိုးရအဆောက်အအုံများစွာတွင် HVAC လေအေးပေးစနစ် စီမံကိန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ထီးဆောင်းမျက်စိဆေးရုံတွင် လေအေးပေးစက်များ၊ ညောင်လှကျေးရွာတွင်လည်း ရေတွင်းပန့်များ နှင့် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် လျှပ်စစ်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။
ဆယ်စုနှစ် (၂) ခု ကြာရပ်တည်ပြီးချိန်မှာတော့ ဂျီဘီအက်(စ်)၏ ကုမ္ပဏီခွဲများထဲမှ အစောဆုံးတည်ရှိခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သလို အအောင်မြင်ဆုံး ကုမ္ပဏီတစ်ခုလည်းဖြစ်သည့် ဗွီအက်(စ်)ကေ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ဟာ မြန်မာနိုင်ငံ၏ လူသုံးကုန်လျှပ်စစ်ပစ္စည်းဈေးကွက်တွင် ဦးဆောင်သူအဖြစ်ရပ်တည်လျက်ရှိပါသည်။ ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများတွင် အရောင်းပြခန်းများကို ဖွင့်လှစ်ထားလျှက်ရှိပြီး ထောင်ပေါင်းများစွာသော ဖြန့်ချီသူများမှတစ်ဆင့်လည်း မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားသို့ ဖြန့်ဖြူးလျက်ရှိပါသည်။
ဗွီအက်(စ်)ကေ အင်တာနေရှင်နယ်သည်လည်း ဂျီဘီအက်(စ်)၏ အိပ်မက်နည်းတူ ပိုမိုကောင်းမွန်သော ဘဝများဖန်တီးနိုင်ရန် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းသော လယ်ယာသုံးစက်ပစ္စည်းများကို ဖြန့်ချီရုံသာမက လူနေမှုဘဝအဆင့်အတန်းပိုမိုမြင့်မားစေရန် အရည်အသွေးမြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဖြန့်ချီသွားမည် ဖြစ်ပါသည်။