Need Help? Talk To An Expert
(09) 880 441 174

Follow Us:

မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀

မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှကြီးမှူးသည့် ပထမဆုံးအကြိမ် “မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀” ကို ဖေဖော်၀ါရီလ ၂၉ ရက် မှ မတ်လ ၄ ရက်နေ့အထိ ကန်တော်ကြီး ဆင်ဖြူကျွန်း ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော် စတင်ကျင်းပသည့် ဖေဖော်၀ါရီလ ၂၉ ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာသန်းမြင့် နှင့် ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓိကတင်ပို့ထုတ်ကုန်များ အဖြစ်ပါ၀င်တဲ့ ဖရဲ နှင့် သခွားမွှေးများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးထုတ်ကုန်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုပွဲတော်ကို ပါ၀င်ရသလို လက်တွေ့စိုက်ပျိုးနေသည့် တောင်သူဦးကြီးများကိုလည်း GBS မှ စစ်မှန်၍ သီးနှံများကို အာဟာရဖြည့်တင်းပေးသော ဓါတ်မြေသြဇာ များဖြင့် အထောက်အကူပြုလျက်ရှိပါသည်။

Facebook
Twitter
LinkedIn