Need Help? Talk To An Expert
(09) 880 441 174

Follow Us:

ကိုဗစ်-၁၉ သတင်း : ဂျီဘီအက်(စ်) မှ စာသုံးသူရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်သူများအတွက် တစ်ခါသုံးမျက်နှာဖုံးများ ဈေးသက်သာစွာဝယ်ယူရရှိနိုင်ရန် တင်သွင်းဖြန့်ဖြူး

ရှေ့တန်းတွင်ဆက်လက်ရှိနေပြီး ဒီအခက်အခဲကာလအတွင်းမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အထောက်အကူဖြစ်စေမည့် ဆောင်ရွက်ချက်များတွင် ပါဝင်လှုပ်ရှားလျက်ရှိပါသည်။

ဤကဲ့သို့ မှောင်မိုက်သောကာလများတွင် ဂျီဘီအက်(စ်) မှ ပြည်သူများအတွက် အများအပြားလိုအပ်နေသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) အသိအမှတ်ပြု တစ်ခါသုံးမျက်နှာဖုံးများကို လူအများ အဆင်ပြေစွာဝယ်ယူနိုင်ရန် ဈေးကွက်တွင်းထက် သက်သာသောနှုန်းထားဖြင့် တင်သွင်းဖြန့်ဖြူးခဲ့ပါသည်။

သေးငယ်သောပါဝင်မှုတစ်ခု ဆိုသော်ငြားလည်း ဂျီဘီအက်(စ်) အနေဖြင့် ဒီပါဝင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်တားဆီးရာမှာ အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ တစ်ခါသုံးမျက်နှာဖုံးများကို လူတိုင်းဝယ်ယူသုံးစွဲနိုင်အောင် ပြုလုပ်ပေးခြင်းအားဖြင့် ၎င်းတို့နှင့် ၎င်းတို့ချစ်ခင်ရသူများကို ကာကွယ်ပေးနိုင်ရုံသာမက ကြင်နာမှု၊ စည်းလုံးမှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာစေမှာလည်း ဖြစ်ပါသည်။

Facebook
Twitter
LinkedIn