GBS နှင့်ဆက်နွယ်ပါဝင် ပတ်သက်သူများ၏ ကျေနပ်မှုကိုဦးစားပေးပြီး အလုံးစုံဝန်ဆောင်မှု ပေးဆောင်ရန်အတွက် ကိုယ်ပိုင်ကော်ပိုရိတ်အာမခံအေဂျင်စီကို တည်ထောင်ထားပါသည်။ Good Brothers’ General Insurance Agent Co., Ltd. ကို 2021 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် အာမခံဝန်ဆောင်မှုများစွာကို ပေးဆောင်ရန် Grand Guardian Tokio Marine General Insurance Co., Ltd နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ GBS အာမခံသည် အနာဂတ်တွင် အခြားသော အာမခံထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ရန် စီစဉ်လျှက်ရှိပါသည်။