Need Help? Talk To An Expert
(09) 880 441 174

Follow Us:

တောင်သူလယ်သမားနေ့ Campaign

Good Brothers’ Group မှ မတ်လ ၂ ရက် ၂၀၂၀ ခုနှစ်တွင် ကျရောက်သော တောင်သူလယ်သမားနေ့ ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် Online Campaign တစ်ခုပြုလုပ်ခဲ့ပါသည်။ တောင်သူဦးကြီးများ စိုက်ပျိုးထားသော အသီးအနှံ သို့မဟုတ် ထိုအသီးအနှံများဖြင့် ချက်ပြုတ်ထားသောဟင်းလျာများ ပါဝင်သည့်ထမင်းဝိုင်းအား ဓါတ်ပုံရိုက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တောင်သူဦးကြီးများအား ညွှန်းဆိုထားသော ကျေးဇူးတင်စကားနှင့် အတူတွဲတင်၍ ပါ၀င်ရသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ ဤကဲ့သို့ ပါ၀င်မှု တစ်ခုတိုင်းအတွက် ကျေးဇူးရှင်တောင်သူများရဲ့ အနာဂါတ်မျိုးဆက်သစ် ရင်သွေးများအတွက် ကျောင်းအသုံးဆောင်ပစ္စည်းတစ်စုံစာစီ လှူဒါန်းခဲ့ပါသည်။ မကွေးမြို့၊ ချမ်းမြေ့သာယာရွာရှိ အမှတ် (၁၁)၊ အခြေခံပညာမူလတန်းကျောင်း မှ ကလေးငယ် အယောက် ၃၈၀ ကျော် အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများ ကို မတ်လ ၃ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ GBS မိသားစုဝင်များ နှင့် GBS ချစ်သူမိဘပြည်သူများပါဝင်ဖော်ဆောင်ခဲ့သည် ဤကောင်းမှုအား ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးအတွက် ရည်ရွယ်ပါသည်။

Facebook
Twitter
LinkedIn