Need Help? Talk To An Expert
(09) 880 441 174

Follow Us:

China Brand Show Expo 2019

ရန်ကုန်မြို့၊ ဦးဝိစာရလမ်း ပေါ်ရှိ တပ်မတော်ခန်းမ တွင် နိုဝင်ဘာလ (၂၂) ရက်နေ့ မှ (၂၄) ရက်နေ့အထိ China Agricultural Materials, Technology, Equipment and Engineering Machinery Brand Show (Myanmar) ကို ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို တရုတ်နိုင်ငံထုတ် လယ်ယာသုံး ကိရိယာ၊ နည်းပညာ၊ စက်ပစ္စည်းများနှင့် စက်မှုပညာ ပြပွဲကြီးတွင် ကျွန်တော်တို့ Good Brothers’ Group of Companies မှ ခေတ်မီ အရည်အသွေးမြင့် လယ်ယာသုံးစက်ပစ္စည်းများစွာ၊ ဆန်စက်၊ ဆီစက်၊ အင်ဂျင်၊ မော်တာ၊ ပန့် နှင့် အခြားလယ်ယာသုံး ဆက်စပ်ပစ္စည်းများစွာကို ပါဝင်ပြသခဲ့ပြီး စိတ်ဝင်စား၍ လာရောက်ကြည့်ရှုဝယ်ယူသူ အထူးများပြားခဲ့ပါသည်။ ယခု ပြပွဲကြီးတွင် GBS မှ ပါဝင်ပြသခြင်း၏ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းများ၊ နည်းပညာများ နှင့် ကိရိယာများ ၏ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍအား တစ်ဖက်တစ်လှမ်းမှ အကျိုးပြုပုံ ကို ထင်သာစွာ သိရှိမြင်တွေ့နိုင်စေရန်ဖြစ်ပြီး Good Brothers’ Group of Companies မှ တရုတ်နိုင်ငံထုတ် အရည်အသွေးအကောင်းဆုံး လယ်ယာသုံးပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။

Facebook
Twitter
LinkedIn