Need Help? Talk To An Expert
(09) 880 441 174

Follow Us:

GoodWe Grand Product Launch 2023 🌟

GBS လုပ်ငန်းစုမှ ကျင်းပပြုလုပ်ခဲ့တဲ့ “GoodWe အမှတ်တံဆိပ် ဆိုလာစွမ်းအင်သုံးကုန်ပစ္စည်းများမိတ်ဆက်ပွဲနှင့် မြန်မာပြည်၏ တရားဝင်ဖြန့်ဖြူးရောင်းချခွင့်ကိုယ်စားလှယ်အဖြစ်ကြေညာခြင်း” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) နေ့တွင် Pan Pacific Hotel မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ဤပွဲမှာ GoodWe အမှတ်တံဆိပ် အိမ်သုံး၊ လုပ်ငန်းသုံးမှ စက်ရုံအလုပ်ရုံအကြီးစားသုံး ဆိုလာအင်ဗာတာများနှင့် ဘတ္တရီများကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ GBS လုပ်ငန်းစုအနေနဲ့  မြန်မာနိုင်ငံအတွက် GoodWe အမှတ်တံဆိပ် ဆိုလာစွမ်းအင်သုံးထုတ်ကုန်များကို တရားဝင်တင်သွင်းဖြန့်ဖြူး‌ရောင်းချခွင့်ရရှိမှုအပေါ် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

 

GoodWe Grand Product Launch 2023 အခမ်းအနားသို့ တက်ရောက်ပေးကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများနှင့်တကွ ဆိုလာနယ်ပယ်မှ တတ်ကျွမ်းပညာရှင်အားလုံးကို အထူးကျေးဇူးတင်အပ်ပါတယ်။ GBS မိသားစုနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြတဲ့ ပုံရိပ်များကို အမှတ်တရအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

အနာဂတ်စွမ်းအင်ကို GBS Solar နဲ့အတူခံစားလိုက်ပါ”

Facebook
Twitter
LinkedIn