ကိုဗစ် - ၁၉ ကာကွယ်ဆေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းထည့်ဝင်လှူဒါန်းခြင်း
Date: 12.01.2021
ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ရိုက်ခတ်မှုသည် မြန်မာနိုင်ငံတွင်လည်း သက်ရောက် မှုကြီးမားပါသည်။ မြန်မာနိုင်ငံတွင် မကြာမီအချိန်တွင် ကာကွယ်ဆေးပေးနိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ ကို ဖွဲ့စည်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို တည်ထောင်၍ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။