လယ်ယာစိုက်ခင်းတစ်ခုကို အောင်မြင်အောင်စိုက်ပျိုးနိုင်ဖို့ဆိုတာ စိုက်ပျိုးတတ်သူတစ်ဦးဖြစ်ရုံနဲ့တင် မလုံလောက်ပါဘူး၊ ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အဖွဲ့ကို လိုအပ်ပါသည်။ သို့ပေမယ့် တောင်သူတိုင်းတွင် ဒီလိုအဖွဲ့ရှိမှာမဟုတ်ဘူး ဆိုသောအသိဖြင့် တောင်သူများ၏ လိုအပ်ချက်အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရန် ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ကိုတည်ထောင်ခဲ့ပါသည်။
ရှယ်ယာဝင် (၂၆၈) ဦးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့၏ ပံ့ပိုးမှုဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်းမှ လုပ်သားအင်အားပြတ်လပ်မှုအခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အဓိကလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး လယ်ယာလုပ်ငန်းများပိုမိုဖြစ်ထွန်းစေရန် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများကို ပေးနေပါသည်။
ကမ္ဘာအနှံ့အပြားတွင် အလိုအလျောက်စိုက်ပျိုးခြင်းစနစ်များ ပေါ်ထွန်းလာသည်နှင့်အညီ ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် သည်လည်း မြန်မာနိုင်ငံကို အဆင့်မြင့်စိုက်ပျိုးရေးနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန် နည်းပညာအသစ်များကို ခြေဆန့်လေ့လာလျက်ရှိပါသည်။
ကုမ္ပဏီအနေဖြင့် ဧရာဝတီတိုင်းနှင့် ပဲခူးအနောက်ခြမ်းတို့တွင် အကျိုးတူလယ်ယာစနစ် ဝန်ဆောင်မှုများကို အောင်မြင်စွာပေးလျက်ရှိပြီး ကုမ္ပဏီ၏ နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ASP Kubota ကိုတည်ထောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ကူဘိုတာ၏ တရားဝင်ဖြန့်ချီသူဖြစ်သော ASP Kubota သည် စစ်တွေ၊ မုံရွာ၊ လားရှိုး နှင့် နောင်ချိုမြို့များတွင် အရောင်းပြခန်းများ ဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် နောက်၅နှစ်အတွင်း နေပြည်တော်မှ တောင်သူဦးကြီးများနှင့် ကြံ့စိုက်ခင်းများကို အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးသွားရန် ကြိုးပမ်းလျက်ရှိပါသည်။ အခြားသော အစီအစဉ်များအနေဖြင့် အုတ်ဖိုမြို့ နှင့် ပဲခူးအနောက်ခြမ်းတွင် ဆန်စက်များ ဆောက်လုပ်ရန်၊ ကလေးမြို့တွင် ASP Kubota အရောင်းပြခန်းအားတိုးချဲ့ဖွင့်လှစ်ရန် နှင့် ပြောင်းကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းများတိုးချဲ့ရန် ရှိပါသည်။
တောင်သူတိုင်းအတွက် ရိတ်သိမ်းရာသီဆိုတာ အရေးကြီးဆုံးနှင့် အလုပ်အရှုပ်ဆုံးအချိန်များ ဖြစ်ပါသည်။ လူအင်အားမလုံလောက်လျင် ကိုယ်ကိုယ်တိုင်ပဲ အားသွန်ခွန်စိုက် လုပ်ကြရခြင်း ဖြစ်ပါသည်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို မထိခိုက်ပဲ ယခုကဲ့သို့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။
အဖြေကတော့ ASP ပါပဲ။
ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ နာမည်အတိုကောက်ဖြစ်သော ASPဟာ တောင်သူဦးကြီးများအတွက် လယ်ယာစိုက်ပျိုးရေး ဝန်ဆောင်မှုတွေဖြစ်တဲ့ ထွန်ယက်မြေပြင်ဆင်မှုမှစပြီး ရိတ်သိမ်းခြင်းနှင့် သိုလှောင်ခြင်းအဆင့်များအထိ ဝန်ဆောင်မှုများကိုပေးလျက်ရှိပါတယ်။
ရရှိနိုင်သော ဝန်ဆောင်မှုများ
• မြေပြင်ဆင်ခြင်း
• မြေပြုပြင်ခြင်း
• အစားထိုးစိုက်ပျိုးခြင်း
• ဓာတ်မြေသြဇာများဝယ်ယူခြင်း (GBC နှင့်ပူးပေါင်း၍)
• စပါးဝယ်ယူခြင်း (UAPPT နှင့် ပူးပေါင်း၍)
• စိုက်ပျိုးချေးငွေ (MFI နှင့်ပူးပေါင်း၍)
• ရိတ်သိမ်းခြင်း
• သိုလှောင်ခြင်း
• ဆန်စပါးထုတ်လုပ်ခြင်း
• နည်းပညာအထောက်အပံ့
• စက်ပစ္စည်းငှားရမ်းခြင်း
အထက်ဖော်ပြပါ ဝန်ဆောင်မှုများကိုရယူရန် သို့မဟုတ် စက်များကိုငှားရမ်းရန် သင့်ဒေသရှိ ဒေသခံအေးဂျင့်များမှတဆင့် အနည်းဆုံး ၂ လ ကြိုတင်၍ ASP အားဆက်သွယ်နိုင်ပါသည်။