Need Help? Talk To An Expert
(01) 3682147, (01) 3682157

Follow Us:

AGRITECHNICA ASIA LIVE 2019

နေပြည်တော်၊ တပ်ကုန်းမြို့တွင် နိုဝင်ဘာလ (၂၉) ရက်နေ့ နှင့် (၃၀) ရက်နေ့များတွင် ကျင်းပခဲ့သည့် AGRITECHNICA ASIA LIVE အမည်ဖြင့် နောက်ဆုံးပေါ် လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများ၊ နည်းပညာများ နှင့် ကိရိယာများကို လက်တွေ့သရုပ်ပြမှုများ အပါအဝင် မြန်မာ့တောင်သူဦးကြီးများအတွက် တစ်စုတစည်းတည်းပြသခဲ့သည့် ပွဲကြီးဖြစ်ပါသည်။ AGRITECHNICA သည်ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင်လည်း ကျင်းပပြုလုပ်လျက်ရှိသော နာမည်ကျော် စိုက်ပျိုးရေးနည်းပညာပြပွဲကြီးဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် Good Brothers’ Group of Companies ၏ ပြခန်းသို့ လာရောက်လေ့လာသူတောင်သူဦးကြီးများကို GBS ၏ ကျွမ်းကျင်ဝန်ထမ်းများက စက်ပစ္စည်းနှင့် နည်းပညာများအား ရှင်းလင်းဝန်ဆောင်မှုပေးကာ စက်ပစ္စည်းများကိုရောင်းချပေးခဲ့ပြီး အသိပညာများလည်း မျှဝေပေးနိုင်ခဲ့ပါသည်။

Facebook
Twitter
LinkedIn

Other Activities