Need Help? Talk To An Expert
(09) 880 441 174

Follow Us:

GBS Dinner & Dance 2019 “Under the Stars”

GBS ဆိုတာ ဝယ်ယူသူများကို ရော ဝန်ထမ်းများကို ပါ တန်ဖိုးထား ဆက်ဆံတဲ့ ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၁၉၀၀ ကျော်ရဲ့ ဒုတိယ အိမ်ကြီးဖြစ်တဲ့ Good Brothers’ Group of Companies ကြီးဟာ သူ့ရဲ့ ဝန်ထမ်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့က ကြယ်တွေရဲ့ အောက်မှာ GBS Dinner & Dance 2019 ကို “Under the Stars” ဆိုတဲ့ နာမည်နဲ့ ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါတယ်။ လှည်းကူးမြို့ GBS ရုံးခွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းက GBS ဝန်ထမ်းများနဲ့ ခေါင်းဆောင်များစွာ ကိုဖိတ်ခေါ်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပရင်း iPhone ၄ လုံး၊ iPad အပါအဝင် တန်ဖိုးကြီး ဆုမဲများစွာကို ကံစမ်းမဲ ၁၄ ဆုထဲမှာ မဲဖောက်ပေးခဲ့ပါတယ်။

ပွဲအခမ်းအနားတွင် Founder ကြီး နှင့် CEO Mr.Jayရဲ့ စိတ်ဓါတ် ခွန်အား ဖြစ်ဖွယ် မိန့်ခွန်းများ၊ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမများရဲ့ သီဆိုဖျော်ဖြေမှုများ၊ ဝန်ထမ်းများအဖွဲ့လိုက် ယှဉ်ပြိုင်ခဲ့တဲ့ ဖက်ရှင်ပြိုင်ပွဲများ၊ DJ ရဲ့ ဖျော်ဖြေမှု၊ အဆိုတော် ရဲရင့်အောင် ရဲ့ ဖျော်ဖြေမှု များနှင့် ပျော်ပွဲရွှင်ပွဲကြီးကို ကြယ်ရောင်စုံရဲ့ အောက်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Facebook
Twitter
LinkedIn