Need Help? Talk To An Expert
(09) 880 441 174

Follow Us:

ကိုဗစ်-၁၉ သတင်း : ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နှင့် နိုင်ငံတော်အစိုးရတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များ ဖြန့်ကျက်ဆောင်ရွက်နေသည့်အလျောက် ဂျီဘီအက်(စ်) အနေဖြင့်လည်း ကျွန်ုပ်တို့အဖွဲ့အစည်းနှင့် ပတ်သက်သူများ၊ ဝယ်ယူသူများ၊ ဝန်ထမ်းများ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ကာကွယ်ဆောင်ရွက်လျက်ရှိပါသည်။

အခြေခံအားဖြင့် တစ်ခါသုံးမျက်နှာဖုံးများ တပ်ဆင်စေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး တိကျသောအကွာအဝေးများတွင်ရှိစေခြင်း၊ လူစုလူဝေးမဖြစ်စေခြင်း စသည့်ဆောင်ရွက်ချက်များကို အဖွဲ့အစည်းတစ်ခုလုံး၏ မည်သည့်ကုမ္ပဏီခွဲ၊ ရုံးခွဲတွင်မဆို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ အခြားသောဆောင်ရွက်ချက်များအနေဖြင့် ကုမ္ပဏီခွဲ၊ ရုံးခွဲများနှင့် အရောင်းပြခန်းများအားလုံးတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစင်များထားရှိခြင်း၊ လက်သန့်ဆေးရည်များထားရှိခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ထားလျက်ရှိပါသည်။

အထက်ပါဆောင်ရွက်ချက်များမှ အချို့လုပ်ဆောင်ချက်များသည် ကျင့်သားရရှိရန် အချိန်လိုအပ်ကြောင်း ဂျီဘီအက်(စ်) မှ နားလည်သိရှိ၍ ထိုကဲ့သို့ ဆက်လက်ထောက်ပံ့ပေးမှသာ မည်သူတဦးတယောက်မျှ မထိခိုက်စေပဲ မိမိတို့အားလုံး၏ လုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

Facebook
Twitter
LinkedIn

Related News