ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်ကို ၁၉၉၁ ခုနှစ်တွင် ညီနောင်ရင်းချာ (၅) ဦးတို့မှ အသေးစား မိသားစုစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် မန္တလေးတွင် စတင်ခဲ့ကြပါသည်။
တစ်ချိန်က လုပ်ငန်းသေးသေးလေးဟာ ယနေ့အချိန်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာစွာအခြေတည်လျက် အစဉ်အမြဲတိုးတက်ရန် ကြိုးစားနေကြသော မြန်မာတောင်သူများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးစက်ပစ္စည်းများကို အဓိကထားရောင်းချခဲ့သော်လည်း ယနေ့အချိန်တွင် ကွဲပြားကျယ်ပြန့်လှသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှု အလုံးစုံကို ပေးစွမ်းနိုင်နေပြီ ဖြစ်ပါသည်။
ယနေ့တွင် ဂျီဘီအက်(စ်)ဟာ နိုင်ငံ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ရှေ့ပြေးဖြစ်ကာ မြန်မာ့တောင်သူများကြားတွင်လည်း လက်စွဲနာမည်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု ကို ကုမ္ပဏီခွဲ (၁၆) ခု၊ ရုံးခွဲပေါင်း (၂၇) ရုံးနှင့် ဝန်ထမ်းဦးရေ (၁၈၀၀) ခန့်တို့ဖြင့် ဖွဲ့စည်းထားပါသည်။
မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြင့်မားသောနည်းပညာများ၊ ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုကာ မရပ်မနား ရှေ့သို့မောင်းနှင်ရန်မှာ ဂျီဘီအက်(စ်) ၏ ခိုင်မာသောသန္တိဌာန် ဖြစ်ပါသည်။
ဘယ်အချိန် ဘယ်နေရာမဆို စိုက်ပျိုးရေးလိုအပ်ချက်များအတွက် GBS ကို ယုံကြည်စိတ်ချစွာအားကိုးနိုင်ပါသည်။
ဂွတ်(ဒ်) ဘရားသား(စ်) မှ တောင်သူဉီးကြီးများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုကူညီခြင်းသည် ကုမ္ပဏီ၏ရေရှည်ရပ်တည်နိုင်မှုအတွက် အဓိက ကဏ္ဍ တစ်ခုဖြစ်သည်ဟု ခံယူထားပါသည်။
စိုက်ပျိုးရေးဆိုတာ အကျိုးအမြတ်ထက်ပိုတဲ့အလုပ်တခုဖြစ်ပြီး နိုင်ငံရဲ့ အသက်သွေးကြောတခုဆိုတာ ကောင်းကောင်းနားလည်ထားပါသည်။
GBS မှတောင်သူများနဲ့ ၂၅နှစ်ကြာသည့်တိုင် လက်တွဲခိုင်မြဲနေခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ရသလို ယခုအချိန်မှာ GBS ဆိုပြီးနာမည်တလုံးနဲ့ စေ◌ျးကွက်ကို ဉီးဆောင်နေနိုင်တဲ့အတွက်လည်း တောင်သူများရဲ့ကျေးဇူးကိုအောက်မေ့အမှတ်ရလျက်ပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်(၃)စု ကစတင်လို့ နိုင်ငံရဲ့အသက်သွေးကြောတခုဖြစ်တဲ့ စားနပ်ရိက္ခာတွေကို လုံလုံလောက်လောက် ဖြန့်ဖြူးနိုင်ဖို့ ကြိုးစားစွမ်းဆောင်နေတဲ့ တောင်သူလယ်သမားညီနောင်တွေနဲ့အတူ လက်တွဲဆောင်ရွက်နေရခြင်းအပေါ် GBS မှအထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။