နှစ်ပေါင်း (၃၀) ကြာ လုပ်ငန်းများခိုင်မာစွာ ရပ်တည်ချိန်အတွင်း ဆန်းသစ်မှုများ၊ လက်တွဲလုပ်ဆောင်မှုများ၊ လုပ်ငန်းချဲ့ထွင်မှုများ စသည့်တိုးတက်ပြောင်းလဲမှုများစွာဟာ ဂျီဘီအက်(စ်) ၏ စိတ်အားထက်သန်မှု နှင့် ရည်မှန်းချက် မြင့်မားမှုများကြောင့်ဆိုတာ သက်သေထူနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ အခြေအနေအတွင်းတွင် ကုမ္ပဏီတံခါးများကို ဆက်လက်ဖွင့်ထားနိုင်ခြင်းဟာ အဖွဲ့အစည်းကြီး၏ စိတ်အားထက်သန်မှုကြောင့် ဖြစ်ပါသည်။
အများ၏ အမြင်တွင် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို စွန့်စားရာရောက်သည်ဟု ဆိုနိုင်သော်ငြားလည်း ဂျီဘီအက်(စ်) ၏ လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ချက်မှာ တွက်ချက်ထားသော စွန့်စားမှု ဖြစ်ပါသည်။ လုပ်ငန်းကြီးကို ရပ်နားထားပြီး လက်ကျန်ငွေကြေးဘဏ္ဍာပေါ်မှီခိုကာ ကပ်ရောဂါကြီး ပြီးသွားသည်အထိ စောင့်ဆိုင်းခြင်းက ရေရှည်တွင် ထိခိုက်မှုပိုမိုကြီးမားသော နောက်ဆက်တွဲများကို မလွဲမသွေကြုံတွေ့ရမည် ဖြစ်ပါသည်။
ဤကာလတွင် ရပ်တည်နိုင်ရန် ဂျီဘီအက်(စ်) နှင့် သုံးစွဲသူများသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်လိုအပ်ပါသည်။ ကူးစက်ကပ်ရောဂါကြောင့် လူနေမှုဘဝတွေအပေါ် အနှောက်အယှက်တွေရှိပေမယ့်လည်း လူသားတွေရဲ့ဘဝကတော့ ဆက်လက်ရှင်သန်နေရမှာဖြစ်သည့် အလျောက် တောင်သူဦးကြီးများအတွက် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များဟာလည်း ပြောင်းလဲခြင်းမရှိ ပုံမှန်အတိုင်း လည်ပတ်နေရမည် ဖြစ်ပါသည်။ ထို့ကြောင့် တောင်သူဦးကြီးများ ယုံကြည်အားထားရသည့် စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော အဖွဲ့အစည်းတစ်ခုအနေဖြင့် တောင်သူဦးကြီးများအား ကူညီပံ့ပိုးပေးရန်မှာ ဂျီဘီအက်(စ်) ၏တာဝန်ဖြစ်ပါသည်။
သို့သော်လည်း ပုံမှန်အတိုင်း စီးပွားရေးလည်ပတ်သည်ဟုဆိုရာတွင် ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏ အန္တရာယ်ကို မျက်ကွယ်ပြုသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ အန္တရာယ်သည် ကြီးမားသည့်အလျောက် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရပ်တန့်နိုင်ရန် ကျွန်ုပ်တို့အားလုံး၏ အခန်းကဏ္ဍကို ကျေပွန်စွာထမ်းဆောင်ရန်မှာလည်း အရေးကြီးပါသည်။
ထို့ကြောင့် ဂျီဘီအက်(စ်) အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) မှထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများအတိုင်း ကျွန်ုပ်တို့၏ ရုံးများနှင့် အရောင်းပြခန်းများတွင် ဘေးကင်းလုံခြုံစေရန် တင်းကြပ်စွာဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဝန်ထမ်းများ၏ မယိမ်းယိုင်သော စိတ်ထားနှင့် ပံ့ပိုးမှုများအတွက်လည်း ဝန်ထမ်းများ အဆင်ပြေစွာ စားသောက်နိုင်ရန်၊ ကျန်းမာစွာရှိရန် စားနပ်ရိက္ခာများ နှင့် ကျန်းမာရေး အစောင့်အရှောက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆိုးရွားလှသောဒီရေကဲ့သို့ လူသားများ၏ဘဝကို အန္တရာယ်ပြုနေသော်ငြား ဂျီဘီအက်(စ်) အနေဖြင့် ဤမုန်တိုင်းကြီးကို ကြံ့ကြံ့ခံပြီး ပိုမိုသန်မာစွာဖြင့် အောင်မြင်မည်ဟု ယုံကြည်ပါသည်။