Need Help? Talk To An Expert
(09) 880 441 174

Follow Us:

Sugar Forum 2019 Nay Pyi Taw

Sugar Forum ၂၀၁၉ ကို နေပြည်တော်ရှိ Horizon Lake View Hotel Resort တွင် စက်တင်ဘာ ၁၀ ရက် နှင့် ၁၁ ရက် များတွင်ကျင်းပခဲ့ပြီး Good Brothers’ Group of Companies မှ ကြံစိုက်ပျိုးရာတွင်လိုအပ်သည့် အသေးစားချေးငွေလုပ်ငန်းဝန်ဆောင်မှု၊ ဓာတ်မြေသြဇာ နှင့် သွင်းအားစုများဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေးစက်ပစ္စည်းများကို ထည့်သွင်းပါဝင်ပြသခဲ့ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ မှလည်း Sugar Forum ၂၀၁၉ အားတက်ရောက်ခဲ့ပြီး ပြခန်းဖြင့်ပြသထားသောလုပ်ငန်းများ၏ ဝန်ဆောင်မှုများကို လေ့လာကြည့်ရှုခဲ့ပြီး နိုင်ငံ့သကြားလုပ်ငန်းတိုးတက်ဖော်ဆောင်နိုင်ရန် အကြံပြုပြောကြားခဲ့ပါသည်။ Good Brothers’ Group of Companies ဟာ မကြာခင်အချိန်တွင် ကြံစိုက်ပျိုးရေးနှင့် သကြားလုပ်ငန်းတွင် ထိရောက်အကျိုးရှိစွာဝန်ဆောင်မှုပေးနိုင်ပြီး မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကို နောက်တစ်ဆင့်မြင့်မားစေရန် ရည်ရွယ်ဖော်ဆောင်လျက်ရှိပါသည်။

Facebook
Twitter
LinkedIn